Monday, June 24, 2013
ရခိုင်သဟာယအသင်း (ရန်ကုန်)မှ ဘင်္ဂလားဒေ့ခ်ျမှ ရွှေ့ပြောင်းလာသူများကို ငွေကျပ် ၄၁ သိန်းလှူဒါန်း
ရခိုင်သဟာယ အသင်း (ရန်ကုန်)မှ မောင်တောမြို့နယ် တောင်ပိုင်း ကျေးရွာ (၅) ရွာသို့ ရောက်ရှိခိုလုံနေကြသူ ဘင်္ဂလာဒေခ်ျ့မှ ဗုဒ္ဓဘာသာ မိသားစု ၁၁၄ စု အတွက် ငွေကျပ် (၄၁) သိန်း လှူဒါန်းခဲ့သည်ဟု သတင်း ရရှိသည်။
Wan-lack-foundation
ဝံလက် ဖေါင်ဒေးရှင်းကလည်း ဘင်္ဂလာဒေခ်ျ့မှ ခိုလုံရန် ရောက်လာသူများကို များမကြာမီက ကူညီလှူဒါန်းခဲ့သည်။
ဇွန်လ ၁၆ ရက်နေ့က ကျပ်ငွေ (၄၁) သိန်းကို မောင်တောမြို့ ဗဟိုကျောင်း ဆရာတော်မှ တဆင့် လှူဒါန်းခဲ့ခြင်း ဖြစ်သည်။
မောင်တောမြို့မှ ရခိုင်သဟာယ အသင်းက ကိုလှမြင့်နဲ့ ကိုနှံမောင်ချေတို့က ဦးစီးပြီး လှူဒါန်းခဲ့သည်ဟု ဗဟိုကျောင်း ဆရာတော် ဦးစာရဏက မိန့်ကြားသည်။
ယခု ငွေလှူခံရသူ ဘင်္ဂလာဒေခ်ျ့မှ ပြောင်းလာသူ မိသားစု ၁၁၄ စုမှာ မောင်တောမြို့နယ် တောင်ပိုင်း ရွှေရင်အေး၊ ခရေမြိုင်၊ ကိုင်းကြီး၊ ဗောဓိကုန်းနှင့် သာစည် စသည့် နတလ စံပြကျေးရွာများတွင် နေရာ ချပေးထားသူများ ဖြစ်ကြသည်။
ကျန်တဲ့ မောင်တောမြို့နယ် မြောက်ပိုင်းမှာ နေရာချပေးထားသော ဘင်္ဂလာဒေခ်ျ့မှ မိသားစုများ အတွက်လည်း ရခိုင်သဟာယ အသင်း (ရန်ကုန်)မှ နောက်ထပ် ကျပ်သိန်း ၅၀ ကို လာမည့် စနေနေ့တွင် လှူဒါန်းရန် အစီအစဉ် ရှိကြောင်း ဆရာတော်က မိန့်ကြားသည်။
လက်ရှိ ဗဟိုကျောင်းတွင် ဘင်္ဂလာဒေခ်ျ့မှ ၀င်ရောက်လာသူ မိသားစု ၂၃ စု၊ လူဦးရေအားဖြင့် ၅၀ ဦး ရှိကြောင်း ပြောဆိုသည်။
ပလက်ဝနှင့် ကျောက်တော်ဘက်မှ တဆင့် ပြောင်းရွှေ့လာကြသူ ဘင်္ဂလာဒေခ်ျ့မှ ဗုဒ္ဓဘာသာဝင် ၈၆ ယောက်အား ယခုအခါ မောင်တောမြို့ သုံးမိုင်ရှိ အမှတ်(၂) လုံထိန်း တပ်ရင်းတွင် ခေတ္တ နေရာချပေးထားသည်ဟု သိရသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment