Thursday, January 1, 2015

ရိုဟင်ဂျာမူဆလင်များကို မြန်မာနိုင်ငံသားအဖြစ် အပြည့်အဝပေးရန် ကုလသမဂ္ဂ တိုက်တွန်းချက် လွှတ်တော် ကိုယ်စားလှယ် များနှင့် မြန်မာ့နိုင်ငံရေးကို စောင့်ကြည့်လေ့လာသူများ ပြင်းထန်စွာကန့်ကွက်ရှုတ်ချ

UN Building
နယူးယော့ခ်မြို့ရှိ ကုလသမဂ္ဂရုံးချုပ်အား တွေ့ရစဉ်။

000 Del6371634
ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူး ဘန်ကီမွန်းအား ရခိုင်ပြည်နယ်တွင် နိုဝင်ဘာ ၂၃ရက်က ကန့်ကွက်ဆန္ဒထုတ်ဖော်ခဲ့စဉ်။ ဖိုင်ဓာတ်ပုံ-အေအက်ဖ်ပီ
ရိုဟင်ဂျာမူ ဆလင်များကို မြန်မာနိုင်ငံသားအ ဖြစ် အပြည့်အဝပေးရန်နှင့် နိုင်ငံအ နှံ့ လွတ်လပ်စွာသွား လာခွင့်ပြုရန် ကုလသမဂ္ဂ အထွေထွေညီလာခံ၏တိုက်တွန်းချက်ကို လွှတ် တော်ကိုယ် စားလှယ်များနှင့် မြန်မာ့နိုင်ငံရေး ကို စောင့်ကြည့် လေ့လာနေသူများက ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချလိုက် ကြောင်း သိရသည်။ အဆိုပါတိုက်တွန်းချက်ကို ဒီဇင်ဘာ၂၉ရက် တနင်္လာနေ့က ကျင်းပ ခဲ့သည့် ကုလသမဂ္ဂ အထွေထွေညီ လာခံတွင် ယင်းကဲ့သို့ တိုက်တွန်းခဲ့ ခြင်းဖြစ်သည်။

ယင်းတိုက်တွန်းချက်နှင့် ပတ်သက်ပြီး ရခိုင်အမျိုးသားပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်က''ကျွန်တော် တို့ကတော့ လက်မခံဘူး။ ရှုတ်ချပါ တယ်။ နောက်ပြီးတော့ နိုင်ငံငယ် တစ်ခုရဲ့ အချုပ် အခြာအာဏာကို စော်ကားသလိုလုပ်တဲ့ သဘောဖြစ် တဲ့အတွက် ကုလသမဂ္ဂအနေနဲ့ နိုင် ငံရေးသိက္ခာချတယ်လို့ သုံးသပ်တယ်။ ကုလသမဂ္ဂရဲ့ နိုင်ငံရေး ကစားကွင်း တစ်ခုအနေနဲ့ ရောက်မှန်း မသိ ရောက်လာတယ်။ တစ်နည်းအား ဖြင့် ကုလသမဂ္ဂဟာ ဝင်ချင်သလိုဝင်၊ ထွက်ချင်သလိုထွက် သာလာယံဇရပ် လိုဖြစ်လာတယ်။ ကုလသမဂ္ဂဟာ စတင်တည်ထောင်စဉ်တုန်းနဲ့ ဒုတိယ ကမ္ဘာစစ် အလွန် ကာလပုံစံမျိုးနဲ့ မ တူတော့ဘူးလို့ သုံးသပ်တယ်။ ဒီ မိုကရေစီ သဘောအရ အင်အားကြီး တဲ့အုပ်စုက အောင်မြ င်တယ်။ အင် အားနည်းပါးတဲ့ ငွေကြေးနည်းပါး တဲ့ အုပ်စုကတော့ လက်ညှိုးထိုးခံရ ပြီး ခုလိုလုပ်ရခြင်းခံရတယ်။ ဒါ ကြောင့် နိုင်ငံငယ်တော်တော်များ များတောင်  UN မှာ ပါဖို့ မသင့်တော့ ဘူးလို့ သုံးသပ်မိတယ်'' ဟု ဝေဖန် ပြောကြားလိုက်သည်။

ယခုလုပ်ရပ်သည် ရခိုင်မျိုးနွယ် စုအပေါ်တွင် အသိအမှတ်မပြုဘဲ  အခြားအင်အားစုအပေါ်တွင် နာမည် ဖန်တီးခြင်းမှာ အနိုင်ကျင့်သည့် လုပ် ရပ်ဖြစ်ပြီး ယင်းလုပ်ရပ်သည် လုပ်ရပ် ကောင်း မဟုတ် ကြောင်း ဒေါက်တာ အေးမောင်က ပြောကြားခဲ့သည်။

ကုလသမဂ္ဂ ၏ တိုက်တွန်းချက် နှင့်ပတ်သက်ပြီး နိုင်ငံတော်သမ္မတရုံး အကြီးတန်းအရာရှိတစ်ဦးက ''ကုလသမဂ္ဂက non-bidding resolution တိုက်တွန်းတာပါ။ မဖြစ်မနေ လုပ်ရမယ့် ကိစ္စမဟုတ်ဘူး။ ဒါကြောင့် ပြည်သူတွေအနေနဲ့ စိတ်ပူစရာမလို ပါဘူး။ မြန်မာနိုင်ငံ အနေနဲ့ ရိုဟင် ဂျာမရှိဘူးဆိုတာကို နိုင်ငံတကာကို တရားဝင် ပြောကြား ထားပြီး သား ဖြစ်တယ်။ နောက်ဘန်ကီမွန်း မြန်မာ နိုင်ငံကို လာတုန်းကလဲ ရိုဟင်ဂျာ မရှိဘူးဆိုတာကို တရားဝင်အသိ ပေး ပြောကြားထားပြီးသားဖြစ်တယ်။ နံပါတ် (၂) အချက်ကတော့ ဘင်္ဂါလီ တွေကို နိုင်ငံသားပေးဖို့ကို အစိုးရရဲ့ ရပ်တည်ချက်ကတော့ ငြင်းပယ်တာ မဟုတ်ဘူး။ ၁၉၈၂ ဥပဒေနဲ့ညီရင် ပေးမယ်။ မညီရင်မပေးဘူး။ ဘယ် နိုင်ငံ မှာ မဆို အစိုးရတစ်ရပ်အနေ နဲ့ တည်ဆဲဥပဒေကို ကျော်လွန်ပြီး တော့ လုပ်လို့မရဘူး။ နံပါတ်(၃) အ နေနဲ့ကတော့ ကုလသမဂ္ဂနဲ့ မြန်မာ နိုင်ငံဟာ လက်ရှိ အစိုးရ သစ် လက်  ထက်မှာ အပြန်အလှန်ဆက်ဆံ မှု မြင့်တက် လာတယ်။ မြန်မာနိုင်ငံ က ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံ အဖြစ် ပီသအောင်နေတယ်။ ဒါ ကြောင့် မြန်မာ နိုင်ငံ ကိုလဲ ကုလသ မဂ္ဂအနေနဲ့ အပြန်အလှန်လေးစားဖို့ လိုအပ်တယ်။ ကုလသမဂ္ဂအပါအ ဝင် ဘယ်နိုင်ငံမဆို နိုင်ငံတစ်နိုင်ငံရဲ့ အချုပ်အခြာအာဏာကို ထိပါးလို့ မရဘူး။ နံပါတ် (၄) အနေနဲ့ လက် ရှိနိုင်ငံခြားရေး မူဝါဒအတိုင်း ဆက် လက်ဆောင်ရွက်သွားမှာဖြစ်တယ်'' ဟု ပြောသည်။
ယင်းကဆက်လက်၍ ''မြန်မာ နိုင်ငံမှာ ရခိုင်ပြည်နယ်မှာ ပဋိပက္ခ နှစ်ကြိမ်ဖြစ်ခဲ့တယ်။ အဲ့ဒီမှာ အစိုးရ အနေနဲ့ ခက်ခက်ခဲခဲဖြေရှင်းခဲ့ရ တယ်။ ခုထိလဲ ရခိုင်ကိုအရေးပေါ် အခြေ အနေ ကြေညာထား ရဆဲဖြစ် တယ်။ ဒါကိုနိုင်ငံတကာ အသိုင်းအ ဝိုင်းအနေနဲ့ နားလည်ဖို့လို တယ်။ အပြုသဘောဆောင်ပြီး လက်ခံပေး ဖို့လိုတယ်။ လက်ရှိ ကုလသမဂ္ဂရဲ့ လုပ်ဆောင်မှုဟာ မြန်မာနိုင်ငံ မှာ ပြဿနာကို ပိုဆိုးအောင် လုပ်သလို ဖြစ်နေတယ်။ ဒီပြဿနာကိုပြေလည် ဖို့ အစိုးရအနေနဲ့ ဥပဒေနဲ့အညီ လုပ်ဆောင် ဖို့လုပ်နေတယ်'' ဟု ပြော ကြားခဲ့သည်။

ယင်းတိုက်တွန်းချက်နှင့် ပတ် သက်ပြီးလည်း နိုင်ငံရေးလေ့လာသုံး သပ်သူ ဦးသန်းစိုးနိုင်က''ကုလသမ ဂ္ဂအဖွဲ့ဝင်နိုင်ငံအနေနဲ့ ဆုံးဖြတ်ချက် ကို လက်ခံအကောင်အထည်ဖော်ရ မယ့် တာဝန် တော့ရှိ တယ်။ ဒီကိစ္စက လုံခြုံရေးကောင်စီရောက်ရင် ဗီတို အာဏာသုံးနိုင်တဲ့ တရုတ်တို့၊ ရုရှား တို့က ဗီတိုအာဏာသုံးပြီး ကန့်ကွက် မယ့် အနေအထားရှိတယ်။ မြန်မာ နိုင်ငံအတွက် ဆိုရင်လဲ ရခိုင်ပြည် နယ်အရေးကိစ္စဟာ အင်မတန်သိမ် မွေ့စွာ ကိုင်တွယ်ရမယ့် အနေအထား ဖြစ်တယ်။ ဘန်ကီမွန်းလာတုန်းက တောင် ရိုဟင်ဂျာဆိုပြီး သုံးနှုန်းတဲ့ အတွက် ဆန္ဒပြကန့်ကွက်မှုတွေ အ များကြီး ဖြစ်ပွားခဲ့တယ်။ ကုလသမဂ္ဂ အထွေထွေညီလာခံရဲ့ ဆုံးဖြတ်ချက် ချပေမယ့်လဲ အစိုးရအနေနဲ့ သံတ မန်ရေးနည်းလမ်းတစ်ခုခုနဲ့ ရှောင်လွှဲ ဖို့ကြိုးပမ်းလိမ့်မယ်လို့ ယူဆတယ်'' ဟု သုံးသပ် ပြောကြားသည်။
ယင်းကဆက်လက်၍ ''မြန်မာ နိုင်ငံမှာ ရခိုင်ပြည်နယ်မှာ ပဋိပက္ခ နှစ်ကြိမ်ဖြစ်ခဲ့တယ်။ အဲ့ဒီမှာ အစိုးရ အနေနဲ့ ခက်ခက်ခဲခဲဖြေရှင်းခဲ့ရ မောင်တောမြို့နယ် ဒေသခံ တစ်ဦးဖြစ်သူ ဦးခိုင်ကျော်မိုးက လည်း ''ကုလသမဂ္ဂကလဲ သူ့ criteria သတ်မှတ်ချက်တွေနဲ့ အညီ ပြော တာ ပေါ့။ သမ္မတကြီးကလဲ မြန်မာနိုင်ငံ ထဲမှာ ရိုဟင်ဂျာ မရှိဘူး လို့ ပြောပြီး သားပဲ။ ဒါကို ကုလသမဂ္ဂအနေနဲ့ အတင်းအကျပ် ဖိအားပေးမယ် ဆို ရင်တော့ ကုလသမဂ္ဂဟာ  moderate  ဖြစ်ရဲ့လားဆိုတာ ပြန်ပြီးမေးခွန်း ထုတ်စရာ ဖြစ်နေတယ်။ နိုင်ငံ ရဲ့အ ချုပ်အခြာ အာဏာကို ဝင်ရောက်စွက် ဖက်ရာ ရောက်နေတယ်။ တရားနည်း လမ်းကျတဲ့ နိုင်ငံသားဖြစ်မှုနဲ့ပဲ သွား လို့ရမယ်။ နည်းလမ်းတကျနဲ့ နိုင်ငံ သားရ သင့်တဲ့ သူကို တော့ ရမယ်။  အဲ့ဒီလို မဟုတ်ဘဲ ရခိုင်ပြည်သူတွေ ဘက်ကတော့ အလျှော့ပေးစရာ မလို ဘူးလို့ဘဲ မြင် တယ်''ဟုပြောသည်။

မြန်မာနိုင်ငံအတွင်း နိုင်ငံသား ဖြစ်ခွင့်၊ မဖြစ်ခွင့်မှာ ကုလသမဂ္ဂ၏တိုက်တွန်းချက်၊ ဆုံးဖြတ်ချက်အပေါ် မူတည်ခြင်းမရှိဘဲ ၁၉၈၂ ခုနှစ် နိုင်ငံ သားဖြစ်ခွင့် ဥပဒေနှင့်သာ သက် ဆိုင်ကြောင်း သုံး သပ် ကြသည်။

ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်ဦးသိန်းညွန့်က ''မြန်မာနိုင်ငံမှာ ရှိတဲ့တိုင်းရင်းသား ၁၃၅မျိုး စာရင်း ထဲမှာလဲမရှိဘူး။ အဲ့ဒါကို နိုင်ငံမဲ့ဖြစ် နေလို့ ကုလသမဂ္ဂ အထွေထွေညီ လာခံမှာ ပါတဲ့ ထောက်ခံတဲ့နိုင်ငံတွေ ကသူတို့အသိအမှတ်ပြုရင် သူတို့ နိုင်ငံခေါ် သွားပေါ့။ မြန်မာနိုင်ငံ မှာတော့ အချုပ်အခြာအာဏာပိုင် ဖြစ်တဲ့အတွက် မြန်မာနိုင်ငံရဲ့နိုင်ငံ သားဥပဒေနဲ့အညီ ဆောင် ရွက်နေ တယ်။ မြန်မာနိုင်ငံရဲ့ နိုင်ငံသား ဖြစ် ခွင့်ဥပဒေနဲ့အညီပဲ ဆောင်ရွက်မှာပဲ။ ကုလသမဂ္ဂ အထွေထွေညီလာခံ က ဒီလိုဆုံးဖြတ်တယ်ဆိုတာ ကြား လိုက်ရတာမှတစ်ပါး မြန်မာနိုင်ငံ အနေနဲ့ အသက်ဝင် ဖို့လဲ မရှိဘူး။ ဆောင်ရွက်ဖို့အကြောင်းလဲ မရှိဘူး'' ဟု သုံးသပ်ပြော ကြားသည်။

ရခိုင်တိုင်းရင်းသားရေးရာဝန် ကြီး ဦးဇော်အေးမောင်က ''ကုလသမဂ္ဂအထွေထွေညီလာခံက ဘယ် လိုပဲ ဆုံးဖြတ်ချက်ချမှတ်ချမှတ်၊ ဘယ်လိုပဲတိုက်တွန်းတိုက်တွန်း မြန်မာ နိုင်ငံသည် အချုပ်အခြာ အာဏာပိုင်နိုင်ငံဖြစ်တယ်။ မြန်မာ နိုင်ငံရဲ့ အချုပ်အခြာအာဏာကိုဘယ် အဖွဲ့အစည်းကမှ (လွှမ်းမိုး)လို့ မရဘူး။ သမ္မတကြီးကိုယ်တိုင်က လဲ ပြောပြီး သားဖြစ်တယ်။ ၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်မှု ဥပဒေအရ နိုင်ငံသားဖြစ်ခွင့်ရသူကို နိုင်ငံသား ပေးမယ်။ မြန်မာနိုင်ငံသည် အချုပ် အခြာအာဏာပိုင် နိုင်ငံဖြစ်တဲ့အ တွက် ဒီလိုဆုံး ဖြတ်ချက်ကို မလိုက် နာပေမယ့် ဘာပြဿနာမှ တက်နိုင် စရာအကြောင်းမရှိဘူး'' ဟု သုံးသပ် ပြောကြားခဲ့သည်။

ရိုဟင်ဂျာများအား ပညာရေး၊ ကျန်းမာရေး ဝန်ဆောင်မှုများတွင် သာတူညီမျှရရှိစေရန်နှင့် ခွဲခြား ဆက်ဆံမှုနှင့် အကြမ်းဖက်မှုများ အား ဖော်ထုတ်ရန်လည်း ကုလသမဂ္ဂ အထွေထွေညီ လာခံတွင် ထည့်သွင်း တောင်းဆိုခဲ့သည်။

၈၈ မျိုးဆက်ငြိမ်းချမ်းရေး နှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးဂျင်မီက ''ရိုဟင်ဂျာဆိုတာ တိုင်းရင်းသားမဟုတ် ဘူး။ နောက်တစ်ခုက နိုင်ငံသားဖြစ် မှုဆိုတာ ၁၉၈၂ နိုင်ငံသားဖြစ်ခွင့် ဥပဒေရှိ တယ်။ ၁၉၈၂ ဥပဒေအရ ဘယ်ဧည့်နိုင်ငံသားမဆို ၁၉၈၂ ဥပဒေနဲ့ညီရင် နိုင်ငံသားဖြစ်ခွင့်ရှိ တယ်။ ကုလသမဂ္ဂရဲ့ဆုံးဖြတ်ချက် နဲ့ ပတ်သက်ပြီးအကြံပြုချင်တာက တော့ လူ့အခွင့်အရေး ရှုထောင့် က နေသာမက အချုပ်အခြာအာဏာ ရှုထောင့်ကပါ ထည့်သွင်းစဉ်းစား ဖို့လိုမယ်လို့ပြောချင်တယ်''ဟု ပြော သည်။

ကုလသမဂ္ဂအထွေထွေညီလာ ခံတွင် မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေးပြုပြင်ပြောင်းလဲမှု၊ ဒီမို ကရေစီကူးပြောင်းရေး၊ အမျိုးသား ရင်ကြားစေ့ရေး၊ လူ့အခွင့်အရေး မြှင့်တင်ရေးတို့ ဆောင်ရွ က်လျက် ရှိသည့်အပေါ် ကြိုဆိုလိုက်ပြီး ကျန် ရှိနေသေးသည့် လူ့အခွင့်အရေးချိုး ဖောက်မှုများအား တိုးမြှင့်လုပ်ဆောင် ရန် မြန်မာနိုင်ငံအစိုးရအား တိုက် တွန်းခဲ့သည်။
(သတင်းအရင်းအမြစ်- ဒီမိုကရေစီတူဒေးသတင်းစာ)
မူရင်းလင့်အားကြည့်ရန်ဤနေရာကိုနှိပ်ပါ။

No comments: