Tuesday, December 24, 2013

ရခိုင်ပင်လယ်ပြင် လုံခြုံရေး ရသေ့တောင်-အငူမော်ကို မြို့တည်မည်

ရခိုင်ပင်လယ်ပြင် လုံခြုံမူနဲ့ စိုးမိုးရေး အတွက် ရသေ့တောင်မြို့နယ် အငုံမော်တွင် မြို့တည်မည့်အစီအစဉ် တစ်ရပ်ကို မင်းပြားမြို့လွှတ်တော် အတွေ့အကြုံရှင်းလင်းပွဲတွင်  RNDP ဥက္ကဌ ဒေါက်တာ အေးမောင်က ထုတ်ဖေါ်ပြောကြားသွားခဲ့သည်ဟု သိရသည်။
RNDP ဥက္ကဌလည်းဖြစ်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဖြစ်သော ဒေါက်တာအေးမောင်မှ အနောက်ဖရုံကာကျွန်းနှင့် စစ်တွေမြို့လုံခြုံရေးအတွက် ပင်လယ်ပြင်ကို စိုးမိုးရန်မှာ အရေးကြီးကြောင်း၊ သို့အတွက် ရသေ့တောင်မြို့နယ် မေယူကမ်း အငုံမော်တွင် မြို့တည်ရန် လိုကြောင်း ပြောကြားခဲ့သည်။
မေယူကမ်းနဖူးတွင် တည်ရှိသော အငုံမော်သည် စစ်ရေး အရ ပင်လယ်ပြင်ကို စိုးမိုးရန် အတွက် မဟာဗျုဟာမြောက် တည်ရှိသော နေရာဖြစ်သော်လည်း လက်ရှိ အစိုးရမှ သဘောတူညီမူ ရှိ မရှိကိုမူ အသေးစိတ် ထုတ်ဖေါ် ပြောကြားသွားခြင်း မရှိဟု သိရသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

No comments: