Monday, September 2, 2013

ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မြကျော်၏ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ရုံး ဖွင့်လှစ်ခြင်း။


(၁/၉/၁၃)နေ့ နံနက် (၈) နာရီတွင် လွှတ်တော်ကိုယ်စားလှယ်ရုံးအား အမှတ်(၁၆၄)၊ရေတွင်းလမ်း၊ကျေးပင်ကြီးရပ်ကွက်၊စစ်တွေမြို့။ ဖုန်း ၀၄၃၂၄၀၄၉ နှင့် ၀၉၅၆၈၀၄၇၉ တွင် ဖွင့်လှစ်ခဲ့ပါသည်။

ယခင်ကဖွင့်လှစ်ခွင့်မရခဲ့သော လွှတ်တော်ကိုယ်စားလှယ်ရုံးသည် ယခုအခါ ပြည်နယ်လွှတ်တော် ဥပဒေ ကိုပြန်လည်ပြင်ဆင်ပြီးပြဋ္ဌါန်းချက်တွင် ရုံးဖွင့်ခွင့်ပါရှိသောကြောင့် ယခုမှဖွင့်လှစ်ရခြင်းဖြစ် ပါသည်။ ယခုကဲ့သို့ လွှတ်တော်ကိုယ်စားလှယ်ရုံးများဖွင့်ခြင်းအား သမ္မတမှ ကန့်ကွက်ခဲ့ပါသည်။ ထိုဥပဒေအား သမ္မတမှ လက်မှတ်ရေးထိုးခြင်းမပြုလုပ်ခဲ့ပါ။ သို့သော်လည်း ပြည်ထောင်စု လွှတ်တော်မှ အတည်ပြုခဲ့သောကြောင့် ဖွင့်ခွင့်ရခြင်းဖြစ်ပါသည်။ လွှတ်တော်ကိုယ်စားလှယ်များထံ ပြည်သူများ၏ တိုင်တန်းစာများအမြောက်အမြားရောက်ရှိမည်ကို စိုးရိမ်သောကြောင့်ခွင့်မပြုခြင်းဟုထင်ပါသည်။

ရခိုင်ပြည်သူများ၏ မကျေနပ်ချက်များ၊ မတရားခံနေရသောကိစ္စများစသည့် ကိစ္စရပ်များကို အချိန်ပြည့် တိုင်ကြား၊ရင်ဖွင့်နိုင်ရန်အတွက် တံခါးဖွင့်လှစ်ထားပါကြောင်း ပြောကြားလိုပါသည်

ဦးအောင်မြကျော်
ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်
စစ်တွေမြို့နယ်မဲဆန္ဒနယ်အမှတ်(၂)

(ဤသတင်းအား RSV မှ ကူးယူဖော်ပြပါသည်။)

No comments: