Monday, December 16, 2013

လမ်းတံတားများ ဖျက်ဆီးခံနေရခြင်းကြောင့် ဘင်္ဂလားဒေ့ရှ်မှ ဘုရားဖူးများ ပေါက်တောမြို့နယ်ရှိ ဆံတော်ရှင်ဘုရားပွဲခရီးစဉ်များ ယာယီဖျက်ခဲ့ရ

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဂျာမတ်အစ္စလာမ်မီယာပါတီခေါင်းဆောင် ကာဒေမူလာအား သေဒဏ်ပေးလိုက်ပြီးနောက်ပိုင်း အတိုက်အခံများမှ လမ်းတံတားများအား ဖျက်ဆီးနေခြင်းကြောင့် ဘင်္ဂလားဒေ့ရှ်မှ ဆံတော်ရှင်ဘုရားဖူးခရီးသည်များ၏ ခရီးစဉ်များ ယာယီဖျက်လိုက်ရကြောင်း သတင်းရရှိသည်။
၁၉၇၁ ခုနှစ် ဘင်္ဂလားဒေ့ရှ် လွတ်လပ်ရေးစစ်ပွဲအတွင်း လူသားမျိုးနွယ်အပေါ် ရာဇ၀တ်မှုများ ကျူးလွန်ခဲ့သည့် ပြစ်မူဖြင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံမှဖွဲ့စည်းသော နိုင်ငံတကာ ရာဇ၀တ်မှုခုံရုံးမှ သေဒဏ်ချမှတ်ခံထားရသည့် ဂျာမတ်အစ္စလာမ်မီယာပါတီ ခေါင်းဆောင် ကာဒေမူလာအား ဒီဇင်ဘာ ၁၂ ရက် ည ၁၀ နာရီ ၁ မိနစ်တွင် ကြိုးပေးကွပ်မျက်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။
စစ်တကောင်းမရောက်ခင် သက်ကိုင်ညာမှာ တံတားတစ်စင်းဖျက်ဆီးလိုက်တယ်။ နောက် ကော့ဘဇား(ဖလောင်းချိတ်)မှာ ဟိန္ဒူဆိုင်  သုံးဆိုင် မီးရှို့ခံရတယ်။ ဒါကြောင့် ဖလောင်းချိတ်က ဖိတ်ထားတဲ့ဘုရားဖူးတွေလာလို့မရ ဖြစ်နေတယ်။  သူတို့ ဒီနေ့မောင်တောကို ရောက်ရမှာဖြစ်ပေမယ့် အနှောင့်အယှက်အကြမ်းဖက်ခံရမှာကြောက်လို့ ခရီးစဉ်ကို ယာယီဖျက်လိုက်ရပါတယ်။. . .
အမည်အရင်း Abdul Quader Mollah  ဖြစ်သော်လည်း ကာဒေမူလာဟု လူသိများသော ဂျာမတ်အစ္စလာမ်မီယာပါတီ၏ တွဲဖက်အတွင်းရေးမှူးအား ဒီဇင်ဘာ ၁၀ ရက် ည ၁၂ နာရီ ၁ မိနစ်တွင် ကြိုးပေးကွပ်မျက်ရန် စီစဉ်ခဲ့သော်လည်း ၎င်းင်း၏မိသားစုများနှင့် ရှေ့နေများက နိုင်ငံတော် အဆင့်မြင့်ဆုံးတရားရုံးသို့ အသနားခံ အယူခံဝင်ခဲ့သဖြင့် ကြိုးပေးကွပ်မျက်မည့်အစီအစဉ်ကို ရွှေ့ဆိုင်းခဲ့ပြီး တရားရုံးချုပ်မှ ၎င်းင်း၏ အသနားခံလွှာ အားပယ်ချလိုက်ပြီးနောက် ဒီဇင်ဘာ ၁၂ ရက် ည ၁၀ နာရီ တစ်မိနစ်တွင် ဒက္ကာမြို့ အကျဉ်းထောင်တွင် သူ့အား ကြိုးပေးကွပ်မျက်လိုက်ခြင်းဖြစ်သည်။
" အခုလမ်းတံတားတွေကို ဖျက်ဆီးနေတယ်။ ကားတွေကို မီးရှို့တာတွေဖြစ်နေတယ်။စစ်တကောင်းမရောက်ခင် သက်ကိုင်ညာမှာ တံတားတစ်စင်းဖျက်ဆီးလိုက်တယ်။ နောက်ကော့ဘဇား(ဖလောင်းချိတ်)မှာ ဟိန္ဒူဆိုင် သုံးဆိုင် မီးရှို့ခံရတယ်။ ဒါကြောင့် ဖလောင်းချိတ်က ဖိတ်ထားတဲ့ ဘုရားဖူးတွေလာလို့မရ ဖြစ်နေတယ်။ သူတို့ ဒီနေ့မောင်တောကို ရောက်ရမှာဖြစ်ပေမယ့် အနှောင့်အယှက်အကြမ်းဖက်ခံရမှာ ကြောက်လို့ ခရီးစဉ်ကို ယာယီဖျက်လိုက်ရပါတယ်။ ဘာဆက်ဖြစ်မလဲတော့ မသိသေးဘူး။ ဒါပေမဲ့ နယ်စပ်ဖြတ်ကျော်သွားလာမှု ပုံမှန်ရှိနေတယ်။ နယ်စပ်ဘက်မှာ ဘာမှတော့မဖြစ်ဘူး။ နိုင်ငံအတွင်းဘက်မှာဖြစ်နေတာဖြစ်တယ် " ဟု မောင်တောမြို့ခံတစ်ဦးက ဆိုသည်။
အဆိုပါ ဘုရားဖူးခရီးသည်များမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် နေထိုင်ကြသည့် မြန်မာတိုင်းရင်းသား ရခိုင်လူမျိုး၊ ဗုဒ္ဓဘာသာဝင်များဖြစ်ပြီး အလိုတော်ပြည့်ဆရာတော်ကြီးက ဖိတ်ကြားထားသဖြင့် ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်ရှိ ဆံတော်ရှင်ဘုရားပွဲအား လာရောက်မည့်သူများဖြစ်ကြောင်း သိရသည်။
(သတင်းအရင်းအမြစ်- Eleven Media Group)

No comments: