Friday, April 5, 2013

သံတွဲဆန္ဒပြပွဲ ခွင့်ပြုချက် ပယ်ချခံရသဖြင့် ခေါင်းစဉ်ပြောင်း၍ ထပ်တင်

ရခိုင်အမျိုးသမီးများ ဘဝလုံခြုံမှုရှိစေရေးအတွက် ဧပြီလ ၄ ရက်နေ့ သံတွဲတွင် ပြုလုပ်ရန် စီစဉ်ထားသည့် ဆန္ဒပြပွဲအား မြို့နယ်မှ ပယ်ချလိုက်သဖြင့် ခေါင်းစဉ် ပြောင်း၍ ယနေ့ ခွင့်ပြုချက် ထပ်တင်လိုက်ကြောင်း ဦးဆောင် စီစဉ်သူများ က ဆိုသည်။
မတ်လ ၂၉ ရက်နေ့က သံတွဲမြို့နယ် ရဲမှူးထံ တင်ပြထားသည့် ဆန္ဒပြခွင့်ကို“ဧပြီ၂ရက်နေ့မှာပယ်ချတယ်။ပယ်ရတဲ့အကြောင်းရင်းက ယခင်တောင်းဆိုထားတဲ့ စီရင်ချက်ချဖို့ နှောင့်နှေးနေတဲ့အမှု ၁၁ မှုကို တရားရုံးက အားလုံး စီစဉ်ထားပြီး ဖြစ်တယ်။ ရခိုင်အမျိုးသမီးတဦး မုဒိမ်းကျင့်ခံရတဲ့ အမှုကိုလည်း ဧပြီလ ၈ရက်နေ့မှာစီရင်ချက်ချတော့မယ်လို့
 မြို့နယ်ရဲတပ်ဖွဲ့မှူးဦးထွန်းရွှေက ပြောပါတယ်။ဒါနဲ့ကျနော်တို့အစည်းအဝေးထိုင်ပြီး တောင်းဆိုချက်တွေကို ပြောင်းလဲခဲ့
တယ်” ဟု သံတွဲလူမှုကွန်ယက်မှ ဦးမြင့်မိုး ကပြောသည်။
ဧပြီလ ၉ ရက်နေ့တွင် ဆန္ဒပြခွင့်ရရန် ထပ်မံတင်ပြထားကြသည်။ တရားဥပဒေ စိုးမိုးရေးအပါအဝင်၊ ကျေးရွာ လုံခြုံရေး၊ ဧည့်စာရင်း စစ်ဆေးရေးနှင့် ၁၉၈၂ နိုင်ငံသားဖြစ်မှု ဥပဒေ အကောင်အထည် ဖော်ရေးဟူ၍ အချက် ၄ချက်ပါဝင်ကြောင်း စီစဉ်သူများက ဆိုသည်။ထိုဆန္ဒပြပွဲတွင် လူ ၂၀၀ ခန့်ပါဝင်မည်ဟု ဆိုသည်။
From  : Mizzima
(သတင်းအရင်းအမြစ်- လေးမြို့ Website)

No comments: