Monday, September 9, 2013

ဂျပန်နိုင်ငံတွင် (၇၄) နှစ်မြောက် ဆရာတော်ဦးဥတ္တမနေ့အခမ်းအနား စတင်ကျင်းပ

ဂျပန်မှ ဦးဥတ္တမနေ့ အခမ်းအနား။
ဂျပန်မှ ဦးဥတ္တမနေ့အခမ်းအနား
၂၀၁၃ ခုနှစ် စက်တင်္ဘာလ ၉ ရက်နေ့တွင် ကျရောက်သော ( ၇၄) နှစ်မြောက် ဆရာတော် ဦးဥတ္တမနေ့ အခမ်းအနားကို ဂျပန်နိုင်ငံ၊ တိုကျိုမြို့ Komakome Bunka Center ၌ ယမန်နေ့ စက်တင်္ဘာလ ၈ ရက်နေ့က ကျင်းပခဲ့သည်။

အခမ်းအနားတွင် သဘာပတိအဖြစ် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ပြည်ပ-ဂျပန်) ဥက္ကဌ ဦးခင်မောင်ထွန်းမှ ဆောင်ရွက်ပြီး၊ အခန်းအနာမှုး အဖြစ် အထွေထွေအတွင်းရေးမှူး ကိုကျော်သန်းလှိုင်နှင့် တွဲဖက်အထွေထွေ
အတွင်းရေးမှူး ကိုခင်မောင်ကျော်မှ ဆောင်ရွက်ခဲ့သည်။

အခမ်းအနားကို ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် အလံတော်ကို အလေးပြုကာဖွင့်လှစ်ခဲ့ပြီး၊ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် (ပြည်ပ-ဂျပန်) အမျိုးသမီးရေးရာမှူး ဒေါ်စောစန္ဒာဖြူမှ ဆရာတော်အား လွမ်းသူပန်းခွေချ ဂါရဝပြု ပူဇော်ခဲ့သည်။

ထို့နောက် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ပြည်ပ-ဂျပန်) ဥက္ကဌ ဦးခင်မောင်ထွန်းမှအခမ်းအနား အဖွင့်အမှာ စကား ပြောကြားခဲ့သည်။

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ပြည်ပ- ဂျပန်) ဒုဥက္ကဌ ဦးပေါ်ထွန်းအောင်မှ ဆရာတော် ဦးဥတ္တမနေ့အခမ်းအနားနှင့်
လက်ရှိ ရခိုင်ပြည်အခြေအနေကို အကျယ်တဝင့် ရှင်းလင်း ပြောကြားခဲ့သည်။

ထို့နောက် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ပြည်ပ- ဂျပန်) နာယက ဦးဇော်မင်းခိုင်နှင့် တက်ရောက်လာသော
ဧည်သည်တော်များက အမှာစကားပြောကြားပြီး အခမ်းအနားကို ညနေ(၉)နာရီတွင် အောင်မြင်စွာ ရုတ်သိမ်းခဲ့သည်။

အခမ်းအနားသို့ ဂျပန်ရောက်ရခိုင်များအပါအဝင် မြန်မာပြည်ဖွားတိုင်းရင်းသား (၄၀)ကျော် တက်ရောက်ခဲ့ပြီး ညနေ(၅)နာရီတွင် စတင်ခဲ့သည်ဟု သိရသည်။ စက်တင်္ဘာလ ၈ ရက်နေ့သည် ရုံးပိတ်ရက်ဖြစ်သဖြင့် ဆရာတော် ဦးဥတ္တမနေ့ကို ကြိုတင် တစ်ရက်စောပြီး ကျင်းပခြင်း ဖြစ်ကြောင်း သိရသည်။
(သတင်းအရင်းအမြစ်-နိရဉ္စရာသတင်းဌာန)

No comments: