Thursday, January 16, 2014

ပေါက်တော ဆင်​တက်​​မော်​ မွတ်ဆလင် ဒုက္ခသည်​စခန်း မီး​လောင်

Pauktaw refugee camp in Burma
ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် ဆင်တက်မော် မူဆလင် ဒုက္ခသည် စခန်းတွင် ယနေ့နံနက်က မီးလောင်းမူ ဖြစ်ပွားရာ အနည်းဆုံး အဆောင် ၃၀ ကျော်မီးထဲပါသွားသည်ဟု သတင်း ရရှိသည်။
မီးလောင်မူ ဖြစ်ပွားခဲ့ခြင်းကို ၎င်းမီးလောင်ရာသို့ စစ်ဆေးရန် ရောက်နေသူ ရဲအရာရှိ တစ်ဦးက ယခုလို အတည်ပြု ပြောကြားသည်။
“ မီးစလောင်တာက နံနက် တစ်နာရီခန့်မှာ အဆောင်အမှတ် ၈၇ က စလောင်တယ်။ အဲဒီအဆောင်က ဘင်္ဂလီလူမျိုး ဟန်​နီဘာ အသက်​ ၅၀ နှစ်​ နေတဲ့ အဆောင်ဖြစ်တယ်။ မီးက ၁ နာရီ မိနစ် ၅၀ မှာမီးက ငြိမ်းသွားတယ်” ဟု ၎င်းရဲအရာရှိက ပြောသည်။
မီးလောင်မူကြောင့် ရှစ်​ခန်းတွဲ ​အ​ဆောင်​ ၃၁ လုံး၊ မီးဖိုဆောင် ၆  ခု၊ စာသင်​​ကျောင်းဆောင် ၂ ခု အပါအ၀င် စုစု​ပေါင်း အဆောက်အဦး ၃၉ လုံး မီး​လောင်ပျက်စီးသွားခဲ့သည်ဟု သူက ဆိုသည်။
မီးလောင်ဖြစ်ပွားရခြင်း၏ အဓိက အကြောင်းအရင်းကို စတင်စစ်ဆေးနေကြောင်း သိရသည်။
ယခုအခါ မီးလောင်မူ ဖြစ်ပွားရာ ဆင်တက်မော် ဒုက္ခသည်​စခန်းသို့  ရခိုင်​ပြည်​နယ်​ အစိုးရ အဖွဲ့ဝင်​၀န်​ကြီးနှစ်​ဦး အပါအ၀င်​ မီးသတ်​တပ်​ဖွဲ့ဝင်​များ၊ စစ်​တပ်​နှင့်​ ရဲတာဝန်ရှိသူ အများအပြား ​ရောက်​ရှိ​နေ​ကြောင်း ဆင်တက်မော် ဒေသခံများက ပြောသည်။
ပေါက်တောမြို့နယ် အတွင်းရှိ မွတ်ဆလင် ဒုက္ခသည် စခန်းမီးလောင်မူမှာ ယခုတစ်ကြိမ်သည် ပထမဆုံး မဟုတ်ဘဲ လွန်ခဲ့သောနှစ် ဒီဇင်ဘာလ ၁၂ ရက်နေ့ကလည်း ငှက်ချောင်း မွတ်ဆလင် စခန်းမီးလောင်မူကြောင့် အဆောင် (၃၄) ဆောင်မီးထဲပါသွားခဲ့သည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

No comments: