Monday, February 3, 2014

RB News က သတင်းမှား ဖော်ပြထားကြောင်း ဘင်္ဂါလီများ နှင့် ရခိုင်ဒေသခံများက ကန့်ကွက်


ရပ်မိ/ရပ်ဖများညှိနှိုင်းအစည်းအဝေးမှတ်တမ်း ============ နေ့စွဲ့။ ၂၈ - ၀၁ - ၂၀၁၄ နေရာ။ ရေတွင်းကျွန်းကျေးရွာ အချိန်။ ညနေ (၄း၀၀) နာရီ ၁။ မောင်တောမြို့နယ်၊ မြောက်ပိုင်း ရေတွင်းကျွန်း(ဘင်္ဂလီ)ကျေးရွာမှ ရပ်မိ/ရပ်ဖများနှင့် ငါးခူရ၊ ခြံပြင်၊ ရွက်ညိုတောင်၊ စံပယ် စံပါယ်ပင်ရင်း ကျေးရွာများမှ ရခိုင် ရပ်မိ/ရပ်ဖများတွေ့ဆုံဆွေးနွေးခဲ့ရာတွင် ၂၀၁၄ ခုနှစ်၊ ဇန်န၀ါရီလ (၂၇)ရက်နေ့တွင် RB News Internet သတင်းအရ ရေတွင်းကျွန်းကျေးရွာမှ ဘင်္ဂလီလူငယ် (၃)ဦးအား ၂၄ - ၀၁ - ၂၀၁၄ နေ့တွင် ငါးခူရကျေးရွာမှ ပြန်လာစဉ် အစွန်းရောက် ရခိုင် လူငယ်များမှ ရိုက်နှက်ခဲ့ကြောင်း၊ ထို့ပြင် မော်လ၀ီ တစ်ဦးအားလည်း ငါးခူရဘုန်းတော်ကြီး ကျောင်းသို့ ဆွဲခေါ်သွားကြောင်း၊ ၄င်းမော်လ၀ီမှ သေသည် ရှင်သည်မသိရကြောင်း ဖော်ပြခဲ့သည်။ 
၂။ အထက်ပါကိစ္စနှင့်ပတ်သက်၍ ရပ်မိ/ရပ်ဖများနှင့် ရိုက်နှက်ခံရသူ ဘင်္ဂလီလူငယ် (၃)ဦးဟုဖော်ပြခံရသူ တို့ကို တွေ့ဆုံဆွေးနွေးကြရာ သူတို့ (၃)ဦးအနေဖြင့် ၂၄ - ၀၁ - ၂၀၁၄ နေ့တွင် ငါးခူရကျေးရွာ သို့လည်း မသွားခဲ့ကြောင်း၊ ရိုက်နှက်ခံရမှုလည်းမရှိကြောင်း ပြောကြားပါသည်။ဤကဲ့သို့Internetတွင် ဖော်ပြ ခြင်းအား ငါးခူရ/ခြံပြင်ရခိုင်ကျေးရွာများမှ ရပ်မိ/ရပ်ဖများပြောဆို၍သာသိရခြင်း ဖြစ်ကြောင်း ပြောကြား ပါသည်။ 
၃။ သို့ပါ၍ မည်ကဲ့သို့မှ ဖြစ်ပွားခဲ့ခြင်းမရှိသော အကြောင်းအရာတစ်ခုအား RB News မှ မမှန်မကန် ဖော်ပြခဲ့ခြင်းအား ကန့်ကွက် ပါကြောင်း ပြောဆိုဆုံးဖြတ်ကြပါသည်။ (က) RB News တွင်အမည်ဖေါ်ပြခံရသူ (၃) ဦး ဦးကာဆိန်း(ဘ)နူရ်ဟာရှိန်း (ရေတွင်းကျွန်းကျေးရွာ) ၊ မော်လီတူလ္လာ(ဘ)နူရဆလမ် (ရေတွင်းကျွန်းကျေးရွာ) ၊ မာမတ်ဆလမ် (ရေတွင်းကျွန်းကျေးရွာ) ရပ်မိ/ရပ်ဖများ လှမောင်သိန်း (ငါးခူရ) ၊ အောင်စိန် (စံပယ်ပင်ရင်း) ၊ ဘသန်းလှိုင် (ခြံပြင်) ၊ မောင်စံဝင်း (ခြံပြင်) ၊ မာမတ်ဖေါ်ရီအူလ္လာ (ရေတွင်းကျွန်းအုပ်ချုပ်ရေးမှူး) ၊ အေးထွန်း (ရွက်ညိုတောင်အုပ်ချုပ်ရေးမှူး) ငါးခူရကျောင်းထိုင်ဆရာတော်လည်း လိမ်လည်၍သတင်းရေးသားချက်အား မဟုတ်မမှန်ကြောင်း ကန့်ကွက် မိန့်ကြားခဲ့ပါသည်။
(ဤသတင်းကို ဦးဥာဏ စစ်တွေ၏ Facebook စာမျက်နှာမှ ကူးယူဖော်ပြပါသည်)

No comments: