Thursday, January 23, 2014

ရခိုင်ပြည်နယ် ဝန်ကြီးချုပ်နှင့် အဖွဲ့ မောင်တောမြို့နယ်သို့ ရောက်ရှိ စစ်ဆေး

ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးလှမောင်တင်၊ ဦးမောင်စန်ရွှေ (စီမံဘဏ္ဍ ဝန်ကြီး)၊ ဦးကျော်သိန်း(သစ်တော၊ သတ္တုဝန်ကြီး)၊ ဦးကျော်ယဉ်ဦး (ပြည်နယ် လဝကမှူး)၊ ပညာရေးဌာန၊ ကျန်းမာရေးဌာန၊ OCHA (ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာ ပေါင်းစပ် ညှိနှိုင်းရေးမှူး) Barbara Babista၊ UNHCR ဌာနေ ကိုယ်စားလှယ် Roka Koda၊ ပြည်နယ် ရဲတပ်ဖွဲ့မှူး တို့သည် ဘူးသီးတောင်ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် DR. ဘော်ရှီး အာမက်၊ မောင်တော ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မျိုးမင်းတို့နှင့်အတူ ဇန်န၀ါရီလ ၂၂ရက်နေ့ (၁၅:၀၀)နာရီ အချိန်တွင် ခရေမြိုင်ကျေးရွာသို့ ရောက်ရှိ၍ ကျေးရွာပြည်သူများ နှင့် တွေ့ဆုံခဲ့ကြောင်းသိရသည်။

ယင်းမှ တဆင့် ၀န်ကြီးချုပ်နှင့်အဖွဲ့သည် ဂေါ်ဒူသာရကျေးရွာသို့ ရောက်ရှိပြီး၊ ဒူချီရာတန်ကျေးရွာမှ ရှောင်တိမ်းရောက်ရှိနေသည့် ကျေးရွာ သားများအား မေးမြန်းရာတွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မျိုးမင်း၊ Dr. ဘော်ရှီးအာမက်၊ UNHCR၊ OCHA ကိုယ်စားလှယ်တို့မှ
တွေ့ဆုံမေးမြန်းမှုများပြုလုပ်ခဲ့ပြီး၊စစ်ဆေးမေးမြန်းမှုများနှင့်ပါတ်သတ်ပြီး ရဲမှူးချုပ်ဦးကိုကိုနိုင်မှ ပြန်လည်ဖြေရှင်းပေး ခဲ့ကြောင်းသိရသည်။ယင်းအပြင်ဂေါ်ဒူသာရကျေးရွာမှ မော်လ၀ီဆရာမှလည်း လူသတ်သည်ကို မတွေ့ရကြောင်း ပြောဆိုခဲ့ကြောင်းသိရသည်။

ဆက်လက်ပြီး ဒူချီရာတန်ကျေးရွာသို့ ရောက်ရှိခဲ့ပြီး၊ ရဲတပ်ကြပ်ကြီးနှင့် အဖွဲ့ ကင်းလှည့်ရာမှ စတင် ဖြစ်ပွားရာနေရာ၊ ရဲတပ်ကြပ်ကြီး၏ အဝတ် အစား များကို တွေ့ရှိရာ ဗလီနောက်ဖက် အမှိုက်ကျင်းနေရာ များသို့ သွားရောက်စစ်ဆေးခဲ့ပြီး

ညပိုင်းတွင် မောင်တောခရိုင် အုပ်ချုပ်ရေးမှူး ရုံးခန်း တွင် ဖြစ်စဉ်နှင့် ပက်သက်၍ OCHA နှင့် UNHCR တို့မှ သိလို သည်များ ကို မေးမြန်းခဲ့မှုအား ရဲမှူးချုပ်တင်ကိုကို၊ ပြည်နယ် ရဲတပ်ဖွဲ့ ရဲမှူးကြီး နေမျိုး တို့မှ ပြန်လည် ရှင်းလင်းခဲ့ကြောင်းသိရှိရသည်။

ဆက်လက်ပြီးပြည်နယ် ဝန်ကြီးချုပ်မှ ယခုဖြစ်စဉ်တွင် အဓိကကျသည့် တရားခံဖေါ် ထုတ်နိုင်ရေး၊ ပျောက်ဆုံး ရဲတပ်ကြပ်ကြီးနှင့် လက်နက်ပြန်လည် ရရှိရေးအား ဝိုင်းဝန်းကူညီဆောင်ရွက်ပေးရေးနှင့် ယနေ့ နိုင်ငံခြား သတင်း ဌာနများမှ ထုတ်လွှင့်နေသည့် ရခိုင်တိုင်းရင်းသားများက သတ်ဖြတ်နေသည်ဆိုသည်မှာ လုံးဝ မဟုတ်ကြောင်း၊ လက်တွေ့ ရွာအထိ မိမိဌာနဖြင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ရန်၊ လွန်ခဲ့သည့် တစ်ပတ်ခန့်က ဖြစ်ပွားခဲ့သည့် ကိစ္စရပ် ကိုလည်း သိရှိရ၍ ရောက်ရှိလာခြင်း ဖြစ်ကြောင်းနှင့် ရဲတပ်ဖွဲ့မှ လည်း ဒူချီရာတင်ရွာရှိ ပစ္စည်းများ မပျောက်ပျက်ရေး အတွက် လုံခြုံရေးများ ဆောင်ရွက်ပေးလျက် ရှိကြောင်းနှင့် လိုအပ် ချက်များကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

(ဤသတင်းကို Coral Arakan News မှ ကူးယူဖော်ပြပါသည်)

No comments: