Monday, September 2, 2013

ကျွဲ၊ နွား ဒုစရိုက်မှောင်ခိုဂိုဏ်အဖွဲ့အား စစ်တွေမြို့နယ် ခရိုင်ဒုစရိုက်နှိမ်နှင်းရေးအဖွဲ့နှင့် အမြင့်ကျွန်း ရဲစခန်းတို့မှ ပူးပေါင်း ဖမ်းဆီးရမိ


ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်ရှိ မင်းချောင်းတံတားတွင် ၃၀.၈.၂၀၁၃ ရက် နံနက် (၁း၀၀)နာရီခန့်တွင် နွား (၄၄)ကောင်နှင့်အတူ ကျွဲ၊ နွား ဒုစရိုက်မှောင်ခိုဂိုဏ်အဖွဲ့သား (၉)ဦးအား စစ်တွေမြို့နယ် ခရိုက်ဒုစရိုက်နှိမ်နှင်းရေးအဖွဲ့နှင့် အမြင့်ကျွန်း ရဲစခန်းတို့မှ ပူးပေါင်း ဖမ်းဆီးရရှိခဲ့သည်ဟု သိရှိရပါသည်။ စစ်တွေမြို့နယ်၊ ပျားလွယ်ချောင်းကျေးရွာမှ ကျွဲ၊ နွား ဒုစရိုက်မှောင်ခိုဂိုဏ်အဖွဲ့ ခေါင်းဆောင်များဖြစ်သည့် ၀င်းနိုင်(ဘ)ဦးစံအေးထွန်း၊ မောင်တင်လှ(ဘ)ဦးသတင်းအောင်၊ မောင်သံအပါအ၀င် အလုပ်သမား (၆)ဦးအား နွား (၄၄)ကောင်ကို လက်ရဖမ်းဆီရှိခဲ့သည်ဟု သိရှိရပါသည်။ ၄င်းနွားများကို အယင်းကလည်း ရခိုင်ပြည်နယ်အနှံမှ ခိုးယူခဲ့ပြီး ဘင်္ဂလီဒုက္ခသည်စခန်းများနှင့် အနောက်ဘက် ဘင်္ဂလားဒေ့ရှ်နိုင်ငံများသို့ ပို့ဆောင်မည်ဟု သိရှိရသည်။ ရခိုင်ပြည်နယ်တွင် ၂၀၁၂ ခုနှစ် အရေးအခင်းပြီးနောက် ကျွဲ၊ နွားခိုးသည့် ဂိုဏ်များပေါ်ပေါက်လာခဲ့ပြီး မကြာခဏဆိုသလို ကျွဲ၊ နွားများ ပျောက်ဆုံးမှုများရှိခဲ့သည်။ ယခုအခါ ကျွဲ၊ နွား ဒုစရိုက်မှောင်ခိုဂိုဏ်အဖွဲ့သား (၉)ဦးအား ကျွဲ၊ နွား မှောင်ခိုဥပဒေဖြင့် စစ်တွေမြို့နယ် တရားရုံးတွင် ချုပ်ရမန်ယူထားပြီး စစ်တွေမြို့နယ် အမြင့်ကျွန်းရဲစခန်းတွင် ချုပ်နှောင်းထားသည်ဟု သိရှိရပါသည်။ ထို့ပြင် ယခု ကျွဲ၊ နွား ဒုစရိုက်မှောင်ခိုဂိုဏ်အဖွဲ့တွင် ကျေးရွာ အုပ်ချုပ်ရေးမှူးများလည်း ပါဝင်မှုများရှိသည်ဟု သိရှိရပါသည်။ စစ်တွေမြို့နယ် ၊ ပျားလွယ်ချောင်းကျေးရွာသည် ဘင်္ဂလီများနှင့် ပူးပေါင်းပြီး ရခိုင်လူထုမှ ဂါမပညာတ်ထားသော်လည်း စားစရာများ၊ ပစ္စည်းများနှင့် တခြားတရားမ၀င်သည့် ပစ္စည်းများကို အဓိက ၀ယ်ပေးနေသည့် ကျေးရွာလည်း ဖြစ်သည်ကို သိရှိရပါသည်။ စစ်တွေမြို့နယ် ခရိုင်ဒုစရိုက်နှိမ်နှင်းရေးအဖွဲ့နှင့်အမြင့်ကျွန်းရဲစခန်းတို့၏လုပ်ဆောင်ချက်များအား ဒေသခံများမှ ကျေးဇူးတင်လျှက်ရှိသည်ဟု သိရှိရပါသည်။
(ဤသတင်းအား RSV မှ ကူးယူဖော်ပြပါသည်)

No comments: