Tuesday, December 24, 2013

ဆရာတော် ၀ီရသူ စစ်တွေတွင် တရားဟောမည်

မန္တလေးမြို့ မစိုးရိမ်တိုက်သစ်ဆရာတော် ဦးဝိရသူသည် စစ်တွေမြို့သို့ ကြွရောက်ပြီး တရားတော်များ ဟောကြားမည်ဟု သတင်း ရရှိသည်။
ဒီဇင်ဘာလ ၂၇ ရက်နေ့မှ ၂၉ ရက်နေ့ထိ သုံးရက်တိုင်တိုင် (ညနေ ၇ နာရီမှ ၁၀ နာရီထိ) စစ်တွေမြို့ ပညာလင်္ကာရ ကျောင်းတိုက်တွင် တရားတော်များဟောကြားသွားမည်ဟု ဆိုသည်။ ဆရာတော် ဦးဝိရသူနှင့် အတူ မွန်ပြည်နယ်၊မော်လမြိုင်မြို့၊ မဟာမြိုင်တောရ စာချဆရာတော် ဘဒ္ဒန္တ ဝိမလာဘိဝံသနှင့် မန္တလေးတိုင်း သီတဂူ တက္ကသီလာ စာချဆရာတော် ဘဒ္ဒန္တ အာဒိစ္စဘိဝံသ တို့လည်း အတူ ကြွရောက်ပြီး တရားတော်များ ဟောကြားမည်ဟု သိရသည်။
RNG သတင်းတွင်မူ  ဆရာတော် ဦးဝိရသူပါ ၉၆၉ သံင်္ဃာ သုံးပါးတို့က အနောက်ဖက်တံခါးနှင့် စပ်လျဉ်း၍ အသိအလိမ္မာ သတိပေး တရားတော်များ ဟောကြားချီးမြှင့်မည်ဟု ဖေါ်ပြသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

No comments: