Tuesday, May 7, 2013

အတူယှဉ်တွဲနေထိုင်လိုသူများ မကွေးကျောင်းတိုက်၌ ဆွေးနွေး



ပြီးခဲ့သော ဗုဒ္ဓဘာသာဝင်များနှင့် အစ္စလာမ်ဘာသာဝင်များအကြား ပဋိပက္ခများတွင် ဘာသာ
ရေးကွဲပြားခြားနားမှုများ၏ အားနည်းချက်များပါဝင်နေပြီး ဘာသာနှစ်ခုကြား ငြိမ်းချမ်းစွာ
အတူယှဉ်တွဲနေထိုင်ရန် လိုအပ်လာသောကြောင့် နှစ်ခုသော ဘာသာဝင်များအားလုံးအတွက်
ကိုယ်စားမပြုကြသော်လည်း ငြိမ်းချမ်းရေးသို့ဦးတည်သော ဆွေးနွေးပွဲတစ်ခုအား ဆရာတော်ဦးဝီရသူနှင့် ဒိုင်းမွန်းရွှေကြည်တို့က မကွေးကျောင်းတိုက်တွင် ယနေ့ပြုလုပ်ခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံ တစ်ဝှမ်းရှိ တိုင်းရင်သားလူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရန် ငြိမ်းချမ်းရေးနှင့် ချစ်ကြည်ရေးလုပ်ငန်းစဉ်များ ဖော်ဆောင်ရန်အတွက် ရည်ရွယ်သည်ဟု မကွေးကျောင်းတိုက် ဆရာတော်ကမိန့်ကြားသည်။
ယင်းဆွေးနွေးပွဲတွင် ပြည်တွင်း နေမူဆလင်တွေသည် ရိုဟင်ဂျာ၊ ဘင်င်္ဂါလီနဲ့ မကွဲရခြင်းကိစ္စကို ရှင်းရှင်းလင်းလင်းသိချင်ကြောင်း ဆရာတော် ဦးဝီရသူမှ ဒိုင်းမွန်းရွှေကြည်အား မေးမြန်းသောအခါ ၎င်းတို့သည် ရိုဟင်ဂျာများအား လုံးဝကန့်ကွက်ချုံ့ချကြောင်း ပြောကြားသည်။
“ဘာသာတူ တာနဲ့ အကုန်တူလို့ မရပါဘူး။ ဘာသာတူတာတစ်ခုတည်းနဲ့ ကမ္ဘာပေါ်မှာရှိတဲ့ အစ္စလာမ်နိုင်ငံပေါင်း ၅၆နိုင်ငံကို တံခါးမရှိ ဓားမရှိ သွားလို့မရပါဘူး”ဟု ဒိုင်းမွန်းရွှေကြည်က ပြောကြားသည်။ ယင်းအပြင် အစ္စလာမ် ဘာသာဝင်များ၏ မြန်မာမဆန်သော ဝတ်စား ဆင်ယင်မှုများကိုလည်း ကန့်ကွက်ကြောင်း၊ အမျိုးသားရေး လက္ခဏာများ မပျောက်ပျက်ရန် အတွက်လည်း အသက်နှင့် လဲ၍ ကာကွယ်သွားမည်ဖြစ်ကြောင်း ဆက်လက် ပြောကြားသည်။
ထိုသို့ ဆွေးနွေးမှုများတွင် မြန်မာနိုင်ငံ ယဉ်ကျေးမှုနှင့် မကိုက်ညီသော နေထိုင်မှုစရိုက်များ၊
အတင်းအဓမ္မလက်ထပ် ထိန်းများခြင်းကိစ္စများ၊ဝတ်စားဆင်ယင်မှုများ နှင့် အစ္စလာမ်ဘာသာဝင်ဖြစ်ယုံ မျှနှင့် ပြည်တွင်းနေ မြန်မာနိုင်ငံသားမူဆလင်များသည် ရိုဟင်ဂျာ၊ဘင်္ဂါလီများနှင့် ကွဲပြားစွာတည်ရှိမနေခြင်း တို့ကို အဓိကထားဆွေးနွေးခဲ့ကြကြောင်း သိရသည်။
 မြန်မာ့ခေတ်

No comments: