Tuesday, December 24, 2013

လွှတ်တော် အတွေ့အကြုံရှင်းလင်းပွဲ ကျောက်ဖြူတွင် ပြုလုပ်

ရခိုင်ပြည်နယ် ကျောက်ဖြူ မြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးဘရှိန်သည် လွှတ်တော် အတွေ့အကြုံများ ရှင်းလင်းပွဲကို သူ၏ မဲဆန္ဒနယ်မြေတွင် လွှတ်တော်ကိုယ်စားလှယ် ဖြစ်လာသည့် သက်တမ်း ၃ နှစ်ကျော်ကာလ အတွင်း ပထဆုံးအကြိမ် ပြုလုပ်ခဲ့သည်ဟု သိရသည်။
ကျောက်ဖြူမြို့ ရမ္မာဝတီခန်းမတွင် ပြုလုပ်သော ယမန်နေ့ လွှတ်တော် အတွေ့အကြုံ ရှင်းလင်းပွဲသို့ ဌာနဆိုင်ရာ အရာရှိကြီး တချို့ အပါအ၀င် ဒေသခံ ပြည်သူ ၃၂၀ ကျော် တက်ရောက်ခဲ့သည်ဟု အခမ်းအနားမှူးအဖြစ် ဆောင်ရွက်သူ ဦးသန္တာမောင်က ပြောသည်။
လူထု တွေ့ဆုံ ရှင်းလင်းပွဲတွင် ပြည်သူများမှ လယ်မြေများသိမ်းဆည်းခံရမူ၊ လမ်းတံတားများ ပျက်စီးနေမူ၊ အစိုးရစာသင်ကျောင်းအချို့တွင်ဆူပူအကြမ်းဖက်မူ ဖြစ်ပွားပြီးကတည်းက ကျောင်းဆရာ/ဆရာမများ ကျောင်းပျက်ကွက်နေမူများကို တင်ပြခဲ့ကြသည်။ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးဘရှင်မှလည်း ၃ နှစ်ကျော်ကာလ အတွင်း လွှတ်တော်တွင် သူ၏ လူပ်ရှားဆောင်ရွက်နေမူများကို ရှင်းလင်း ပြောကြားခဲ့သည်ဟုဆိုသည်။
ယင်းလွှတ်တော် အတွေ့အကြုံရှင်းလင်းပွဲကို နံနက် ၉ နာရီမှ နေ့လယ် ၁၂ နာရီထိ ပြုလုပ်ခဲ့သည်ဟု သိရသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

No comments: