Tuesday, December 24, 2013

ရခိုင် တိုင်းရင်းသားများ ဘက်စုံ တိုးတက်ရေး အသင်း ဖွဲ့စည်း

ရခိုင်ပြည်နယ် မောင်တောမြို့နယ် ကြိမ်ချောင်းတိုက်နယ်နှင့် အနီးအနား တိုင်းရင်းသားကျေးရွာ (၈) ရွာမှ ရခိုင်၊ ဒိုင်းနက် ၊မြို၊ သက်၊ မာရာမာကြီး လူမျိုးများသည် ရခိုင်မျိုးနွယ်စုဘက်စုံ တိုးတက်ရေးအသင်း တစ်ခုကို ယခုလ ၁၇ ရက်နေ့က ဖွဲ့စည်းလိုက်သည်ဟု သတင်း ရရှိသည်။
ကြိမ်ချောင်းကျေးရွာရှိ အောင်တော်မူ(တောင်ပေါ်) ဘုန်းတော်ကြီးကျောင်းတွင် ပြုလုပ်သော အစည်းအဝေးတွင် ထိုသို့ ဖွဲ့စည်းလိုက်သည်ဟု တာဝန်ရှိသူ တစ်ဦးက နိရဉ္စရာသို့ ပြောသည်။
ကျေးရွာတစ်ရွာလျှင် အမှုဆောင်(၂) ဦးကျစီ အပါအ၀င် ကော်မီတီဝင် စုစုပေါင်း (၁၇) ဦးဖြင့် ဖွဲ့စည်း ခဲ့ကြသည်ဟု ဆိုသည်။  အသင်းမတည်ရံပုံငွေများ အဖြစ် တောင်ပြို လက်ဝဲဘက်စုံ လူမှုကူညီစောင့်ရှောက်ရေး အသင်းမှ ကျပ်ငွေ ၅၅၀၀၀  ကို၎င်း၊ နတ်မြစ်(အရှေ့) လူမှုကွန်ယက် အသင်းမှ ကျပ်ငွေ  ၅၀၀၀၀ ကို၎င်း ထည့်ဝင်ခဲ့ကြပြီး ၎င်းနေ့က  မတည်ငွေ စုစုပေါင်း ကျပ်(၄) သိန်းခန့် ရရှိခဲ့သည်ဟု သိရသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

No comments: