Thursday, July 10, 2014

မြောက်ဦးမြို့နယ်တွင် မိုးကြိုးပစ်၍ လူ တစ်ဦးသေဆုံး

မိုးကြိုးသည် တိမ်ညိုရွာအရှေ့ဘက် လယ်ကွင်းထဲတွင် မြက်နုတ်နေသူများကို ပစ်ခဲ့သည်။ (ဓါတ်ပုံ- နိရဉ္စရာ)
မိုးကြိုးသည် တိမ်ညိုရွာအရှေ့ဘက် လယ်ကွင်းထဲတွင် မြက်နုတ်နေသူများကို ပစ်ခဲ့သည်။ (ဓါတ်ပုံ- နိရဉ္စရာ)
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်တွင် မိုးကြိုးထိမှန်၍ လယ်ယာစိုက်ပျိုးနေသူ တစ်ဦး သေဆုံးသွားသည်ဟု သိရသည်။
သေဆုံးသွားသူမှာ မြောက်ဦးမြို့နယ် အောက်သကန် ကျေးရွာနေ ထွန်းအေး (ဘ) ဦးအေးထွန်း ဖြစ်ကြောင်း တိမ်ညိုရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးက နိရဉ္စရာသို့ အတည်ပြု ပြောကြားသည်။
“ ဖြစ်တာက ဒီလ ၇ ရက်နေ့ နေ့လည် တစ်နာရီခွဲခန့်မှာ မိုးကြိုးပစ်တာပါ။ သူက တိမ်ညိုရွာ ဘူတာ အရှေ့ဘက် လယ်ကွင်းမှာ မြက်နုတ်နေတုန်း မိုးကြိုးထိမှန်ပီး သေဆုံးသွားပါတယ်။ ကျန်တဲ့ လူအချို့လည်း သတိမေ့သွားခဲ့ကြပါတယ်။ အခုတော့ ကောင်းသွားပါပြီ” ဟု ရဲစခန်း တာဝန်ရှိသူမှ ပြောဆိုသည်။
သတိမေ့မျော့သွားသူမှာ တိမ်ညိုရွာ ရွာသစ်တွင် နေထိုင်သူ ဦးအောင်ကြီးဖြစ်ပြီး သေဆုံးသွားသူ ထွန်းအေးမှာ ဦးအောင်ကြီးထံတွင် သူရင်းဌား အဖြစ် လုပ်ကိုင်နေသူ ဖြစ်ကြာင်း ဒေသခံ တစ်ဦးက ပြောဆိုသည်။
သေဆုံးသူ ထွန်းအေးအား ယမန်နေ့ သဂြိုလ်ခဲ့သည်ဟု သိရသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

No comments: