Wednesday, July 16, 2014

အစိုးရအဆင့်မြင့်အရာရှိများ ရခိုင်လူမှုအဖွဲ့အစည်းနှင့် မြို့မိမြို့ဖများတွေ့



နယ်စပ်ရေးရာဝန်ကြီး ဌာနဒုတိယဗိုလ်ချုပ်ကြီး သက်နိုင် ၀င်းဦးဆောင်သော အစိုးရအဆင့် မြင့်အရာရှိများ ဇူလိုင် ၁၃ ရက်က စစ်တွေမြို့တွင် လူမှုအဖွဲ့အစည်း များ၊ မြို့မိမြို့ဖများနှင့် တွေ့ဆုံ၍ ရခိုင် Action Plan အကောင်အ ထည်ဖော်ခြင်းကိစ္စများနှင့် ပတ် သက်၍ ဆွေးနွေးခဲ့ကြောင်း သ တင်းရရှိသည်။

ယင်းဆွေးနွေးပွဲတွင် နယ် စပ်ဝန်ကြီး၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်၊ လ၀ကဒုဝန်ကြီးနှင့် ညွှန်ချုပ်တို့က ၁၉၈၂ ဥပဒေဖြင့် အကောင်အထည်ဖော်ခြင်း၊ လုပ်ငန်းများ၊ IDP ကိစ္စရပ်များ၊ ဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းခဲ့ကြောင်း  စစ်တွေမြို့မိမြို့ဖ ဦးသန်းထွန်းကပြောသည်။
 လူမှုအဖွဲ့အစည်းများနှင့် တွေ့ဆုံပွဲအပြီးတွင် ပြည်ထောင် စုအဆင့်အရေးပေါ် ပေါင်းစပ် ညှိ နှိုင်းရေးစင်တာ(ECC) အစည်း အဝေးကို UN အပါအ၀င် နိုင်ငံ တကာအဖွဲ့အစည်းများနှင့် ဆက် လက်ပြုလုပ်ခဲ့ကြောင်း သတင်းရ ရှိသည်။
‘‘ရခိုင်လူထုသဘောမတူရင် ဘာမှ မလုပ်ကိုင်ရဘူးလို့ ဒုတိယ ဗိုလ်ချုပ်ကြီး  သက်နိုင်ဝင်းရော ၀န်ကြီးချုပ်ရောက ယူအင်န်၊ အိုင် အင်န်ဂျီအိုတွေကို ပြောတယ်’’ ဟု ECC အဖွဲ့ဝင် စစ်တွေမြို့မိ မြို့ဖဦးသန်းထွန်းကပြောသည်။
နယ်စပ်ဝန်ကြီးနှင့် ဘင်္ဂါလီ လူမျိုးခေါင်းဆောင်များ ဇူလိုင်  ၁၃ ရက် ညပိုင်းက တွေ့ဆုံ၍ ၁၉၈၂ ဥပဒေနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
(သတင်းအရင်းအမြစ်- 7 Days news)

No comments: