Thursday, July 10, 2014

ရခိုင်ပြည်နယ် ပဋိပက္ခများအား နိုင်ငံတကာ စံချိန်စံညွှန်းနှင့် အညီ ဖြေရှင်းပေးမည်ဟု ၀န်ကြီးချုပ်သစ်ဆို


ရခိုင်ပြည်နယ်တွင် လက်ရှိ ကြုံတွေ့နေရသော ပြဿနာများကို နိုင်ငံတကာ စံချိန်စံညွှန်းနှင့်အညီ ဖြေရှင်းပေး သွားမည်ဟု ဇူလိုင်လ (၈)ရက် နေ့က စစ်တွေမြို့ ၊ ဦးဥတ္တမခန်းမ၌ အစ္စလာမ် ဘာသာဝင်များနှင့် တွေ့ဆုံစဉ် ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးမောင်မောင်အုန်း က ပြောကြား ခဲ့ကြောင်း ဆွေးနွေးပွဲသို့ တက်ရောက်သူများ ထံမှ သတင်းရရှိသည်။
ဒီပဋိပက္ခတွေကို နိုင်ငံတကာ စံချိန်စံညွှန်းနဲ့ အညီ ဖြေရှင်းပေးမယ် ဆိုတာ တစ်ခုနဲ့တင် ကျွန်တော်တို့က ၀န်ကြီးချုပ်အပေါ်မှာ တစ်ဝက် လောက် ယုံကြည်မှုရှိ ပါတယ် ဟု တွေ့ဆုံပွဲ တက်ရောက်ခဲ့သော အစ္စလာမ် ဘာသာဝင် ဦးရွှေမောင်က The Messenger Media သို့ ပြောသည်။ ၁၉၈၂ ဥပဒေအရ နိုင်ငံသားဖြစ်ခွင့် မရှိသည့် လူများအား မည်သည့်နည်းနှင့်မှ နိုင်ငံသား ဖြစ်ခွင့်မရစေရန် ဆောင်ရွက်မည် ဟုလည်း ဦးမောင်မောင်အုန်း က ပြောကြားကြောင်း ဦးရွှေမောင် က ဆိုသည်။
ဒီဇင်ဘာလတွင် မဟာ ဓာတ်အားလိုင်း ပုဏ္ဏးကျွန်းသို့ ရောက်မည်ဖြစ်ပြီး၊ ယင်းအချိန်တွင် ပုဏ္ဏးကျွန်း စက်မှုဇုန် စီမံကိန်း အကောင်အထည် ဖော်မည် ဟုလည်း ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းမှ ပြောကြားခဲ့ကြောင်း သိရသည်။ ရခိုင်ပြည်နယ် ၀န်ကြီးဖြစ်ရခြင်းအပေါ် ရခိုင်သားတစ် ယောက် ကဲ့သို့ပင် ခံစားရကြောင်း၊ ရခိုင်ပြည်နယ်တွင် တာဝန်ကျေသော ၀န်ကြီးချုပ်တစ်ယောက်ဖြစ်ရန် ကြိုးစားသွားမည်ကို ဒေသခံများမှ ယုံကြည်ပေး စေလိုကြောင်းလည်း ၀န်ကြီးချုပ်က ထည့်သွင်းပြောကြားခဲ့သည်။
ဒေသခံတွေ အနေနဲ့ ၀န်ကြီးချုပ်သစ်ရဲ့ရှေ့ဆက် ဆောင်ရွက်မယ့် လုပ်ငန်းစဉ်တွေကို စောင့်ကြည့်ပြီးမှပဲ ယုံကြည်နိုင်ကြလိမ့် မယ်ထင်ပါ တယ် ဟု စစ်တွေမြို့ မြို့မိ မြို့ဖ တစ်ဦးဖြစ်သူ ဦးသန်းထွန်းက The Messenger Media သို့ ပြောသည်။ ၀န်ကြီးချုပ်သစ် ဦးမောင်မောင်အုန်းအား ရခိုင် တိုင်းရင်းသား မဟုတ်သောကြောင့် ဒေသခံများက ဝေဖန်မှုတချို့ ရှိခဲ့သည်။
(သတင်းအရင်းအမြစ်- Messenger)

No comments: