ဖမ်းဆီးခံရသူမှာ စုစုပေါင်း ၅၆ ဦးဖြစ်ကြောင်း၊ ဖမ်းဆီးခံရရာတွင် လူကုန်ကူးသူ နှစ်ဦး ပါဝင်ကြောင်း၊ လူကုန်ကူးသူ နောက်တစ်ဦးမှာမူ ထွက်ပြေးလွတ်မြောက်သွားကြောင်း ရဲက ပြောဆိုကြောင်း သတင်းကဆိုသည်။
ယခုအခါ သူတို့အား ဖမ်းဆီးထိန်းသိမ်းထားပြီး စစ်ဆေးမူများ ပြုလုပ်နေကြောင်း သိရသည်။
ယင်းအပြင် ကော့စ်ဘာဇားမြို့ ကိုလာတိုလီရှိ တည်းခိုခန်းတခုမှ လူကုန်ကူးသူ ၂ ဦးနှင့် မလေးရှားသွားမည့်သူ ၁၅ ဦးကိုလည်း ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ကြောင်းသိရသည်။
သြဂုတ်လ ၃ ရက်နေ့ကလည်း လူပေါင်း ၆၀ ကျော်တင်ဆောင်ပြီး မလေးသွားမည့် စက်လှေတစ်စီး ကော့စ်ဘာဇားမြို့အနီးတွင် ပျက်စီးသွားခဲ့သည်။
ပျက်စီးသွားသည့် စက်လှေမှလူများမှာ ကမ်းခြေသို့ ထွက်ပြေး လွတ်မြောက်သွားကြသော်လည်း နော်ဆိမ်းဒီခရိုင် ရိုင်ပူမြို့နယ်မှ အသက် ၃၅ နှစ်အရွယ် ရှာဟီးမီယာဆိုသူ တစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။
ဘင်္ဂလာဒေခ်ျ့ နိုင်ငံသားများသည် သူ့နိုင်ငံအတွင်း အလုပ်အကိုင် ရှားပါးမူကြောင့် မြန်မာနိုင်ငံနှင့် ဘင်္ဂလာဒေခ်ျ့နယ်စပ်မှ နေ၍ မလေးရှားကို နှစ်စဉ်ထွက်ခွာလေ့ရှိပြီး မလေးရှားသို့ ရောက်လျှင် မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး ချိုးဖေါက်ခံရ၍ ထွက်ပြေးလာသူ မြန်မာနိုင်ငံမှ လူနည်းစု မူဆလင်များ ဖြစ်သည်ဟု လိမ်လည် ပြောဆိုကာ အကူအညီနှင့် ခိုလုံခွင့်များတောင်းခံလေ့ရှိကြောင်း သိရသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)
No comments:
Post a Comment