Friday, August 15, 2014

Ooredoo ၀န်ဆောင်မူ ရခိုင်ထိတိုးချဲ့နိုင်မည်မဟုတ်သေး

Ooredoo
Ooredoo မြန်မာစာနယ်ဇင်း ရှင်းလင်းပွဲ (ဓါတ်ပုံ- နိရဉ္စရာ)
သြဂုတ်လ ၁၅ ရက်နေ့မှ စတင်ဖြန့်ကျက်မည့် Ooredoo ၀န်ဆောင်မူပေးမည့် ပထအစီအစဉ်ထဲတွင် ရခိုင်ပြည်နယ် မပါဝင်သေးကြောင်း သိရသည်။
Ooredoo ကုမ္ပဏီသည် လာမည့်  သြဂုတ်လ ၁၅ ရက်နေ့မှ စတင်ပြီး  ရန်ကုန် ၊ နေပြည်တော်၊ မန္တလေး အပြင် မကွေးတိုင်း၊  စစ်ကိုင်း တိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်းတို့မှ မြို့ပေါင်း ၆၈ မြို့ အထိ ဝန်ဆောင်မှု တိုးချဲ့သွားမည်ဟု သြဂုတ်လ (၂) ရက်နေ့က ရန်ကုန်မြို့ Shangri-La ဟိုတည်တွင် ပြုလုပ်သော မြန်မာစာနယ်ဇင်း ရှင်းလင်းပွဲတွင် ooredoo ၏ CEO Ross Cormack ပြောသည်။
ရခိုင်ပြည်နယ်တွင် ooredoo ၀န်ဆောင်မူကို ဘယ်တော့ စနိုင်ပါမလဲဟု မေးမြန်းရာ ဈေးကွက် အရောင်းမြင့်တင်ရေး မန်နေဂျာ ဒေါ်သီရိကြာညိုက ယခုလို ပြောသည်။
“ လောလောဆယ်တို့ ရခိုင်ပြည်နယ် မပါဝင်သေးဘူးရှင်။ ဒါပေမယ့် သိပ်မကြာခင် တိုးချဲ့သွားမှာ ဖြစ်ပါတယ်။ တစ်ခုပြီး တစ်ခု တိုးချဲ့သွားမှာ ဖြစ်ပါတယ်။ အခုမပါဝင်တာကိုတော့ နားလည်ပေးစေချင်ပါတယ်ရှင်” ဟု သူမက ပြောသည်။
Ooredoo သည် ယခုလောလောဆယ်တွင် မြန်မာနိုင်ငံ အတွင်း ဆိုင်ခွဲပေါင်း ၆၅၀၀ ဖွင့်လှစ်ပြီး ရောင်းချသွားမည် ဖြစ်ကြောင်း Sim Card (ဆင်းမ်ကတ်) တစ်ခုကို  ကျပ် ၁၅ဝဝ ဈေးဖြင့် ၀န်ဆောင်မူ ပေးသွားမည်ဟု ဆိုသည်။
ယင်းပြင် Ooredoo ဖုံးအချင်းချင်းဆက်သွယ်ပါက တမိနစ် ၂၅ ကျပ်သာ ၀န်ဆောင်မူ ပေးရမည် ဖြစ်ပြီး တခြားဖုန်းများသို့ ခေါ်ဆိုပါ တမိနစ် ၃၅ ကျပ်ပေးဆောင်ရမည်ဟု ဆိုသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

No comments: