အမေရိကန်ပြည်ထောင်စု အာရီဇိုးနားပြည်နယ် ဖီလ်နစ်မြို့တွင် ၂၇ ရက်နေ့  ည(၁)နာရီအချိန်တွင် ကားတိုက်မှုဖြစ်ပွါးရာ ရခိုင်တိုင်းရင်းသား အောင်စိုး(ခေါ်) ကျော်ကြီး (၃၆)နှစ်မှာ သေဆုံးသွားခဲ့ပြီး ကချင်လူမျိုးတစ်ဦးမှာလည်း ဒဏ်ရာပြင်းထန်စွာ ရရှိသွားခဲ့ကြောင်း သိရသည်။
ကားတိုင်ခံရ၍ သေဆုံးသွားသော အေင်းစိုး(ခေါ်) ကိုကျော်ကြီး။ကားတိုင်ခံရ၍ သေဆုံးသွားသော အေင်းစိုး(ခေါ်) ကိုကျော်ကြီး။
ကားတိုက်မှု ဖြစ်ပွားရာတွင် သေဆုံးသူ အောင်စိုး(ခေါ်) ကျော်ကြီးမှာ ရခိုင်ပြည် စစ်တွေမြို့ အမှတ် ၄၇ ရွာကြီးလမ်းနေ အဘ ဦးအောင်ကျော်ထွန်း အမိ ဒေါ်ဒါလှခိုင် တို့၏သားဖြစ်ပြီး လွန်ခဲ့သည့်နှစ်က မလေးရှားနိုင်ငံမှ အမေရိကန်သို့  ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး အစီစဉ်ဖြင့် အခြေချရောက်ရှိလာသူဖြစ်ရာ သေဆုံးအချိန်တွင် ဇနီး မဌေးဌေး၊ သမီးဝင်းသန္တာအောင်နှင့် သားဇော်ဝင်းနိုင်တို့ ကျန်ရစ်ခဲ့သည်ဟု သိရှိရသည်။
" အောင်စိုးနှင့် ကချင်လေး( jata)၊ ဖြိုးမောင်တို့ ည(၁)နာရီခန့်မှာ အကြောင်းကိစ္စတစ်ခုကြောင်း အပြင်ထွက်ရာမှ အတ်စီတန်းဖြစ်သေဆုံ ရတာပါ၊ ဘယ်လို အတ်စီးတန်းဖြစ် သေဆုံးတယ်ဆိုတာကို ပြောဖို့ခက်ပါတယ်။ ဒရိုင်ဘာကို ဖြိုးမောင်က အခုရဲစခန်း အချုပ်ထဲမှာဖြစ်ပါတယ်။ ကချင်လေး jata ဆေးရုံရောက်နေတယ်ဆိုတော့ ဖြစ်စဉ်ကိုသိရဖို့  ခက်ခဲနေတယ်။ သေဆုံးသူ ကိုအောင်စိုး (ခေါ်)ကျော်ကြီး MARICOPACOUNTY ဆေးရုံမှာ သူ့အလောင်ကို စစ်ဆေးနေတယ်။ " ဟု အာရီဇိုးနာ ရခိုင်ကွန်မြူနတီ ဥက္ကဋ္ဌ ဦးခိုင်ကျော်ခိုင်မှ ပြောသည်။
ထိုနေရာသို့ ရောက်ရှိနေသူများနှင့် ကွန်မြူနတီမှ ပူပေါင်းကာ နာရေးကိစ္စအား ဆောင်ရွက်ရန် စီစဉ်ထားပြီး အမေရိကန်ရောက် ရခိုင်လူမျိုးများ၊ ဆွေမျိုးတော်စပ်သူများမှ နာရေးကိစ္စနှင့် ပတ်သက်၍ ဦးခိုင်ကျော်ခိုင် ဖုန်း (+16023496170) ၊ ကိုညီကြီး ဖုန်း (+16024876462 ) ကို ဆက်သွယ်မေးမြန်းနိုင်သည်။
(သတင်းအရင်းအမြစ်- Arakantimes)