Thursday, September 5, 2013

တရုတ်မှ လှူဒါန်းသောလုံးချင်း အိမ်များရောက်ရှိမှုသတင်းအဆက်


တရုတ်နိုင်ငံမှ လှူဒါန်းသော ရွှေ့ပြောင်းလို့ရနိုင်သည့်လုံးချင်း အိမ် ၁၅၀ ကို ရခိုင်ပြည်သို့ ကားအစီးပေါင်း များစွာ သယ်ဆောင်လာခဲ့ကြောင်းနှင့် ယင်း အိမ်များအား ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များနှင့်ဆက်သွယ်သည့် လုပ်ငန်း၊ ပညာရေးဆိုင်ရာ လုပ်ငန်းများနှင့်ဆက်နွယ်သည့်လုပ်ငန်းများ တွင်သာ အသုံးပြုသွားမည်ဖြစ်ကြောင်းသိရသည်။
moudular house ဟုအမည်ပေးထားသော နေအိမ်များအား ကား တစ် စီးလျင် အိမ် ၂ လုံးခန့်စာအတွက်သာ သယ်ဆောင်နိုင်သဖြင့် ကား များ စွာဖြင့် သယ်လာခြင်းဖြစ်ကြောင်း၊ အဆိုပါအိမ်များသည် ရွှေ့နိုင်ပြောင်း နိုင်ကြောင်းလည်းသိရသည်။
ဘင်္ဂလီများအတွက် အိမ်ဆောက်လုပ်ပေးရန်အတွက် မဟုတ်ကြောင်း လည်း ပြည်နယ်အစိုးရအဖွဲ့မှသိရသည်။
အလျား ၁၅ပေ၊ အနံ ၂၁ ပေနှင့်အမြင့် ၁၈ ပေရှိသော နေအိမ်အမျိုး အစားဖြစ်ပြီး နှစ်ထပ်အိပ်ဖြစ်ကာ အပူကာပြားများကိုကြားခံထားသည့် အပြင် ကြမ်းခင်းများကိုလည်း တစ်ပါတည်း ထည့်သွင်းထားသဖြင့် အိမ် တစ်ဆောင်စာအား ချွတ်နိုင်၊ဖြုတ်နိုင်၊တပ်နိုင်အောင်ဖန်တီးထား ကြောင်း လည်းသိရှိရပါသည်။

(ဤသတင်းအား RSV မှ ကူးယူဖော်ပြပါသည်)

No comments: