
ရခိုင်ပြည်နယ် ခရီးစဉ် အဖြစ် သံတွဲမြို့သို့ ဒီဇင်ဘာလ ၂၅ ရက်နေ့က စတင်ရောက်ရှိလာသော နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် သံတွဲမြို့နယ် ငပလီ ဂျိုတ္တောကျေးရွာ မဒေးတောင်ပေါ်ရှိ အမတသုခ အလိုတော်ပြည့်ကျောင်းသို့ သွားရောက်ပြီး အလိုတော်ပြည့် ဆရာတော် ဒေါက်တာ အာရိယ၀ံသအား သွားရောက် ဖူးမျှော်ကန်တော့ခဲ့သည်ဟု သိရသည်။
ထိုသို့ သွားရောက်ဖူးမျှော်စဉ် ဆရာတော်ကြီးနှင့် ကြွရောက် သံဃာတော်များအား လှူဖွယ် ပစ္စည်းများအား ဆက်ကပ်လှူဒါန်းခဲ့သည်ဟု သိရသည်။
နိုင်ငံတော်သမ္မတသည် ဆရာတော်နှင့် တွေ့ဆုံစဉ် ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး၊ တည်ငြိမ်အေးချမ်းရေး ကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့ကြသည်ဟု လက်ထောက်ဆရာတော် ဦးကုမာရက ပြောသည်။

“ နိုင်ငံတော်သမ္မတနဲ့ ဆရာတော်ကြီးတို့ တွေ့ဆုံစဉ်မှာ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး ကိစ္စရပ်တွေရယ်၊ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး ကိစ္စရပ်တွေရယ်၊ တရားဥပဒေစိုးမိုးရေးနဲ့ ဒေသအတွင်း လုံခြုံရေး ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြပါတယ်” ဟု ဦးကုမာရက ပြောသည်။
၎င်းပြင်း ဦးကုမာရက “ အသေးစိတ် အချက်အလက်များကိုတော့ ဆရာတော်ကြီးနှင့် သမ္မတကြီးတို့က အသေးစိတ် တံခါးပိတ် ဆွေးနွေးကြတဲ့ အတွက် ပြောဖို့ခက်ပါတယ်” ဟု ဆိုသည်။
နိုင်ငံတော်သမ္မတသည် မဒေးတောင်ပေါ်ရှိ တိလောကသယမ္ဘူ ဗုဒ္ဓရုပ်ပွားတော်အား သွားရောက် ဖူးမျှော်ခဲ့ပြီး ပန်း၊ ရေချမ်းဆီမီးများ ကပ်လှူခဲ့သည်ဟု သိရသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)
No comments:
Post a Comment