Friday, April 5, 2013

ရခိုင်ပြည်နယ်တွင် သင်္ကြန်ပွဲတော်ကာလအတွင်း သယ်ယူပို့ဆောင်ရေးယာဉ်များ ခေတ္တရပ်နားမည်

ရခိုင်ပြည်နယ် အတွင်း ခရီးသည်နှင့် ကုန်စည်များ တင်ဆောင် ပြေးဆွဲလျက် ရှိသည့် အဝေးပြေး မော်တော်ယာဉ်လိုင်းများနှင့် ရခိုင် ကမ်းရိုးတန်းသွား ပြည်တွင်း ရေကြောင်းပိုင် သင်္ဘောများ သင်္ကြန်ကာလ အတွင်း ပြေးဆွဲခြင်း မရှိဘဲ ခေတ္တ ရပ်နားထား မည် ဖြစ်ကြောင်းကို ရခိုင် ပြည်နယ် မော်တော်ယာဉ် လိုင်းပေါင်းစုံထိန်းသိမ်းရေး ကော်မတီနှင့် ပြည်နယ် ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး ဌာနခွဲ တို့မှ သိရသည်။
စစ်တွေ- အမ်း- ရန်ကုန်၊ စစ်တွေ- အမ်း- မန္တလေး မြို့များသို့ ပြေးဆွဲလျက် ရှိသည့် မော်တော်ယာဉ် လိုင်းများနှင့် ပြည်နယ် အတွင်း စစ်တွေ-ယိုးတရုပ်-ကျောက်တော်၊ စစ်တွေ- ကျောက်တော်- မြောက်ဦး
မင်းပြား မြို့များသို့ ပြေးဆွဲလျက် ရှိသော မော်တော်ယာဉ် လိုင်းများ အနေဖြင့် ကုန်းလမ်း ခရီးစဉ် များကို ဧပြီ ၁၁ရက်တွင်နောက်ဆုံးထား ပြေးဆွဲမည် ဖြစ်ပြီးဧပြီ၁၂ရက်မှ၁၈ရက်အထိရပ်နားထားမည် ဖြစ်ကာသင်္ကြန်အပြီး ဧပြီ ၁၉ ရက်တွင် ပုံမှန်အတိုင်း ပြန်လည် ပြေးဆွဲသွား မည် ဖြစ်သည်။
ကုန်းလမ်း ခရီးစဉ်များ နည်းတူရခိုင်ပြည်နယ်ပြည်တွင်း ရေကြောင်း ပို့ဆောင်ရေး ဌာနခွဲမှရခိုင် ကမ်းရိုးတန်း တစ်လျှောက် ပြေးဆွဲလျက်ရှိသည့် သင်္ဘော ခရီးစဉ်များမှ စစ်တွေ- ရသေ့တောင်-ဘူးသီး တောင် ခရီးစဉ်ကို ဧပြီ ၁၂ ရက်မှ ၁၈ ရက်အထိ ရပ်နားထားမည် ဖြစ်ပြီး ဧပြီ ၁၉ ရက်တွင် ပြန်လည် ပြေးဆွဲမည် ဖြစ်ကာ
စစ်တွေ- ကျောက်ဖြူ- တောင်ကုတ်နှင့် စစ်တွေ- မြောက်ဦး သင်္ဘော ခရီးစဉ်များကို ဧပြီ ၁၂ ရက်မှ ၁၆ ရက်အထိရပ်နားထားမည် ဖြစ်ပြီးသင်္ကြန်ကာလအပြီးဧပြီ၁၇ရက်တွင်ပုံမှန်အတိုင်း ပြန်လည် ပြေးဆွဲ ပေးသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။
(သတင်းအရင်းအမြစ်- လေးမြို့ Website)

No comments: