Monday, August 18, 2014

စူပါမွန်းသတိပေးမူ သံတွဲငပလီတွင်ပြုလုပ်

Thandwe-beach
ယနေ့ သံတွဲ ငပလီ ကမ်းခြေ။
Supermoon ( စူပါမွန်း)ကြောင့် ပင်လယ်ရေမျက်နာပြင် မြင့်တက်ခြင်း၊ ငလျင်လူပ်ခြင်းများ ဖြစ်ပေါ် လာနိုင်သဖြင့် သံတွဲ ငပလီ ကမ်းခြေတွင် အသံချဲ့စက်များဖြင့် သတိပေးမူများ ပြုလုပ်ခဲ့သည်ဟု သတင်း ရရှိသည်။
သြဂုတ်လ ၁၀ ရက်နေ့တွင် နေ၊ ကမ္ဘာနှင့် လ တတန်းဖြစ်ချိန်တွင် လမှ ဆွဲအားကြောင့် ပင်လယ်ဒီရေမှာ ပိုပြီး မြင့်တက်လာပြီး ငလျင်စသော သဘာဝ ဘေးအန္တရယ်ဆိုများ ကျရောက်နိုင်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒပညာရှင်များက သတိပေးထားသည်။
“ ငပလီ ကမ်းခြေတစ်လျှောက်နေ ပြည်သူတွေကို သြဂုတ်လ ၉ ရက်နေ့ကနေ ၁၁ ရက်နေ့ထိ ပင်လယ်ကို ငါးရှာ မဆင်းဖို့နဲ့၊ ပင်လယ်ကမ်းခြေတွေမှာ ရေးဆင်းကူးတာတွေ မပြုလုပ်ဖို့ ဆိုက်ကားပေါ်မှာ အသံချဲ့စက်ကို တင်ပြီး ကမ်းခြေတလျှောက် ဆော်သြ သတိပေးမူတွေ ပြုလုပ်ထားပါတယ်” ဟု ဒေသအတွင်းက သတင်းထောက် တစ်ဦးဖြစ်သူ ကိုနေဇော်က ပြောသည်။
ယင်းသို့ သတိပေးမူကို သက်ဆိုင်ရာ ဌာနဆိုင်ရာများ၏ ညွှန်ကြားချက်များဖြင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးများမှ ပြုလုပ်ခြင်း ဖြစ်ပြီး ဒေသခံအများစုမှာ ယခုရက်ပိုင်းအတွင်း ပင်လယ်ထဲကို ဆင်းသူ အထူးနည်းပါးသွားသည်ဟု သိရသည်။
မြန်မာနိုင်ငံ အောက်ပိုင်းဒေသများတွင် မုတ်သုန်မိုးကြောင့် ဒီရေများ မြင့်တက်ပြီး နေရာ အနှံ့အပြားတွင် ရေကြီးမူများ ဖြစ်ပေါ်နေသဖြင့် စူပါမွန်းကြောင့် သဘာဝ ဘေးဆိုးများ ဖြစ်ပေါ်လာမည်ကို စိုးရိမ်မူများလည်း ရှိနေသည်ဟု သိရသည်။
Supermoon ( စူပါမွန်း) နေ့တွင် ကမ္ဘာသူ ကမ္ဘာသားများ အနေဖြင့် လကို ယခင်က မြင်နေကျထက် အဆ ၁၅ ဆ ပိုကြီးမားသော အရွယ်အစားနှင့် တွေ့မြင်ရမည် ဖြစ်သဖြင့် သိပ္ပံပညာရှင်များနှင့် မိုးလေဝသ ပညာရှင်တွေ အပါအဝင် နက္ခတ္တ ပညာရှင်တွေ စိတ်ဝင်တစား စောင့်ကြည့်နေကြသည်ဟု သိရသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

No comments: