Wednesday, January 22, 2014

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးလှမောင်တင်နှင့် အဖွဲ့ မောင်တောဒေသသို့ နယ်မြေအခြေအနေ စစ်ဆေးရန်ထွက်ခွာ

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးလှမောင်တင်၊ ပြည်နယ် သစ်တောနှင့် သတ္ထုတွင်း ၀န်ကြီ ဦးကျော်သိန်း၊ ပြည်နယ်စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမောင်စံရွှေနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့ အစည်းများမှ ကိုယ်စားလှယ်များ ပါဝင်သော အဖွဲ့သည် စစ်တွေမြို့မှ မောင်တော ဒေသသို့ နယ်မြေအခြေအနေများ ကြည့်ရှုစစ်ဆေးရန် ၂၀၁၄ ခုနှစ် ဇန်န၀ါရီလ (၂၂)ရက်နေ့ ယနေ့နံနက်ပိုင်းတွင် ထွက်ခွာသွားကြောင်း သိရသည်။

လွန်ခဲ့သော သီတင်းပါတ်အတွင်းက အေပီသတင်းဌာနမှ မှားယွင်းဖော်ပြခဲ့သော သတင်းနှင့် ပတ်သက်ပြီး မောင်တောမြို့နယ် ဒုချီးရာတန်းကျေးရွာမှ ပြည်သူလူထု၊ လုံခြုံရေး တာဝန်ရှိသူ များနှင့် တွေ့ဆုံ၍ သတင်းမှန်အား အတည်ပြုထုတ်ပြန်နိုင်ရေး စစ်ဆေးဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် အခြေအနေမှန်အား ဆက်လက် ထုတ်ပြန် သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

(ဤသတင်းအား Rakhine Citizen Journalists စာမျက်နှာမှ ကူးယူဖော်ပြပါသည်)

No comments: