Wednesday, July 16, 2014

နိုင်ငံသားဖြစ်ခွင့်လျှောက်ထားသည့်ဘင်္ဂါလီ တစ်ထောင်ကျော်ရှိ

ရခိုင်ပြည်နယ်တွင် မြန်မာနိုင်ငံသားဖြစ်ခွင့်လျှောက်ထား သူ ဘင်္ဂါလီဦးရေသည် တစ်ထောင်ကျော်ရှိပြီဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ သတင်းရရှိသည်။
၁၉၈၂ ဥပဒေအရ မြန်မာ နိုင်ငံသားဖြစ်ခွင့်လျှောက်ထားသူ များကို ဇွန်လ ၁၅ ရက်မှစတင်ပြီး လျှောက်လွှာများ လက်ခံခဲ့ရာ ယခင်လျှောက်ထားသူ ဘင်္ဂါလီ  လူဦးရေ ၃၀၀ ကျော်မှ ၁၀၀၀ ကျော်ထိဖြစ်လာသည်။
လျှောက်ထားသူများကို လက်ခံထားသော်လည်း နိုင်ငံသားဖြစ်ခွင့်ကို မြို့နယ်အဆင့်၊ ခရိုင် အဆင့်၊ ပြည်နယ်အဆင့်နှင့် ဘုတ်အဖွဲ့က ရွေးချယ်မှုကို ယခုထိတိုင်မပြုလုပ်ရသေးကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်  ပြည်သူ့အင်အားဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးကပြောသည်။
‘‘ရခိုင်၊ ဗမာ စကားမတတ်၊ ယဉ်ကျေးမှုဘာမှမသိတဲ့သူ၊ ဒါ့ အပြင်ဘင်္ဂါလီလူမျိုးလို့  မထည့် တဲ့သူကို နဂိုကတည်းက  နိုင်ငံ  သား  လျှောက်ခွင့်လက်မခံထားပါဘူး’’ ဟု လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ အကြီးတန်းတာဝန်ရှိသူ တစ်ဦး ကပြောသည်။
၁၉၈၂ နိုင်ငံသားဖြစ်ခွင့် ဥပဒေအရ မြေပုံမြို့နယ်တွင် ဇွန် ၁၅ ရက်မှစ၍ ရှေ့ပြေးစီမံကိန်း ဧရိယာအဖြစ်သတ်မှတ်ပြီး ဘင်္ဂါ လီလူမျိုးများကို နိုင်ငံသားစိစစ် ရေးဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
၁၉၈၂ မြန်မာနိုင်ငံသားဖြစ် ခွင့်ဥပဒေအရ စည်းကမ်းချက်နှင့် ကိုက်ညီသူများ၏ လျှောက်လွှာ များကို လက်ခံထားပြီး အဆိုပါ လျှောက်လွှာများကို မြို့နယ်၊ ပြည်နယ်နှင့် ဗဟိုအဆင့် အဆင့်ဆင့်စိစစ်ဆုံးဖြတ်သွားမည်ဖြစ်သည်။
 ဗဟိုအဆင့်တွင် လူဝင်မှု၏
ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာနမှ ၀န်ကြီး၊ ဒုတိယ၀န်ကြီးတို့က ဦးဆောင်ပြီး အခြားပြည်ထဲရေးဝန်ကြီးဌာန၊ ကာ ကွယ်ရေးဝန်ကြီးဌာနနှင့် နိုင်ငံ ခြားရေးဝန်ကြီးဌာနတို့က အကဲ ဖြတ်မည် ဖြစ်သည်။
  လက်ရှိအခြေအနေအရ ၁၉၈၂ နိုင်ငံသားဖြစ်ခွင့်ဥပဒေကို ရခိုင်ပြည်နယ်အတွင်းရှိ မြေပုံတစ်မြို့နယ်တစ်ခုတည်းကိုသာ စတင်လုပ်ဆောင်နေခြင်းဖြစ်ပြီး အခြားမြို့နယ်များတွင် လုပ်ဆောင်ရန် ရှိ၊ မရှိကို မပြောနိုင်သေးကြောင်း လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ထပ်မံပြော သည်။
ပြည်လုံးကျွတ်လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင် စာရင်းကောက်ယူရာတွင် ရခိုင် ပြည်နယ်ရှိ ဘင်္ဂါလီများက ရိုဟင်ဂျာလူမျိုးအမည်ထည့်သွင်းမှ ကောက်ခံမည်ဟု တောင်းဆိုခြင်းကြောင့် ၎င်းတို့နေထိုင်သည့်နေရာ များတွင် အပြည့်အ၀ကောက်ယူခွင့်မရှိခဲ့ချေ။
ထို့အပြင် ၂၀၁၃ ခုနှစ် ဧပြီ လတွင် စစ်တွေမြို့အတွင်းရှိ ဘင်္ဂါလီများကို လူဦးရေစာရင်း ကောက်ယူရေးလုပ်ငန်း(ဆွဲတင် စစ်) ကိုအကောင်အထည်ဖော် ခဲ့သော်လည်း ဘင်္ဂါလီလူမျိုးများ အကြမ်းဖက်ကန့်ကွက်မှုကြောင့် လုပ်ငန်းရပ်ဆိုင်းခဲ့သည်။
(သတင်းအရင်းအမြစ်- 7 Days News)

No comments: