Wednesday, October 23, 2013

ရခိုင်ပြည်နယ် Technical team မှ ပြည်နယ် အဆင့်တာဝန်ရှိသူများနှင့် ALP ကျောက်တော်ဆက်ဆံရေးရုံး တာဝန်ခံတို့တွေ့ဆုံခြင်း

ရခိုင်ပြည်နယ်ငြိမ်းချမ်းရေးဖေါ်ဆောင်ရေးအဖွဲ့နှင့် ALP တို့သည် ၂၀၁၁ ခုနှစ် ဧပြီလ (၆)လနေ့က ပြည်နယ်အဆင့် ငြိမ်းချမ်းရေးသဘောတူစာချုပ်ကို စစ်တွေဟိုတယ်တွင် ချုပ်ဆိုခဲ့ကြပြီးဖြစ်ပါသည်။ ALP ၏ဆက်ဆံရေးရုံးကို ကျောက်တော်မြို့တွင်ဖွင့်လှစ် ထားပါသည်။

ရခိုင်ပြည်နယ်အတွင်း ငြိမ်းချမ်းရေးဖေါ်ဆောင်မှုတွင် ငြိမ်းချမ်းရေးရယူပြီးသော အဖွဲ့များနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ရန် အဖွဲ့ကို ရခိုင်ပြည်နယ်အစိုးရက ဖွဲ့စည်းထားရာ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီးထိန်လင်းက အဖွဲ့ခေါင်းဆောင်ဖြစ်ပြီး ဒု-ခေါင်းဆောင်များအဖြစ် တိုင်းရင်းသားရေးရာဝန်ကြီးနှင့် ပြည်နယ်ဥပဒေချုပ်တို့ပါဝင်ကြပါ သည်။

ယနေ့ နံနက်(၁၀း၃၀)တွင် ပြည်နယ်အစိုးရအဖွဲ့ရုံး၌ Technical team မှ ခေါင်းဆောင် ပြည်နယ်ဝန်ကြီး၊ ဗိုလ်မှူးကြိးထိန်းလင်း၊ ဒု-ခေါင်းဆောင်ပြည်နယ်ဥပဒေချုပ် ဦးလှသိန်း၊ အဖွဲ့ဝင်ရဲမှူးကြီးနေမျိုးနှင့် ALP ကျောက်တော်ဆက်ဆံရေးရုံးမှ တာဝန်ခံ ဒုဗိုလ်မှူးကြီးအဆင့်ရှိ ခိုင်ဖုန်းမြင့်ဇော်၊ ဗိုလ်ကြီး ခိုင်စိုးပိုင်တို့တွေ့ဆုံပြီး၊ ပြည်သူလူထုအကျိုး အတွက် ငြိမ်းချမ်းစွာ ပူးတွဲဆောင်ရွက်နိုင်သည့်ကိစ္စရပ်များ၊ နိုင်ငံတော်၏ရှေ့ဆောင်ရွက်ရန် အစီအစဉ်တို့ကို ဆွေးနွေးခဲ့ကြပါသည်။

ငြိမ်းချမ်းရေးယူထားသည့် ALP အနေဖြင့် လိုအပ်ချက်များရှိပါက Technical team နှင့် ဆက်သွယ်ရန် လမ်းဖွင့်ထားပါကြောင်း၊ နိုင်ငံတော်၏ဥသပဒေပြဋ္ဌာန်းချက်များကိုလည်း ပြည်သူတစ်ဦးအနေဖြင့် လိုက်နာရန် တာဝန်ရှိကြောင်း ALP က ပြည်သူအကျိုးပြုကိစ္စများတွင် ဥပဒေဘောင်အတွင်းက ပူးပေါင်းဆောင်ရွက်ရန် မျှော်မှန်းထားချက်များကို ပွင့်လင်းရင်းနှီးစွာ ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
(သတင်းအရင်းအမြစ်- သာစွဌာနေ ရခိုင်ပြေ Facebook၊ ဓာတ်ပုံ- အင်တာနက်)

No comments: