Thursday, September 5, 2013

ဘင်္ဂလီများအား အိမ်ဆောက်ပေးခြင်းအား ကန့်ကွက်ဆန္ဒဖော်ထုတ်မှုများအနက် ကျော်တော်ဆန္ဒဖော်ထုတ်မှုတွင် ဦးဆောင်သူ ၄ ဦးကို ထောင်ဒဏ်သုံးလစီချမှတ်


ဘင်္ဂလီများအားအိမ်ဆောက်ပေးခြင်းအားကန့်ကွက်ဆန္ဒဖော်ထုတ်မှုများအနက် ကျော်တော်ဆန္ဒဖော်ထုတ်မှုတွင် ဦးဆောင်သူ၎ဦးကိုယနေ့၊စက်တင်ဘာ၎ရက်နေ့တွင် ထောင်ဒဏ်သုံးလစီအသီးသီးချမှတ်လိုက်ကြောင်းသိရသည်။
ထိုသို့ကန့်ကွက်ဆန္ဒဖော်ထုတ်မှုများအား မတ်လ အတွင်းက ကျောက်တော်၊မြောက်ဦး၊ စစ်တွေ၊ ရသေ့တောင်မြို့များ တွင် ပြုလုပ်ခဲ့ပြီး ဆန္ဒပြခေါင်းဆောင်အချို့ကို သက်ဆိုင်ရာမှ တရားစွဲဆိုခဲ့ကြောင်းလည်းသိရသည်။
ယခုကျောက်တော်တွင် ပြစ်ဒဏ်ချခံရသူများမှာဦးမောင်ဝင်း၊ဦးမောင်သိန်းလှိုင်၊ဒေါ်လှလှမေ နှင့် ဒေါ်တင်တင်အေး တို့ ဖြစ်ကြောင်းသိရသည်။အလားတူ၂၀၁၃မတ်လ(၂၃)ရက်နေ့တွင်ဆန္ဒဖော်ထုတ်ခဲ့သော တောင်ကုတ်မြို့မှ ဦးစိုးဝင်းနှင့် ဦးသန်းလွင်စိုးနှင့် ဦးမင်းထွန်းတို့ကိုလည်း မနက်ဖြန်တွင် စီရင်ချက် ချမှတ်မည်ဖြစ်ပြီး စစ်တွေမြို့တွင် လည်း ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်ထုတ်ခဲ့ရာတွင် ဦးဆောင်ခဲ့သူများဖြစ်သည့် ဒေါ်ညိုအေး၊ ဦးကျော်ဇောဦးတို့ကိုလည်းမနက်ဖြန်တွင်စီရင်ချက်ချမှတ်မည်ဟုသတင်းများထွက်ပေါ်နေကြောင်းသိရသည်။
ယင်းသို့ငြိမ်းချမ်းစွာစီတန်းလှည့်လှည်သည့်အတွက်တရားစွဲဆိုခံထားရသူ၁၉ဦးရှိခဲ့သည့်နက် ကျောက်တော်မြို့မှ အဖွဲ့အား ပထမဦးစွာ ပြစ်ဒဏ်ချမှတ်ခြင်းဖြစ်ကြောင်း၊ ယင်းကိစ္စနှင့်ပတ်သက်ပြီး ကျောက်တော်မြို့တွင် အနည်းငယ် လှုပ်လှုပ်ရွရွဖြစ်ပွားခဲ့သဖြင့် ပြစ်ဒဏ်ချမှတ်ခံထားရသူများကို နေ့ချင်း စစ်တွေသို့ ပို့ဆောင်လိုက်ကြောင်းလည်းသိရသည်။
ရခိုင်ပြည်နယ်အတွင်း စီတန်းလှည့်လည်ဆန္ဒဖော်ထုတ်ခြင်းများပြုလုပ်ရာတွင် တရားစွဲဆိုခံခဲ့ရပြီး တစ်ကိုယ်တော်ဆန္ဒ ပြသူများအားလည်းတရားစွဲဆိုပြစ်ဒဏ်ချမှတ်ခြင်းများရှိခဲ့ကြောင်းသိရသည်။

(ဤသတင်းအား RSV မှ ကူးယူဖော်ပြပါသည်)

No comments: