Monday, December 30, 2013

ရန်ကုန်ဆေးရုံကြီးတွင် တင်ထားရသော ဆရာဦးကျော်ထွန်းအောင် သတိမရ ဖြစ်နေ

U-Kyaw-Tun-Aung
ရခိုင်သမိုင်းသုတေသီ ရှေးဟောင်း သုတေသန ဌာန လက်ထောက် ညွှန်ကြားရေးမှူးဟောင်း ဆရာ ဦးကျော်ထွန်းအောင်သည် ကျန်းမာရေး အခြေအနေ အထူးဆိုးရွားနေပြီး ယခုအခါ ရန်ကုန် ပြည်သူ့ ဆေးရုံကြီးတွင် သတိမရဘဲ ဖြစ်နေသည်ဟု သိရသည်။
ရခိုင်-မြန်မာ ပဏ္ဍတိတ် ဆရာကြီး ဦးသာထွန်း၏ သားကြီး ဖြစ်သူ ဆရာဦးကျော်ထွန်းအောင်အား နှလုံးရောဂါကြောင့် ရန်ကုန်ပြည်သူ့ ဆေးရုံကြီးကို တင်ခဲ့ရပြီး ယခုအခါ သတိမရဘဲ ဖြစ်နေကြောင်း ဆရာ၏ ဇနီးဖြစ်သူက ပြောသည်။
“ အခုထိ သတိမရသေးဘူး။ ဆရာ အခြေအနေက စိုးရိမ်ရတယ်။ ကျွန်မကတော့ ရမှ ရပါ့မလားလို့ ထင်မိပါတယ်” ဟု ဆိုသည်။
ဆရာဦးကျော်ထွန်းအောင်တွင် နှလုံးရောဂါ အခံရှိပြီး ရုတ်တရက် နှလုံးထိခိုက်ခဲ့ပြီး ယင်းနောက်ပိုင်း ဥဏှောက်ကိုပါ ထပ်မံ ထိခိုက်သွားခဲ့သည်ဟု ယင်းက ဆိုသည်။
ဆရာအား ဆေးရုံတင်ထားရသည်မှာ (၇) ရက်ခန့်ရှိနေပြီ ဖြစ်ကြောင်း။ အခြေအနေမှာ အထူးဆိုးရွားနေသဖြင့် မိသားစုများက အထူး စိုးရိမ် ပူပန်နေကြကြောင်း  သတင်း ရရှိသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

No comments: