Monday, September 30, 2013

မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးရေး လုပ်ငန်းစဉ်နှင့် ငြိမ်းချမ်းရေး ကိစ္စများ၌ အသုံးပြုရန် ဂျပန်နိုင်ငံမှချေးငွေ အမေရိကန်ဒေါ်လာ ငါးဘီလျံ အပါအ၀င် ငါးလတာ ကာလအတွင်း နိုင်ငံတကာ၏ ကူညီထောက်ပံ့မှုနှင့် ချေးငွေကတိပြုမှု အမေရိကန်ဒေါ်လာ ရှစ်ဘီလျံကျော်ရှိ

P-30-9
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ဂျပန်အထက်လွှတ်တော်အမတ် Ms. Eriko Yamatain တို့ စက်တင်ဘာ ၂၃ ရက်က နေပြည်တော်၌ တွေ့ဆုံပြီး ဂျပန်၏ ODA ချေးငွေသစ်နှင့် ပတ်သက်ပြီး ဆွေးနွေးခဲ့ကြစဉ်
မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးရေး လုပ်ငန်းစဉ်များနှင့် ငြိမ်းချမ်းရေး ကိစ္စများ၌ အသုံးပြုရန်အတွက် ဂျပန်နိုင်ငံမှ ချေးငွေအမေရိကန်ဒေါ်လာ ငါးဘီလျံ အပါအ၀င် ငါးလတာ ကာအတွင်း နိုင်ငံတကာ၏ ကူညီထောက်ပံ့မှုနှင့် ချေးငွေကတိပြုမှု အမေရိကန်ဒေါ်လာ ရှစ်ဘီလျံကျော်ရှိကြောင်း မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို စောင့်ကြည့်လေ့လာနေသော Myanmar Peace Monitor ၏ သုတေသန မှတ်တမ်းများအရ သိရသည်။
၂၀၁၃ ခုနှစ် မေလမှ စက်တင်ဘာလအထိ ရရှိခဲ့သော နိုင်ငံတကာ၏ ထောက်ပံ့မှုနှင့် ချေးငွေကတိပြုမှုများမှာ စက်တင်ဘာလတွင် အများဆုံး ရရှိခဲ့ခြင်း ဖြစ်သည်။
စက်တင်ဘာလ အတွင်း၌ ကူညီထောက်ပံ့မှုနှင့် ချေးငွေကတိပြုမှု အမေရိကန်ဒေါ်လာ ၅၂၂၉ ဒသမ ၈ သန်းကျော် ရရှိခဲ့ကြောင်း၊ အဆိုပါ ကတိပြုမှုများထဲတွင် ဂျပန်နိုင်ငံမှ ပေးအပ်သော ချေးငွေနှင့် အလှူငွေ ထည့်ဝင်မှုမှာ အများဆုံးဖြစ်ကြောင်း သိရသည်။ ထိုအထဲတွင် နှစ်ပေါင်းလေးဆယ် ကာလသက်တမ်းအတွက် အတိုးနှုန်း ၀ ဒသမ ၀၁ ရာခိုင်နှုန်းဖြင့် ဂျပန်နိုင်ငံက ပေးအပ်ခဲ့သော ချေးငွေသစ် (ODA) အမေရိကန်ဒေါ်လာ ငါးဘီလျံလည်း ပါဝင်ခဲ့သည်။
ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များနှင့် ဖွံ့ဖြိုးရေး လုပ်ငန်းများတွင် အသုံးပြုရန် နိုင်ငံတကာ၏ ထောက်ပံ့မှုနှင့် ချေးငွေကတိက၀တ်များကို လစဉ်ရရှိနေပြီး ပြီးခဲ့သည့် သြဂုတ်လမှ စတင်၍ နောက်ပိုင်းလေးလတာ ကာလအတွင်း အမေရိကန်ဒေါ်လာ ၃ ဒသမ ၆ ဘီလျံကျော်၊ ပေါင်ငွေ သန်း ၃၀ ကျော်၊ သြစတြေးလျဒေါ်လာ သန်း ၁၀၀ ကျော်နှင့် ဂျပန်ယန်းငွေ ဘီလျံ ၇၀ ကျော် ရရှိထားပြီးဖြစ် . . . . . .
စက်တင်ဘာလအတွင်း ထည့်ဝင်ခဲ့သည့် အခြားသော အလှူငွေနှင့် ချေးငွေကတိပြုမှုများမှာ ရခိုင်ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများတွင် အသုံးပြုရန်၊ အိန္ဒိယနိုင်ငံမှ ထည့်ဝင်သော အမေရိကန်ဒေါ်လာ ၁ သန်း၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် အသုံးပြုရန် ဆွစ်ဇာလန်နိုင်ငံမှ ထည့်ဝင်သော ဆွစ်ဖရန့် ၃၅ သန်း၊ ကရင်ပြည်နယ်အတွင်း လမ်းပန်းဆက်သွယ်ရေးကဏ္ဍ မြှင့်တင်ရန် အာရှဖွံ့ဖြိုးရေးဘဏ်နှင့် ဂျပန်နိုင်ငံတို့မှ ထည့်ဝင်သော အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ သန်း၊ အခြားသော လမ်းပန်းဆက်သွယ်ရေး ကဏ္ဍတွင် အသုံးပြုရန် အာရှဖွံ့ဖြိုးရေးဘဏ်နှင့် ဂျပန်နိုင်ငံတို့မှ ထည့်ဝင်သော အမေရိကန်ဒေါ်လာ ၁ ဒသမ ၃ သန်း၊ အင်းလေးကန် ထိန်းသိမ်းစောင့်ရှောက်ရေးအတွက် International Centre for Integrated Mountain Development (ICIMD) မှ ထည့်ဝင်သော အမေရိကန်ဒေါ်လာ ငါးသိန်း၊ မြန်မာနိုင်ငံ၏ NCDD (National Community Driven Development) စီမံချက်အတွက် ကမ္ဘာ့ဘဏ်မှ ထည့်ဝင်ငွေ အမေရိကန်ဒေါ်လာ သန်း ၈၀၊ ကလေးစစ်သား လျှော့ချရေး လုပ်ငန်းစဉ်အတွက် အမေရိကန်နိုင်ငံမှ ထည့်ဝင်ငွေ အမေရိကန်ဒေါ်လာ ငါးသန်း၊ ငါးမွေးမြူရေးလုပ်ငန်း သုတေသန ပြုရန်အတွက် နော်ဝေနိုင်ငံမှ ထည့်ဝင်ငွေ အမေရိကန်ဒေါ်လာ ငါးသိန်း၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီးနှင့် မွန်ပြည်နယ်များရှိ လျှပ်စစ်မီး အလုံအလောက် မရရှိသေးသော နေရာများတွင် အသုံးပြုရန် ကမ္ဘာ့ဘဏ်က အတိုးမဲ့ချေးငွေ အမေရိကန်ဒေါ်လာ သန်း ၁၄၀ ပေးအပ်ခဲ့ခြင်းတို့ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံ အနေဖြင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များနှင့် ဖွံ့ဖြိုးရေး လုပ်ငန်းများတွင် အသုံးပြုရန် နိုင်ငံတကာ၏ ထောက်ပံ့မှုနှင့် ချေးငွေကတိက၀တ်များကို လစဉ်ရရှိနေပြီး ပြီးခဲ့သည့် သြဂုတ်လမှ စတင်၍ နောက်ပိုင်းလေးလတာ ကာလအတွင်း အမေရိကန်ဒေါ်လာ ၃ ဒသမ ၆ ဘီလျံကျော်၊ ပေါင်ငွေ သန်း ၃၀ ကျော်၊ သြစတြေးလျဒေါ်လာ သန်း ၁၀၀ ကျော်နှင့် ဂျပန်ယန်းငွေ ဘီလျံ ၇၀ ကျော် ရရှိထားပြီးဖြစ်ကြောင်း MPM ၏ သုတေသန မှတ်တမ်းများက ဆိုသည်။
စက်တင်ဘာလအတွင်း ရရှိခဲ့သော ထောက်ပံ့မှုများနှင့် ချေးငွေကတိပြုမှုများကို ပေါင်းစပ်ပါက ငါးလတာ ကာလအတွင်း နိုင်ငံတကာ၏ ထောက်ပံ့မှုနှင့် ချေးငွေကတိပြုမှုမှာ အမေရိကန်ဒေါ်လာ ရှစ်ဘီလျံကျော်အထိ ရှိလာပြီ ဖြစ်သည်။
ပြီးခဲ့သည့် သြဂုတ်လ အတွင်းက နိုင်ငံတကာ၏ ထောက်ပံ့မှုနှင့် ချေးငွေအမေရိကန်ဒေါ်လာ တစ်ဘီလျံကျော်နှင့် ဂျပန်ယန်းငွေ ဘီလျံ ၂၀ ကျော် ရရှိခဲ့ပါသည်။ ဇူလိုင်လ အတွင်း၌မူ အမေရိကန်ဒေါ်လာ တစ်ဘီလျံကျော်၊ သြစတြေးလျဒေါ်လာ သန်း ၁၀၀ ကျော်နှင့် ပေါင်ငွေ ၂၉ သန်းကျော် ရရှိခဲ့သည်။ ဇွန်လအတွင်းက အမေရိကန်ဒေါ်လာ ၁ ဒသမ ၆ ဘီလျံကျော်နှင့် သြစတြေးလျဒေါ်လာ ၁ ဒသမ ၅ သန်းကျော် ရရှိခဲ့သည်။ မေလအတွင်းက ဂျပန်ယန်းငွေ ၅၁ ဘီလျံနှင့် ပေါင်ငွေ ၄ ဒသမ ၄ ဘီလျံ ရရှိခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံသို့ ထောက်ပံ့မှုနှင့် ချေးငွေကတိပြုမှု ပေးခဲ့သူများထဲတွင် ဂျပန်နိုင်ငံ၊ ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုးရေးဘဏ်၊ အမေရိကန်နိုင်ငံ၊ သြစတြေးလျနိုင်ငံ၊ ပြင်သစ်နိုင်ငံ၊ ဗြိတိန်နိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ တရုတ်နိုင်ငံ၊ နော်ဝေနိုင်ငံ၊ ကနေဒါနိုင်ငံ၊ တောင်ကိုရီးယားနိုင်ငံ၊ ထိုင်းနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ WHO၊ UNHCR နှင့် Global Fund တို့ ပါဝင်ကြောင်း သိရသည်။
ငါးလတာ ကာလအတွင်း နိုင်ငံတကာ၏ ထောက်ပံ့ငွေနှင့် ချေးငွေကတိပြုမှု အမေရိကန်ဒေါ်လာ ရှစ်ဘီလျံကျော် ရှိနေသည်ဟု သုတေသန မှတ်တမ်းများအရ သိရှိရသော်လည်း ထိုကတိပြုမှုများအနက် မည်မျှကို ရရှိထားပြီ ဖြစ်ကြောင်းနှင့် မည်သည့်နေရာများတွင် မည်ကဲ့သို့ သုံးစွဲမည်ဆိုသည့် အချက်ကို အစိုးရဘက်မှ ရှင်းလင်းစွာ သတင်းထုတ်ပြန်ထားခြင်း မရှိသေးကြောင်း သိရသည်။
"ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးရေး လုပ်ငန်းတွေအတွက် နိုင်ငံတကာက ကူညီမှု၊ ချေးငွေဘယ်လောက် ရထားသလဲဆို သေသေချာချာ မသိရဘူး။ အစိုးရ အနေနဲ့ ငြိမ်းချမ်းရေးအတွက်၊ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတကာက ဘယ်လောက်အထိ ရထားပြီလဲဆိုတာ ခွဲခြားပြီး ထုတ်ပြန်ရင်တော့ ပိုကောင်းမယ်။ နိုင်ငံတကာရဲ့ အကူအညီတွေကို ထိထိရောက်ရောက် သုံးရင်တော့ ပြုပြင်ပြောင်းလဲမှုတွေမှာ လျင်လျင်မြန်မြန် ဖြစ်လာနိုင်တယ်။ စနစ်တကျ စီမံခန့်ခွဲမှု မရှိဘူးဆိုရင် ကုန်ဈေးနှုန်း ကြီးမြင့်မှုနဲ့ အခြားအကျိုးဆက်တွေ ဖြစ်လာနိုင်တယ်။ ကျွန်တော်သိသလောက်က နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုက အမေရိကန်ဒေါ်လာ ၄၃ ဘီလျံကျော်လောက် ရှိတယ်။ ဆိုလိုချင်တာက နိုင်ငံခြား ရင်းနှီးမြှပ်နှံမှု များလာတာနဲ့အမျှ ဘယ်လိုလုပ်ဆောင်မလဲဆိုတဲ့ စီမံခန့်ခွဲမှုကို သေသေချာချာ လုပ်ထားရမယ်။ ကူညီထောက်ပံ့မှုနဲ့ ချေးငွေတွေလည်း အတူတူပဲ။ ဒီငွေတွေက ကျပ်ငွေအနေနဲ့ ပြည်တွင်းမှာ ပြန်လည်စီးဆင်းမှာဆိုတော့ စီမံခန့်ခွဲမှုအပိုင်း မကောင်းဘူးဆိုရင် ငွေလဲနှုန်း တည်ငြိမ်အောင် ထိန်းတဲ့အပိုင်းမှာ ပြဿနာ ရှိလာနိုင်သလို ကုန်ဈေးနှုန်း ကြီးမြင့်တာတွေ ကာလတို၊ ကာလရှည် ဖွံ့ဖြိုးတိုးတက်မှု လုပ်ဆောင်တဲ့ အပိုင်းတွေမှာ ထိခိုက်လာမယ်" ဟု စီးပွားရေး ပညာရှင် ဒေါက်တာအောင်ကိုကိုက ပြောကြားသည်။
စက်တင်ဘာလအတွင်း ရရှိခဲ့သော နိုင်ငံတကာ၏ ကူညီထောက်ပံ့မှုနှင့် ချေးငွေကတိပြုမှု (Source: Myanmar Peace Monitor)
စဉ် နိုင်ငံ/အဖွဲ့အစည်း အကြောင်းအရာ ကတိပြုပမာဏ
၁။ အိန္ဒိယ ရခိုင်ဒေသ ဖွံ့ဖြိုးရေး အမေရိကန်ဒေါ်လာ ၁ သန်း
၂။ ဆွစ်ဇာလန် ငြိမ်းချမ်းရေးနှင့် ဖွံ့ ဖြိုးရေးလုပ်ငန်းစဉ် ဆွစ်ဖရန့် ၃၅ သန်း
၃။ အာရှဖွံ့ ဖြိုးရေးဘဏ်နှင့်ဂျပန် ကရင်ပြည်နယ်လမ်းပန်းဆက်သွယ်ရေး အမေရိကန်ဒေါ်လာ ၁ ဒသမ ၅သန်း
၎။ အာရှဖွံ့ ဖြိုးရေးဘဏ်နှင့်ဂျပန် လမ်းပန်းဆက်သွယ်ရေး အမေရိကန်ဒေါ်လာ ၁ ဒသမ ၃ သန်း
၅။ ICIMD အင်းလေးကန်ထိန်းသိမ်းစောင့်ရှောက်ရေး အမေရိကန်ဒေါ်လာ ၅၀၀၀၀၀
၆။ ကမ္ဘာ့ဘဏ် NCDD Project အမေရိကန်ဒေါ်လာ ၈၀ သန်း
၇။ US Fund ကလေးစစ်သားလျှော့ချရေး အမေရိကန်ဒေါ်လာ ၅ သန်း
၈။ NORAD ငါးမွေးမြူရေး သုတေသနစီမံကိန်း အမေရိကန်ဒေါ်လာ ၅၀၀၀၀၀
၉။ ကမ္ဘာ့ဘဏ် မွန်ပြည်နယ်လျှပ်စစ်မီးလင်းရေး(အတိုးမဲ့ချေးငွေ) အမေရိကန်ဒေါ်လာ ၁၄၀ သန်း
၁၀။ ဂျပန် ODA ချေးငွေသစ် အမေရိကန်ဒေါ်လာ ၅ ဘီလျံ

သြဂုတ်လအတွင်း ရရှိခဲ့သော နိုင်ငံတကာ၏ ကူညီထောက်ပံ့မှုနှင့် ချေးငွေကတိပြုမှု (Source: Myanmar Peace Monitor)
စဉ် နိုင်ငံ/အဖွဲ့အစည်း အကြောင်းအရာ ကတိပြုပမာဏ
၁။ ဂျပန်(နီပွန်ဖောင်ဒေးရှင်း) ရခိုင်ပြည်နယ်ကျောင်းများအတွက် အမေရိကန်ဒေါ်လာ ၁၁ သန်း
၂။ ဂျပန်(JICA) ကျေးလက်ဒေသဖွံ့ ဖြိုးရေး အမေရိကန်ဒေါ်လာ ၁၇၀ သန်း
၃။ သြစတြေးလျ(ACIAR/Aus Aid) စိုက်ပျိုးရေးကဏ္ဍအတွက် အမေရိကန်ဒေါ်လာ ၆ သန်း
၎။ ထိုင်း ကရင်နှင့်မွန် ရေဘေးသင့်ပြည်သူများအတွက် အမေရိကန်ဒေါ်လာ ၁၀၀၀၀၀
၅။ တရုတ် ချေးငွေ အမေရိကန်ဒေါ်လာ ၁၀၀ သန်း
၆။ ဂျပန် ဖွံ့ ဖြိုးရေးလုပ်ငန်းအတွက် ဂျပန်ယန်းငွေ ၂၀ ဘီလျံ
၇။ WHO ကျန်းမာရေးစောင့်ရှောက်မှုအတွက် အမေရိကန်ဒေါ်လာ ၂၂ သန်း
၈။ အိန္ဒိယ စီမံချက် ခုနှစ်ခုအတွက် ချေးငွေ အမေရိကန်ဒေါ်လာ ၅၀၀ သန်း
၉။ ကမ္ဘာ့ဘဏ် ချေးငွေ အမေရိကန်ဒေါ်လာ ၂၆၁ ဒသမ ၅၀ သန်း

ဇူလိုင်လအတွင်း ရရှိခဲ့သော နိုင်ငံတကာ၏ ကူညီထောက်ပံ့မှုနှင့် ချေးငွေကတိပြုမှု (Source: Myanmar Peace Monitor)
စဉ် နိုင်ငံ/အဖွဲ့အစည်း အကြောင်းအရာ ကတိပြုပမာဏ
၁။ သြစတြေးလျ ပညာရေးအတွက် သြစတြေးလျဒေါ်လာ ၁၀၀ သန်း
၂။ သြစတြေးလျ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် သြစတြေးလျဒေါ်လာ ၅ သန်း
၃။ သြစတြေးလျ ရခိုင်ပြည်နယ်အတွက် အမေရိကန်ဒေါ်လာ ၃ ဒသမ ၂ သန်း
၎။ ဗြိတိန် ဖွံ့ ဖြိုးရေးအတွက် ပေါင်ငွေ ၂၉ ဒသမ ၁၅ သန်း
၅။ Global Fund HIV/AIDS တားဆီးကာကွယ်ရေး အမေရိကန်ဒေါ်လာ ၁၆၀ သန်း
၆။ ပြင်သစ် ချေးငွေ(အတိုး ၂ ရာခိုင်နှုန်း) အမေရိကန်ဒေါ်လာ ၅၅၀ သန်း

ဇွန်လအတွင်း ရရှိခဲ့သော နိုင်ငံတကာ၏ ကူညီထောက်ပံ့မှုနှင့် ချေးငွေကတိပြုမှု (Source: Myanmar Peace Monitor)
စဉ် နိုင်ငံ/အဖွဲ့အစည်း အကြောင်းအရာ ကတိပြုပမာဏ
၁။ သြစတြေးလျ ရခိုင်ပြည်နယ်အတွက် အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ သန်း
၂။ ကနေဒါ NGO များ ဒုက္ခသည်များအတွက် အမေရိကန်ဒေါ်လာ ၄ ဒသမ ၂ သန်း
၃။ နီပွန်ဖောင်ဒေးရှင်း နယ်စပ်ဒေသဖွံ့ ဖြိုးတိုးတက်ရေး အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ သန်း
၎။ UNHCR ဒုက္ခသည်များအတွက် အမေရိကန်ဒေါ်လာ ၉ သန်း
၎။ တောင်ကိုရီးယား ချေးငွေ အမေရိကန်ဒေါ်လာ ၅၀၀ သန်း
၅။ အိန္ဒိ.ယ ကျန်းမာရေးကဏ္ဍအတွက် အမေရိကန်ဒေါ်လာ ၂၅ သန်း
၆။ အင်ဒိုနီးရှား ကျောင်းများအတွက် အမေရိကန်ဒေါ်လာ ၁ သန်း
၇။ US AID အဝေးပြေးလမ်းအတွက် အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ သန်း
၈။ ဂျပန် ချေးငွေ အမေရိကန်ဒေါ်လာ ၉၄၀ သန်း
၉။ အမေရိကန် နှစ်နှစ်တာကူညီမှုအတွက် အမေရိကန်ဒေါ်လာ ၁၇၀ သန်း

မေလအတွင်း ရရှိခဲ့သော နိုင်ငံတကာ၏ ကူညီထောက်ပံ့မှုနှင့် ချေးငွေကတိပြုမှု (Source: Myanmar
Peace Monitor)

စဉ် နိုင်ငံ/အဖွဲ့အစည်း အကြောင်းအရာ ကတိပြုပမာဏ
၁။ ဗြိတိန် ရခိုင်ဒေသအတွက် ပေါင်ငွေ ၄ ဒသမ ၄ သန်း
၂။ ဂျပန် စီးပွားရေးကဏ္ဍအတွက် ယန်းငွေ ၅၁ ဒသမ ၀၅ ဘီလျံ         

No comments: