Friday, July 4, 2014

မာန်အောင်တွင် ယာဘား(၄၈) ပြား၊ ပိုက်ဆံ (၄၂) သိန်းကိစ္စကြောင့် လူ (၄) ဦးထိန်းသိမ်းခံရ

Man Aung
ရခိုင်ပြည်နယ် မာန်အောင်မြို့တွင် ယာဘားဆေးပြား (၄၈)ပြား၊ ကျပ်သိန်း (၄၂) သိန်းနှင့် အတူ လူ (၄) ဦးကို ရဲတပ်ဖွဲ့က ဆက်စပ် ဖမ်းဆီးထိန်းသိမ်းလိုက်သည်ဟု သိရသည်။
“ ဟုတ်ပါတယ်။ မှန်ပါတယ်။ မူးယစ်ဆေးဝါး ယာဘားဆေးပြားတွေကို  တစ်ဦးဆီက ရတာပါ။ မာန်အောင်မြို့အနောက်စုရပ်ကွက်က ကိုသာခေါင်ကြီး(ခေါ်) ကိုကိုအောင်ဆီက ဖြစ်ပါတယ်။  ခေါ်စစ်တာက နှစ်ဦး သုံးဦးရှိပါတယ်” ဟု မာန်အောင်မြို့ ရဲစခန်းမှတာဝန်ရှိသူက နိရဉ္စရာသို့ အတည်ပြုပြောကြားသည်။
“ ပိုက်ဆံက ၄၂ သိန်း၊ ဆေးပြားက ၄၈ ပြားဖမ်းမိတာ ဖြစ်ပါတယ်” ဟု သူက ဆက်ဆိုသည်။
နောက်ထပ် သုံးယောက်မှာ ဖမ်းဆီးရမိသူနှင့် အတူ ရှိနေသဖြင့် ခေါ်ယူစစ်ဆေးခြင်းသာ ဖြစ်ကြောင်း သူက ဆက်ပြောသည်။
“ ခေါ်ယူစစ်ဆေးခံရတာက ဦးထွန်းမင်းလတ်၊ နောက်တစ်ယောက်က ဖိုးထူး။ နောက်တစ်ယောက် ကတော့ နာမည် မေ့သွားပါတယ်။ သူတို့ဆီကတော့ ဆေးပြားတွေ မိတာ မဟုတ်ပါဘူး။ ဖမ်းဆီးချိန်မှာ အတူရှိနေတဲ့ အတွက် ဖမ်းဆီး စစ်ဆေးတာ ဖြစ်ပါတယ်” ဟု ဆိုသည်။
ယခုအခါ သူတို့ (၃) ဦးထဲမှ တစ်ဦးကို မသေချာသဖြင့် ခံဝန်ချက်ဖြင့် လွှတ်ပေးလိုက်ပြီဟု သိရသည်။
ယခင်က ယာဘားဆေးပြား ရောင်းဝယ်ဖေါက်ကားမူဖြင့် ဖမ်းဆီးမူ မာန်အောင်တွင် မရှိခဲ့ဖူးကြောင်း၊ ယခုတစ်ကြိမ်မှာ ပထမဆုံး အကြိမ်ဖြစ်ကြောင်း ရဲတာဝန်ရှိသူက ဆိုသည်။
မာန်အောင်မြို့မှ ဒေသခံ တစ်ဦးဖြစ်သူ ဦးသန်းလိုင်မှ ယခုဖမ်းဆီးမူမှာ ယနေ့နံနက်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မာန်အောင်မြို့ကို မူးယစ်ဆေးဝါးအန္တရာယ်မှ ကင်းဝေးအောင် ပါဝင်ဆက်စပ်သူများကို ဖေါ်ထုတ်ပြီး ရဲတပ်ဖွဲ့က မှန်မှန်ကန်ကန် အရေးယူဆောင်ရွက်စေလိုဟု ပြောသည်။
(သတင်းအရင်းအမြစ်-နိရဉ္စရာသတင်းဌာန)

No comments: