Tuesday, December 9, 2014

မြောက်ဦး နတ်ချောင်းရွာတွင် ကျွဲ ၉ ကောင် အခိုးခံရ


bufflos
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် နတ်ချောင်းကျေးရွာတွင် ယခုလ ၂ ရက်နေ့ ညဉ့်က ကျွဲ ၉ကောင် တစ်ပြိုင်နက်တည်း အခိုးခံခဲ့ရသည်ဟု သိရသည်။
“ ဦးစိန်ထွန်းထံမှ ၈ ကောင်၊ သူရဲ့ သမက် မောင်သိန်းရွှေဆီက တစ်ကောင်ပါ။ စုစုပေါင်း ၈ ကောင်ပါ” ဟု ဒေသခံ တစ်ဦးဖြစ်သူ ဦးခင်မောင်မြင့်က ပြောသည်။
၎င်းကျွဲများအား ခြံတွင် ချည်နှောင်ထားစဉ် ညဉ့်အချိန် ၀င်ရောက်လာပြီး စက်လှေဖြင့် တင်ဆောင် ခိုးယူသွားခြင်း ဖြစ်သည်ဟု သိရသည်။
“ ခန့်မှန်းရတာက သူတို့ ကျွဲတွေကို ခိုးပြီး မြစ်ကြောင်းအတိုင်း စုန်ဆင်းသွားတယ်လို့ သိရပါတယ်။ သူတို့မှာ ရှေ့ပြေး ဟွန်ဒါ စက်လှေ တစ်စီးလည်း အတူ ကပ်ပါလာတယ်လို့ သိရပါတယ်” ဟု သူက ဆက်ဆိုသည်။
ကျွဲခိုးခံရမူကို မြောက်ဦးရဲစခန်းတွင် ဒီဇင်ဘာလ ၃ ရက်နေ့က ပိုင်ရှင်ဖြစ်သူ ဦးစိန်ထွန်းက သွားရောက် တိုင်တန်း အမှုဖွင့်ခဲ့သည်ဟု သိရသည်။ သို့သော်လည်း ကျွဲနွားခိုးမှုကို ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့က ဖေါ်ထုတ်နိုင်သည်မှာ မရှိသလောက် နည်းပါးကြောင်း သိရသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

No comments: