Tuesday, December 24, 2013

မောင်တော/ဘူးသီးတောင်ရှိ INGOs များဝေဖန်ခံရ

ရခိုင်ပြည်နယ် မောင်တောမြို့မှာ ဒီလ ၁၈ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ယူအန် အပါအ၀င် အိုင်အန်ဂျီအိုတွေနဲ့ ဌာနဆိုင်ရာ လူကြီးတွေ တွေ့ဆုံပွဲမှာ မောင်တော ခရိုင်ဥက္ကဌက အန်ဂျီအိုတွေရဲ့ လုပ်ရပ်အချို့ကို ဝေဖန် ထောက်ပြသွားတယ်လို့ သိရပါတယ်။
ခရိုင်ဥက္ကဌက သူ့ရဲ့ ဆွေးနွေးပွဲ နိဂုံးချုပ် မိန်းခွန်းစကားပြောကြားရာမှာ အိုင်အန်ဂျီအိုတွေ အနေနဲ့ နှစ်ပေါင်း (၂၀) ခန့် ရခိုင်ပြည်နယ် မြောက်ပိုင်းက စီမံကိန်းတွေ ဆောင်ရွက်တဲ့ နေရာမှာ အောင်မြင်မူ တစ်စုံတစ်ရာ မရရှိခဲ့ဘူးလို့ ပြောဆိုသွားခဲ့တယ်လို့ အစည်းအဝေး တက်ရောက်ခဲ့သူ ကိုကျော်ကျော်က ပြောဆိုပါတယ်။
ပညာရေး အပိုင်းမှာလည်း တိုးတက်လာမူ မရှိသလို လူဦးရေထိန်းချုပ်မူကိုလည်း တစ်စုံတစ်ရာ တိုးတက်အောင် မလုပ်ဆောင်နိုင်ဘူးလို့ ပြောဆိုတယ်လို့ ဆိုပါတယ်။ ဆန်တန်ချိန် နှစ်စဉ် သောင်းချီ ကုန်ကျနေတာကလွဲပြီး နှစ်ပေါင်း ၂၀ အတွင်း ဒေသအတွင်း ဘာမှ တိုးတက်လာတာ မရှိဘူးလို့ ပြောဆိုသွားတယ်လို့ ဆိုပါတယ်။
အဲဒီ တွေ့ဆုံပွဲကို မောင်တော မြို့တော်ခန်းမမှာ ယူအန် အပါအ၀င် WFP- UNDP- AZG- Care စတဲ့  နိုင်ငံခြား အန်ဂျီအိုတွေက ကိုယ်စားလှယ်တွေနဲ့ မောင်တော ခရိုင်က အစိုးရတာဝန်ရှိသူတွေ၊ ရပ်မိ ရပ်ဖတွေနဲ့ ပထမဆုံး အကြိမ်တွေ့ဆုံတာ ဖြစ်တယ်လို့ သိရပါတယ်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

No comments: