Friday, April 5, 2013

မစ္စတာကင်တားနား မြန်မာကိုယ်စားလှယ်အဖြစ်မရှိသင့်တော့ဟု ဦးသိန်းညွန့်ဆို


အကြမ်းဖက်မှု ဖြစ်စဉ်များ၏ နောက်ကွယ်တွင် လက်ရှိ အစိုးရ ပါဝင်ပတ်သက်မှုရှိသည်ဟု ပြောကြားခဲ့သော ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာလူ့အခွင့်အရေးကိုယ်စားလှယ်မစ္စတာ သောမတ်စ်အိုဟေးကင်တားနားသည်
မြန်မာပြည်ကိုယ်စားလှယ်အဖြစ်မရှိသင့်တော့ဟု ယူဆ ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်က မြန်မာ့ခေတ်သို့ ပြောကြားသည်။
မတ်လအတွင်း ဖြစ်ပွားခဲ့သော မြန်မာပြည်အလယ်ပိုင်းအဓိကရုဏ်းအကြမ်းဖက်ဖြစ်စဉ်များ၏ နောက်ကွယ်တွင် လက်ရှိအစိုးရပါဝင်ပတ် သက်မှု ရှိသည်ဟု မစ္စတာကင်တားနားက မတ်လ ၂၉ ရက်နေ့တွင် စွပ်စွဲပြောကြားခဲ့သည်။
ယင်းကဲ့သို့ စွပ်စွဲပြောကြားချက်များနှင့် ပတ်သတ်၍ အမျိုးသားဒီမိုကရေစီ ပါတီသစ်
ဥက္ကဌဦးသိန်းညွန့်ကလက်ရှိအသွင်ကူးပြောင်းရေးကာလတွေမှာမမှန်မကန်ရပ်တည်နေတဲ့အင်အားစုတွေက ပေးတဲ့ အချက်အလက်တွေ မခိုင်မာတဲ့အချက်တွေနဲ့ စွပ်စွဲခြင်းဟာ အလွန်မှား ယွင်းသော လုပ်ရပ်ပါဟု ဆိုသည်။
“မစ္စတာကင်တားနားက ရှေ့နေတစ်ယောက်ပဲ။ ရှေ့နေဆိုတာမှန်မှန်ကန်ကန်အချက်အလက်ယူသင့်ပါတယ်” ဟုယင်းကဆက်လက် ပြောကြားသည်။လက်ရှိ မြန်မာနိုင်ငံအသွင်ကူးပြောင်းရေးကာလတွင်တားဆီးနေသူများ၊ မိမိအာဏာရရန်အတွက် ပြည်သူ့အသက်အိုးအိမ်ကိုချနင်းရန်ဝန်မလေးသောသူများလည်းရှိနေကြောင်း နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးကိစ္စများသည် တိုင်းပြည်အေးချမ်းသာယာမှသာ လုပ်ဆောင်နိုင် ကြောင်း၊ အစိုးရမှာ
လက်ရှိအာဏာရှိနေ၍ ယင်းကဲ့သို့ အခြေအနေမျိုးကို အဖြစ်မခံနိုင်ကြောင်း၊ ထို့အတွက် မြန်မာ့အရေးနှင့် ပတ်သတ်လာပါ က မှန်မှန်ကန်ကန် မသုံးသပ်နိုင်သော အချက်အလက်မှန်မှန်ကန်ကန် မရှိသော မစ္စတာကင်တားနားသည် မြန်မာနိုင်ငံ လူ့အခွင့်အရေးကိုယ်စားလှယ်အဖြစ် မရှိသင့်တော့ပါဘူးဟု ဦးသိန်းညွန့်က ပြောသည်။မစ္စတာ ကင်တားနားသည် ၂၀၁၂ ခုနှစ် အတွင်း ဖြစ်ပွားခဲ့သော ရခိုင်အရေးနှင့် ပတ်သက်၍ အစီရင်ခံစာတင်သွင်းရာတွင်လည်း ပြည်တွင်း အဖွဲ့အစည်းအများအပြား၏ဝေဖန်ကန့်ကွက်မှု ခံခဲ့ရသေးသည်။
မြန်မာ့ခေတ်
(သတင်းအရင်းအမြစ်- လေးမြို့ Website)

No comments: