Tuesday, December 2, 2014

ပွင့်ပွင့်လင်းလင်းပြောရလျှင်

ပွင့်ပွင့်လင်းလင်းပြောရလျှင်
===========================
မစ္စတာဘန်ကီမွန်းကို ကန့်ကွက်ခြင်း
===========================
-မောင်သိန်းညွန့် (ကော့ကရိတ်)
၁၄-၁၁-၂ဝ၁၄ နေ့ကကျင်းပတဲ့ ပြည် ထောင်စုလွှတ်တော်မှာ အရေးကြီးအဆို တစ်ရပ်တင်သွင်းပြီး ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းကို ကျွန် တော်ကန့်ကွက်ခဲ့ပါတယ်။ အရေးကြီးအဆို ဆိုတာက အများပြည်သူနှင့်သက်ဆိုင်သော လောလောဆယ် အရေးတကြီးကိစ္စတစ်ရပ်ကို တင်ပြခြင်းပါပဲ။ အများပြည်သူသိရှိနိုင်ရန် အ ရေးတကြီးအဆိုနှင့်ပတ်သက်၍ ဆွေးနွေးချက် ကို အောက်ပါ အတိုင်းဖော်ပြအပ်ပါတယ်။
ဦးသိန်းညွန့် (သင်္ဃန်းကျွန်းမဲဆန္ဒနယ်၊ ရန်ကုန် တိုင်းဒေသကြီး)
လေးစားအပ်ပါသော ပြည်ထောင်စုလွှတ်တော်နာယကကြီးနှင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ ၁၂-၁၁-၂ဝ၁၄ ရက်က ကျင်းပပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ကုလသမဂ္ဂအ ထွေထွေအတွင်းရေးမှူးချုပ်ဘန်ကီမွန်းကနေ ရိုဟင်ဂျာဆိုတဲ့အသုံး အနှုန်းကို တရားဝင်သုံးခဲ့ပါတယ်။ အဲဒီရိုဟင်ဂျာ ဒါမှမဟုတ် ဘင်္ဂါလီ ပဲခေါ်ခေါ်ပေါ့။ သူတို့ကို မြန်မာနိုင်ငံသားအဖြစ် အသိအမှတ်ပြုဖို့ကို အဲဒီသတင်းစာရှင်းလင်းပွဲမှာ ပြော ကြားခဲ့ပါတယ်။
ဘန်ကီမွန်းရဲ့ ရိုဟင်ဂျာဆိုတဲ့အသုံးအနှုန်းဟာ ကျွန်တော်တို့တိုင်းပြည်ရဲ့ တရား ဝင်တည်ရှိတဲ့ လူမျိုးစာရင်း ၁၃၅ မှာ မပါပါဘူး။ ဒီအတိုင်းပဲ ၁၃၅ မှာပါတဲ့ ရခိုင်လူမျိုးစု ခုနစ်မျိုး မှာလည်း ဒီရိုဟင်ဂျာဆိုတာ မပါ ပါဘူး။ သို့သော် ဘာသာရေးခွဲ ခြားမှုမရှိတဲ့အတွက် အစ္စလာမ် ဘာသာဝင်ဖြစ်တဲ့ ကမန်လူမျိုး တွေကို ရခိုင်လူမျိုးစုထဲမှာ အတိ အလင်းဖော်ပြပေးထားခဲ့ပါတယ်။ အဲဒါကြောင့် ဘာသာရေးအရ ရခိုင်မှာ လူမျိုးခွဲခြားမှုမရှိဘူးဆိုတာလည်း သက်သေခံချက်ဖြစ်ပါ တယ်။
ဒီအတူပဲကျွန်တော်တို့ ၁၉၇၃၊ ၁၉၈၃ ခုနှစ်က ကောက်ယူခဲ့တဲ့ သန်းခေါင်စာရင်းမှာလည်း တိုင်းရင်းသားမဟုတ်တဲ့ နိုင်ငံခြားသား စာရင်းထဲမှာ တရုတ်ပါပါတယ်။ အိန္ဒိယပါပါတယ်။ ပါကစ္စတန်ပါပါ တယ်။ ဘင်္ဂါလီပါပါတယ်။ နီပေါပါပါတယ်။ ရိုဟင်ဂျာဆိုတာမပါပါ ဘူး။ ကျွန်တော်တို့အဲဒီလို တရားဝင်စာရင်း တွေရှိတဲ့အချက်ကို ကုလ သမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်းကနေလျစ်လျူရှုပြီး တော့ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို ကျွန်တော်တို့နိုင်ငံမှာ တရားဝင် သုံးခြင်းဟာ သံတမန်မဆန်ပါဘူးလို့ ကျွန်တော်ယူဆပါတယ်။
အခုဆို ရင်အမေရိကန်သမ္မတကြီးအိုဘားမားကိုယ်တိုင်ပထမအကြိမ်မှာရော၊ ဒုတိယအကြိမ်မှာရော မြန်မာနိုင်ငံရဲ့တရားဝင်အသုံးအနှုန်းဖြစ်တဲ့ မြန်မာဆိုတဲ့အသုံးအနှုန်းကိုပဲ သုံးနှုန်းခဲ့ပါတယ်။
နောက်ဒုတိယအချက်ကတော့ နိုင်ငံတကာဥပဒေပါ။ နိုင်ငံ တကာဥပဒေမှာ ပြည်တွင်းဥပဒေကို လေးစားလိုက်နာရမယ်ဆိုတာ နိုင်ငံတကာဥပဒေမှာ အတိအလင်းလက်ခံထားပါတယ်။ အဲဒီတော့ ပြည်တွင်းဥပဒေမှာ ကျွန်တော်တို့နိုင်ငံသားမဟုတ်တဲ့ တရားဝင်ဘယ် တုန်းကမှမတည်ရှိခဲ့တဲ့ ရိုဟင်ဂျာဆိုတဲ့အသုံးအနှုန်းများကို သုံးခြင်း ဟာ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အနေနဲ့မလုပ်သင့်မလုပ်ထိုက်တဲ့လုပ်ရပ်ေ ပြောဆိုမှုမျိုးဖြစ်ပါတယ်။
ကျွန်တော်တို့နိုင်ငံဟာ ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံ တစ်ခုဖြစ်ပြီးတော့ ကုလသမဂ္ဂပဋိညာဉ်ကို အတိ အကျလိုက်နာတဲ့နိုင်ငံဖြစ်ပါတယ်။ ဒီနိုင်ငံရဲ့ တရားဥပဒေနဲ့ဒီနိုင်ငံရဲ့လူမျိုးတည်ရှိမှုကို လေး စားလိုက်နာရမှာဆိုတာ နိုင်ငံတကာဥပဒေကို အကောင်အထည်ဖော်နေတဲ့ ကုလသမဂ္ဂအဖွဲ့ အစည်းကြီးမှာ ကြီးမားစွာတာဝန်ရှိပါတယ်။
လေးစားအပ်ပါသော နာယကကြီးခင် ဗျား။
ကျွန်တော်တို့ကုလသမဂ္ဂနဲ့ပတ်သက်ပြီး တော့ အတိတ်ကို ပြန်ပြောရရင် ကျွန်တော်တို့ တိုင်းပြည်ကို တရုတ်ဖြူကူမင်တန်တွေကျူး ကျော်တဲ့အခါမှာ ကျွန်တော်တို့အစိုးရ ကျွန်တော်တို့ပြည်သူက တရုတ် ဖြူကူမင်တန်ဆိုတဲ့ အသုံးအနှုန်းကိုသုံးဖို့ အကြိမ်ကြိမ်တောင်းဆိုခဲ့ပါ တယ်။ သို့သော် အားလုံးသမိုင်းမှတ်တမ်းကို ပြန်ကြည့်ပါ။ အဲဒီအချိန် က ကုလသမဂ္ဂကနေ အမည်မသိ နိုင်ငံခြားသားတပ်များဆိုတာသုံးခဲ့ ပါတယ်။ အခုကျတော့ ကျွန်တော်တို့က တရားဝင်မတည်ရှိပါဘူးဆိုတဲ့ လူမျိုးတစ်မျိုးကို အကြိမ်ကြိမ်ထောက်ပြရဲ့သားနဲ့ ဒီလိုသုံးနှုန်းလာခြင်း ဟာ အခုဆိုရင် ငြိမ်သက်စပြုပြီးတော့ အေးချမ်းစပြုနေတဲ့ ရခိုင်ပြည်နယ် လူမျိုးရေးပဋိပက္ခကို သွေးထိုးလှုံ့ ဆော်ရာရောက်ပြီးတော့ ကျွန်တော် တို့ရဲ့ ဒီမိုကရေစီအသွင် ကူးပြောင်း မှုတည်ငြိမ်ရေးကို ထိပါးစေပါတယ်။ ဒီထက်အရေးကြီးတဲ့ အချက် ကတော့ ကျွန်တော်တို့နိုင်ငံတော် သမ္မတကြီးကလည်း ရိုဟင်ဂျာမရှိဘူး ဆိုတာ အကြိမ်ကြိမ်ပြောခဲ့ပါတယ်။ ကျွန်တော်တို့တိုင်းရင်းသားပြည်သူများကလည်း သမ္မတကြီးရဲ့ သဘော ထားအတိုင်းပဲရပ်တည်ခဲ့ပါတယ်။
ဒါကြောင့်ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ဘန်ကီမွန်းက ရိုဟင်ဂျာဆိုတဲ့အသုံးအနှုန်းကိုသုံး လိုက်ခြင်းဟာ ကျွန်တော်တို့နိုင်ငံတော်သမ္မတနဲ့ ကျွန်တော်တို့လူဦးရေ ၅၁ သန်းအပေါ်မှာ ထိပါးခြင်း အရာရောက်ပါတယ်။ ဒါကြောင့် ကျွန် တော်တို့ ပြည်ထောင်စုလွှတ်တော်ကြီးကနေပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံရဲ့အချုပ်အခြာအာဏာကို ထိပါးခြင်းဖြစ်တဲ့ ကုလသမဂ္ဂအထွေ ထွေအတွင်းရေးမှူးချုပ်မစ္စတာဘန်ကီမွန်းရဲ့ ရိုဟင်ဂျာအသုံးအနှုန်း အား ပြည်ထောင်စုလွှတ်တော်မှ ကန့်ကွက်ကြောင်းနှင့် မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာကို လေးစားဖို့ပြည်ထောင်စုလွှတ်တော် ကနေကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်မစ္စတာ ဘန်ကီမွန်းအား တိုက်တွန်းကြောင်းအဆိုကို မြန်မာ နိုင်ငံရဲ့ အချုပ်အခြာအာဏာကို ကာကွယ်ရေးရပ်တည် ချက်ဖြင့် ကျွန်တော်ပြည်ထောင်စုလွှတ်တော် ကြီးက လေးလေးနက်နက်လေးလေးစားစားအရေးတကြီး အဆိုအဖြစ် တင်သွင်းရခြင်းဖြစ်ပါတယ်။
အားလုံးကို ကျေးဇူးတင်ပါတယ်။ (သြဘာသံများ)
''ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာကို ထိပါးခြင်းဖြစ်သောကြောင့် မစ္စတာဘန်ကီမွန်း၏ ရိုဟင်ဂျာအသုံး အနှုန်းအား ပြည်ထောင်စုလွှတ်တော်မှကန့်ကွက်ကြောင်းအဆိုကို ပြည်ထောင်စု လွှတ်တော်က အတည်ပြုခဲ့ကြောင်းပါဗျား''
(သတင်းအရင်းအမြစ်- Yangon Media Group)

No comments: