ယင်းကျောင်းပြုပြင်ရန်ငွေများကို အမှတ်(၁)အခြေခံပညာဦးစီးဌာနမှ ခွင့်ပြုပေးခြင်းဖြစ်ကြောင်း ချောင်းနွယ်ရွာ မူလွန်ကျောင်းအုပ် ဆရာကြီးဦးဘတင်က နိရဉ္စရာသို့ပြောသည်။
“ဟုတ်ပါတယ်၊ခွင့်ပြုငွေ(၂ ဒသမ ၁၈)သန်း ကျပါတယ်။
သိန်းဂဏန်းအားဖြင့်ဆိုရင် နှစ်ဆယ့်တစ်သိန်းနဲ့ ရှစ်သောင်း ဖြစ်တယ်။
အမှတ်(၁)အခြေခံပညာဦးစီးဌာန ညွှန်ချုပ်ကိုယ်တိုင်လက်မှတ်ထိုး ပြီး ခွင့်ပြုလိုက်တာလေ။ လောလောဆယ် ကျောင်းကို အရေးပေါ်ပြုပြင်ဖို့ပေါ့”ဟု ပြောသည်။
ယခုခွင့်ပြုလိုက်သောငွေများဖြင့်  လာမည့်အပတ်တွင် ကျောင်းအား အရေးပေါ်ပြုပြင်ခြင်းများ ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
သို့ရာတွင် ယင်းပျက်စီးသွားသောကျောင်းကို အပြည့်အစုံပြန်လည်ပြုပြင်မည်ဆို ပါက ယခုခွင့်ပြုသော ကျပ်သိန်း(၂၀)ဖြင့် လုံလောက်မည်မဟုတ်ကြောင်း ဆရာကြီးက ဆက်ဆိုသည်။
“တကယ်ပြုပြင်မယ်ဆိုတော့ ဒီလောက်ငွေနဲ့တော့ ဘယ်ဖြစ်မလဲ။ ကျောင်းခေါင်မိုးတွေကိုတော့ ရွာကကျောင်း အကျိုးဆောင်အဖွဲ့တွေနဲ့ စီစဉ်ပြီး ပြုပြင်ထားပြီ။ လောလောဆယ် ကလေးတွေ စာသင်လို့ရအောင်ပေါ့။ထပ်ပြုပြင် စရာတွေတော့ ကျန်သေးတယ်ပေါ့၊ဒီတစ်ပတ်လောက်ကို ငွေထုတ်ပြီးရင် ပြုပြင်စရာရှိတာပြုပြင်တော့မယ်” ဟု ဆိုသည်။
လွန်ခဲ့သော ဇွန်လ(၁၉)ရက်နေ့ကတိုက်ခတ်ခဲ့သော လေဆင်နှာမောင်းဒဏ်ကြောင့် ချောင်းနွယ်ရွာရှိ မူလွန်ကျောင်း၏ ခေါင်မိုးများပွင့်ထွက်ပျက်စီး သွားပြီး တတိယတန်းကျောင်းသားတစ်ဦးတွင် ဦးခေါင်းတွင် ဒဏ်ရာများရရှိခဲ့သည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)
သို့ရာတွင် ယင်းပျက်စီးသွားသောကျောင်းကို အပြည့်အစုံပြန်လည်ပြုပြင်မည်ဆို
“တကယ်ပြုပြင်မယ်ဆိုတော့ ဒီလောက်ငွေနဲ့တော့ ဘယ်ဖြစ်မလဲ။ ကျောင်းခေါင်မိုးတွေကိုတော့ ရွာကကျောင်း အကျိုးဆောင်အဖွဲ့တွေနဲ့ စီစဉ်ပြီး ပြုပြင်ထားပြီ။ လောလောဆယ် ကလေးတွေ စာသင်လို့ရအောင်ပေါ့။ထပ်ပြုပြင်
လွန်ခဲ့သော ဇွန်လ(၁၉)ရက်နေ့ကတိုက်ခတ်ခဲ့သော လေဆင်နှာမောင်းဒဏ်ကြောင့် ချောင်းနွယ်ရွာရှိ မူလွန်ကျောင်း၏ ခေါင်မိုးများပွင့်ထွက်ပျက်စီး
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)
No comments:
Post a Comment