Friday, July 4, 2014

မောင်တောနယ်စပ်မှ တူးမီးကိုင်၍ ထောင်ချခံရသူ၏ ပြစ်ဒဏ်ပြင်ဆင်သတ်မှတ်

Downtown-of-Maungdaw
မောင်တောမြို့ တစ်နေရာ။
ဇွန်လ ၂၆ ရက်နေ့က ထောင်ဒဏ် (၁) နှစ် ချမှတ်ခံရသူ ကိုသန်းထိုက်အတွက် မိသားစုက အယူခံဝင်ရာ မြို့နယ် တရားရုံးမှ ပြစ်ဒဏ်ကို ပြင်ဆင်သတ်မှတ်ပေးလိုက်သည်ဟု သူ၏ ညီမ ဖြစ်သူ မပေါက်ပေါက်က ပြောသည်။
“ ကျွန်မ အစ်ကိုရဲ့ ပြစ်ဒဏ်ကို တရားရုံးက ပြင်ဆင် သတ်မှတ်ပေးရာမှာ ၆ လ လျှော့ပေါ့ပေးလိုက်ပါတယ်။ တရားရုံးကိုရော လိုက်ပါ ကူညီကြတဲ့သူတွေရော အကုန်လုံးကို ကျေးဇူးတင်ပါတယ်” ဟု ဆိုသည်။
ကိုသန်းထိုက်သည် ရခိုင်ပြည်နယ် အနောက်ဘက်နယ်စပ်  မောင်တောမြို့နယ် မြောက်ပိုင်း တောင်ပြိုမြို့နယ်ခွဲ၊ သဲချောင်းအုပ်စု၊ ကျွန်းတောင်ရွာဟောင်းတွင် တစ်ဦးတည်းနေထိုင်ကာ တူးမီး လုပ်သေနတ် တစ်လက်ဖြင့် ၎င်း၏ ဘိုးဘွားပိုင် လယ်မြေကို ကာကွယ်နေသူ တစ်ဦးဖြစ်သည်။
ယင်းသို့ ကာကွယ်နေစဉ် ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ ၈ ရက်နေ့တွင် တောင်ပြိုမြို့နယ်ခွဲ ရဲစခန်းတွင် တာဝန်ကျနေသူ ဒုရဲအုပ် ရဲရင့်မင်းဖြိုးဝေမှ ၎င်းရွာသို့ သွားရောက်ပြီး ဦးသန်းထိုက်အား ဖမ်းဆီးခဲ့ကာ တရားမ၀င် သေနတ်ကိုင်ဆောင်မူဖြင့် တရားစွဲဆိုခဲ့သည်။
ကိုသန်းထိုက်အား ယခုနှစ် ဇွန်လ  ၂၆ ရက်နေ့က မောင်တောမြို့နယ် တရားရုံးမှ ၎င်းအမူဖြင့် ထောင်ဒဏ် (၁) နှစ် ချမှတ်လိုက်ရာ  မိသားစုက မကျေနပ်၍ မြိ့နယ် တရားရုံးသို့ အယူခံဝင်ရာ ဇူလိုင်လ ၃ ရက်နေ့ ပြစ်ဒဏ်ကို (၆)လ ဟု လျှော့ချ ပြင်ဆင် သတ်မှတ် ပေးလိုက်သည်ဟု သိရသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

No comments: