Monday, May 13, 2013

အမ်းမြို့မှာဖမ်းမိတဲ့ သံဃာအယောင်ဆောင် ဘင်္ဂါလီတွေကို ရုံးတင်စစ်ဆေး


ပြီးခဲ့တဲ့ ဧပြီလ ၅ ရက်နေ့က ရခိုင်ပြည်နယ် အမ်းမြို့နယ်မှာ ဖမ်းဆီးရမိခဲ့တဲ့ သံဃာအယောင်ဆောင် မူဆ လင် ၈ ဦးထဲက ၆ ဦးကို အမ်းမြို့နယ်တရားရုံးမှာ လူဝင်မှုကြီးကြပ်ရေးဥပဒေအရ ရုံးတင်စစ်ဆေးနေပြီး ကျန် ၂ ဦးကိုလည်း ထပ်မံအရေးယူဆောင်ရွက်နေပြီလို့ သိရပါတယ်။

ကျန် ၂ ဦးကို တရားစွဲဆိုနေတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး အမ်းမြို့နယ် လဝကဦးစီးမှူး ဦးအောင်ေ ကျာ်ြ မင့် က RFA ကို ဒီကနေ့ ပြောပါတယ်။

အခုထပ်မံတရားစွဲဆိုတဲ့ ၂ ဦးထဲက ၁ ဦးမှာ အစိုးရက ထုတ်ပေးထားတဲ့ အဖြူရောင် ယာယီ သက်သေခံ  လက် မှတ် ပါရှိတဲ့ အတွက် လဝကဥပဒေအရ အရေးမယူပဲ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနက အရေး ယူတာဖြစ်တယ်လို့ အမ်းမြို့နယ် လဝကမှူး ဦးအောင်ကျော်မြင့်က ဆိုပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၅ ရက်နေ့က အမ်းမြို့နယ်၊ ပဲပဒုံစစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးရမိခဲ့တဲ့ သင်္ကန်းဝတ် သံဃာ အေ ယာင်ေ ဆာင် မူဆလင် ၈ ဦးဟာ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ် အလယ်ကျွန်းကျေးရွာနဲ့ ခေါင်း တုတ်ကျေးရွာတွေမှာ နေထိုင်တဲ့သူတွေဖြစ်ပြီး ရခိုင်ပြည်နယ်ကနေ ရန်ကုန်ဘက်ကို သွားရောက်ဖို့ CRW ကား အမျိုးအစားနဲ့ စီးနင်းလိုက်ပါလာစဉ် ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။

သူတို့ကို စစ်ဆေးချက်အရ ရခိုင်ပြည်နယ်ကနေ ရန်ကုန်အရောက် ပွဲစားခ ကျပ်ငွေ ၁၅ သိန်းပေးဆောင်ပြီး သွားရောက် တာဖြစ်တယ်လို့ အမ်းမြို့နယ် လဝကမှူးက ဆိုပါတယ်။
(သတင်းအရင်းအမြစ်- http://www.oppositeyes.info/2013/05/blog-post_461.html)

No comments: