Friday, January 30, 2015

မလေးရှားသွားငါးဖမ်းစက်လှေနစ်ရာမှ လူ ၅၀ ခန့်သေဆုံး

photo by The Daily Star
photo by The Daily Star
မလေးရှားနိုင်ငံသို့ တရားမ၀င် လူပို့ဆောင်သည့် သင်္ဘောပေါ်သို့ လူများကို ပို့ဆောင်ရန် သွားသည့် ငါးဖမ်း စက်လှေ တစ်စီး ဘင်္ဂလာဒေခ်ျ့ နိုင်ငံ စစ်တကောင်း ပင်လယ် ကမ်းခြေတွင် နစ်မြုပ်သွားသဖြင့် လူပေါင်း ၅၀ ခန့် သေဆုံးသွားသည်ဟု သတင်း ရရှိသည်။
ယင်းစက်လှေသည် လူပေါင်း ၁၀၀ ခန့်ကို တင်ဆောင်ပြီး မောင်းနှင်လာစဉ် စစ်တကောင်းမြို့ အနောက်ဘက် ကတူဒီယာ ( Kutubdia) ကမ်းခြေမှ ၇ ကီလိုမီတာ အကွာတွင် ယမန်နေ့ နံနက်က နစ်မြုပ်သွားခဲ့သည်ဟု ဆိုသည်။
လူပေါင်း ၁၀၀ အထဲမှ လူမှောင်ခိုသမား ၃ ဦး အပါအ၀င် လူပေါင်း ၄၃ ဦးကို ဘင်္ဂလာ ကမ်းခြေစောင့်တပ်ဖွဲ့နှင့် ဘင်္ဂလာဒေခ်ျ့ ရေတပ်က ကယ်တင်ခဲ့ရသည်ဟု သက်ဆိုင်ရာ အာဏာပိုင်များက မီဒီယာများသို့ ထုတ်ဖေါ် ပြောဆိုသည်။
စက်လှေကို ရေထဲမှ ဖေါ်ယူနိုင်ခဲ့သော်လည်း ကျန်လူများမှာ စက်လှေထဲတွင် ရှာမတွေ့ဘဲ ပျောက်ဆုံးနေသည်ဟု ဘင်္ဂလာဒေခ်ျ့ ကမ်းခြေစောင့်တပ်ဖွဲ့ အာဏာပိုင် တစ်ဦးဖြစ်သူ  Lieutenant Commander Fazlul Karim ပြောသည်။
ဘင်္ဂလာဒေခ်ျ့ ကမ်းခြေစောင့်တပ်ဖွဲ့နှင့် ရေတပ်မှ ပျောက်ဆုံးနေသူများကို ဆက်လက် ရှာဖွေနေသော်လည်း အချိန်ကုန်လာသည်နှင့် အမျှ သူတို့အား တွေ့ရှိရန် မျှော်လင့်ချက်မှာ ပျက်ပြားလာသည်ဟု ဆိုသည်။
သူတို့အား လူမှောင်ခိုသမားများမှ အလုပ်ကောင်းကောင်းရမည်ဟု ဖျားယောင်းသွေးဆောင်ရာမှ ထိုင်းနိုင်ငံနှင့် မလေးရှားသို့ သွားရောက်ရန် ငါးဖမ်းစက်လှေဖြင့် နံနက် ၁ နာရီက ရေလယ်တွင် ကျောက်ချ ရပ်နားထားသော သင်္ဘောပေါ်သို့ တက်ရောက်ရန် ထွက်ခွာလာစဉ် လင်းအားကြီး အချိန်တွင် နစ်မြုပ်ခဲ့သည်ဟု သိရသည်။
ရှာဖွေကယ်တင်နိုင်ခဲ့ရသူ ၄၃ ဦးထဲမှ ၁၄ ဦးမှာ ဘင်္ဂလာဒေခ်ျ့ နိုင်ငံ ဂျာဆိုး ( Jessore) ခရိုင်မှ ဖြစ်ပြီး တစ်ခြား သူများမှာခရိုင်မြို့များ ဖြစ်ကြသော Narayanganj, Bogra, Cox’s Bazaar, Narsingdi, Madaripur and Naogaon ဖြစ်ကြသည်ဟု ရဲတပ်ဖွဲ့က ပြောသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

No comments: