Thursday, July 10, 2014

ရွှေ စီမံကိန်း မှ သဘာဝ ဓာတ်ငွေ့ များ ပုံမှန် ပြန်လည် ပို့ လွှတ်ပေးနေ

မြန်မာ ရေနံနှင့် သဘာဝ ဓာတ်ငွေ့ လုပ်ငန်းနှင့် Daewoo ကုမ္ပဏီတို့ အကျိုးတူပူးပေါင်း ဆောင်ရွက်လျက်ရှိသော ရခိုင်ကမ်းလွန်ဒေသရှိ ရွှေစီမံကိန်း၏ ကျောက်ဖြူကုန်းတွင်း သဘာဝ ဓာတ်ငွေ့ ထိန်းဖြန့်စခန်း (Onland Gas Terminal , OGT ) ၏ ဓာတ်ငွေ့ပို့လွှတ်သည့် စနစ်တွင် ချို့ ယွင်းမှု ဖြစ်ပေါ်ခဲ့သဖြင့် ဇွန်လ ၂၆ ရက်နေ့ ည ၉ နာရီခွဲမှ စတင်ကာ ရွှေစီမံကိန်းမှ သဘာဝဓါတ်ငွေ့ ပို့ လွှတ်မှုအား ရပ်ဆိုင်းထား ခဲ့ကြောင်း သတင်းရရှိသည်။
ရွှေစီမံကိန်း၏ operator ဖြစ်သူ Daewoo ကုမ္ပဏီသည် ပြုပြင်မှု လုပ်ငန်းများ အား ချက်ချင်းဆောင်ရွက်ခဲ့ပြီး အဆိုပါ ပြုပြင်ဆဲ ကာလအတွင်း ရွှေစီမံကိန်းမှ ထုတ်လုပ်မှုကို ရပ်ဆိုင်းထားသော်လည်း ၄၀ လက်မ ပိုက်လိုင်းအတွင်း ကျန်ရှိသော ဓာတ်ငွေ့လက်ကျန်ဖြင့် ပြည်တွင်း စက်ရုံ အလုပ်ရုံများဖြစ်သည့် ကျောက်ဖြူ သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံ ၊ကျောက်ဆည် ဒေသရှိ သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံ ၊ ကျောက်ဆည် ဒေသရှိ သဘာဝဓါတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံ ၊ မှန်စက်ရုံနှင့် ရေနံချောင်း ဒေသရှိ အခြား စက်ရုံများသို့ သဘာဝဓာတ်ငွေ့ စဉ်ဆက်မပြတ် ပေးပို့ ဖြန့်ဖြူးနိုင်ခဲ့ကြောင်း သိရသည်။
ယခုအခါ ကျောက်ဖြူ ကုန်းတွင်း သဘာဝဓာတ်ငွေ့ စခန်းတွင် ပြုပြင်မှု လုပ်ငန်းများ ပြီးစီး သွားပြီဖြစ်ရာ ဇူုလိုင်လ ၇ ရက်နေ့ ည နာ၇ီ မှ စတင် ၍ ရွှေစီမံကိန်းမှ သဘာဝ ဓာတ်ငွေ့ ပြန်လည်ပို့ လွှတ် နိုင်ခဲ့ပြီး စက်ရုံများသို့ ပုံမှန် ပေးပို့ ဖြန့် ဖြူးပေးလျှက်ရှိကြောင်း သတင်းရရှိသည်။
(သတင်းအရင်းအမြစ်- Yangon Media Group၊ ဓာတ်ပုံ- အင်တာနက်)

No comments: