Wednesday, July 16, 2014

ကျောက်ဖြူအထူးစီးပွားရေးဇုန် တည်ဆောက်ရန် တင်ဒါစတင်ခေါ်ယူ

 ကျောက်ဖြူအထူးစီးပွား ရေးဇုန်အကောင်အထည်ဖော်ရန် ဇူလိုင် ၁၄ရက်တွင်အပြည်ပြည် ဆိုင်ရာတင်ဒါခေါ်ယူလိုက်ပြီး အ ကောင်အထည်ဖော်မည့် တည် ဆောက်ရေးသုံးခုအတွက် တစ်ခု ချင်းစီ၏ တင်ဒါမှတ်ပုံတင်ကြေး အဖြစ် အမေရိကန်ဒေါ်လာတစ် ထောင်သတ်မှတ်ထားကြောင်း ကျောက်ဖြူအထူးစီးပွားရေးဇုန်အကောင်အထည်ဖော်ရေးကော်မတီက သတင်းထုတ်ပြန်သည်။
ကျောက်ဖြူအထူးစီးပွားရေး ဇုန်ကို ၂၀၁၅ခုနှစ်တွင်အကောင် အထည်ဖော်နိုင်ရန် ဇူလိုင် ၇ရက်က စင်ကာပူနိုင်ငံတွင် တင်ဒါခေါ်ယူမည့်ဈေးကွက်ရှာဖွေရေး အစည်းအဝေးပြုလုပ်ပြီး ခုနစ်ရက် အကြာတွင်  အစိုးရက တရားဝင် အပြည်ပြည်ဆိုင်ရာ တင်ဒါခေါ် ယူလိုက်ခြင်းဖြစ်သည်။
နိုင်ငံတကာလုပ်ငန်းရှင်များ ကို တင်ဒါခေါ်ယူသောလုပ်ငန်း များမှာ ဆိပ်ကမ်းတည်ဆောက် ရေး၊ စက်မှုဇုန်အကောင်အထည် ဖော်ရေး၊ အခြေခံအဆောက်အ အုံများအကောင်အထည်ဖော်ရေး စသည့်လုပ်ငန်းများဖြစ်ပြီး သြဂုတ် ၂၅ရက် နောက်ဆုံးထား၍ လျှောက်ထားရမည်ဖြစ်သည်။
ယခင်က ကျောက်ဖြူအထူး စီးပွားရေးဇုန်နယ်မြေကို ဧကတစ် ထောင်ကျော်ဖြင့်စတင်အကောင် အထည်ဖော်သွားမည်ဟု အစိုးရ က ထုတ်ပြန်ထားသော်လည်းအ ကောင်အထည်ဖော်မည့်နေရာ တွင် ရွှံ့မီးတောင်ရှိသောကြောင့် ယခင်မြေပုံကို ပြင်ဆင်သတ်မှတ် လိုက်သည်။ အသစ်ပြင်ဆင်သတ် မှတ်လိုက်သည့်ကျောက်ဖြူအထူး စီးပွားရေးဇုန်သည် မြေဧကလေး ထောင်ကျော်ကျယ်ဝန်းသည်။
ဆိပ်ကမ်း၊ စက်မှုဇုန်နှင့်အ ခြေခံအဆောက်အအုံများအ ကောင်အထည်ဖော်ရေးသည် ၂၀၃၆ခုနှစ်အထိ ဖွံ့ဖြိုးရေးဆက် လက်လုပ်ကိုင်နိုင်မည့်နယ်မြေအ နေအထားကိုစီမံကိန်းရေးဆွဲထား ခြင်းဖြစ်သည်ဟု စီမံကိန်းရေးဆွဲ သည့်အကြံပေးကုမ္ပဏီ CPG က ခန့်မှန်းထားသည်။
မြေဧကလေးထောင်သည် စကွဲစတုရန်းကီလိုမီတာ ၁၉ရှိပြီး  မိုင်အားဖြင့် ၇မိုင်ကျယ်ဝန်းသည်။ ဆိပ်ကမ်းတည်ဆောက်ရေးအ တွက်တစ်မိုင်၊ စက်မှုဇုန်တည် ဆောက်ရေးအတွက် သုံးမိုင်ခွဲ ကျော်နှင့်မြို့ပြနှင့်  အခြေခံအ ဆောက်အအုံများတည်ဆောက် ရေးအတွက် နှစ်မိုင်ခွဲကျော်အသုံး ပြုရန်လျာထားကြောင်းအကြံပေး ကုမ္ပဏီကဆိုသည်။
ယခင်ကျောက်ဖြူအထူးစီး ပွားရေးဇုန်၏ ဧရိယာတွင် ရွှံ့မီး တောင်နှင့် ကျေးရွာနှစ်ရွာပါခဲ့ သော်လည်း ယခုတိုးချဲ့လိုက် သည့် နယ်မြေအတွင်း ရွှံ့မီးတောင်နှင့်ကျေးရွာနှစ်ရွာမပါဝင် တော့ဘဲ လယ်ယာမြေနှင့်စား ကျက်မြေ   အနည်းအကျဉ်းပါ နိုင်သည်ဟု ရထားပို့ဆောင်ရေး ၀န်ကြီးဌာန  ဒုတိယ၀န်ကြီးဦးမြင့် သိန်းကဖြေကြားသည်။
စီမံကိန်းအကောင်အထည် ဖော်ရေးအတွက် ရင်းနှီးတည် ဆောက်သူသုံးဦးကို ဒီဇင်ဘာလ အကုန်တွင်အပြီးသတ်ရွေးချယ် ရန်လျာထားပြီး စီမံကိန်းများကို ၂၀၁၅ခုနှစ်မတ်လတွင်အကောင် အထည်ဖော်ရန် မျှော်မှန်းထားသည်။ ကျောက်ဖြူအထူးစီးပွားရေး ဇုန်သည် တရုတ်-အိန္ဒိယနှင့် အ ရှေ့တောင်အာရှနိုင်ငံများသို့  ဆက်သွယ်ပေးမည့်အချက်အချာ ကျသည့် စီးပွားရေးရပ်ဝန်းတစ်ခု ဖြစ်သောကြောင့်အကောင်အ ထည်ပေါ်လာပါက တိုင်းပြည်၏ ၀င်ငွေ ၈၀ရာခိုင်နှုန်းရှာဖွေပေး နိုင်သည်ဟု မြန်မာနိုင်ငံနှင့် ပူး ပေါင်းဆောင်ရွက်နေသော CPG အကြံပေးကုမ္ပဏီက   ခန့်မှန်း သည်။
(သတင်းအရင်းအမြစ်- 7 Days News)

No comments: