Friday, May 10, 2013

မောင်တောတွင် စစ်တပ်မှ ပစ်ခတ်၍ တစ်ဦးသေဆုံး

ရခိုင်ပြည်နယ် အနောက်ဘက် နယ်စပ် မောင်တောမြို့မှာ စစ်တပ်က ပစ်ခတ်တဲ့ အတွက် လူတစ်ဦး သေဆုံးသွားတယ်လို့ သတင်း ရရှိပါတယ်။
Maungdaw watch towerသေဆုံးသူဟာ မောင်တောမြို့ မောင်နီရွာက မွတ်ဆလင် တစ်ဦး ဖြစ်ပြီး ပွဲချင်းပီး သေဆုံးသွားတယ်လို့ ပြောပါတယ်။
မနေ့ကညဥ့် ၁၂ နာရီခန့်မှာ ကင်းလှည့်နေတဲ့ စစ်တပ် တပ်ဖွဲ့ တစ်ခုကို အကြမ်းဖက်ဖို့ ကြိုးစားတဲ့ အတွက် စစ်တပ်က ပစ်ခတ်တာ ဖြစ်တယ်လို့ အဲသလို သတင်း ကြားကြောင်း မောင်တော ဒေသခံ တစ်ဦးက နိရဉ္စရာကို ပြောပါတယ်။
နောက်တစ်ဦးပြောတာက ကင်းလှည့်နေတဲ့ စစ်သားတွေကို ကျောက်ခဲနဲ့ တိုက်ခိုက်ရာက စစ်တပ်က ပစ်ခတ်တာ ဖြစ်တယ်လို့ သတင်းတွေ ထွက်နေတယ်လို့ ဆိုပါတယ်။
ဘာကြောင့် ခုလို ဖြစ်တယ်ဆိုတာကိုတော့ တိတိကျကျ မသိရဘူးလို့ တစ်ခြား မောင်တော ဒေသခံ တစ်ဦးက ဆိုပါတယ်။
အခုအခါ သေဆုံးသူရဲ့အလောင်းဟာ မောင်တော ဆေးရုံကို ရောက်နေပြီ ဖြစ်တယ်လို့ မောင်တော ဒေသခံတွေက ပြောပါတယ်။
ခုလိုလူသေဆုံးမူ ဖြစ်ပေမယ့် မောင်တောအခြေအနေကတော့ လောလောဆယ်မှာတည်ငြိမ်နေတယ်လို့ ပြောပါတယ်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

No comments: