Wednesday, July 3, 2013

ဓါးတောင်တွေကြားက ငါတို့ နိုင်ငံ


Photo: ဓါးတောင်တွေကြားက ငါတို့ နိုင်ငံ


တချို့က ပြောကြတယ်။ ကုလား ကို အာရုံစိုက်နေတုန်း တရုတ်က ခြံနောက်ပေါက်ကနေ ခိုးသွားပြီတဲ့။ တချို့ကလည်း မြေမျိုလို့ လူမျိုးမတုန်း၊ လူမျိုမှ လူမျိုးတုန်း တယ်ပေါ့။ တရားမ၀င်လာရောက်နေထိုင်မှုတွေနဲ့ အစွန်းရောက်မွတ်စလင်တွေဟာ မြန်မာပြည်အတွက် လက်ရှိအနေအထားမှာ အမျိုးသားအကျိုးစီးပွားကို အခြိမ်းခြောက်ဆုံး တဲ့။ တချို့ကလည်း အမျိုးသားရေးလုပ်ငန်းစဉ်တွေမှာ နည်းမမှန်တဲ့ လူတချို့ကို မကျေနပ်တာနဲ့ပဲ အမျိုးသားရေးဝါဒီတွေ အားလုံးကို ပိတ်ပြီး သရော်တာတွေကို တွေ့နေရတယ်။ တချို့ကလည်း မျိုးစောင့်ဥပဒေကို ထောက်ခံသလို တချို့ကလည်း ‘တောင်ပေါ်မှာ ဘုရား၊ တောင်အောက်မှာ ကုလား’ ဆိုပြီး လုပ်နေရင်လည်း အလကားပဲလို့ ပြောကြတယ်။ သဘောထားကွဲ၊ အမြင်ကွဲတာတွေကို လက်ခံနိုင်ပေမယ့် တစ်ဦးနဲ့ တစ်ဦး အသေရေဖျက် စော်ကားတာတို့ အကောင့်အတုတွေနဲ့ ပက်ပက်စက်စက် ဖဲ့နေတာတွေကိုတွေ့ရတော့ စိတ်မကောင်းဖြစ်ရတယ်။ ဘင်္ဂလီတွေကတော့ လက်ခုပ်တီးပြီး အားရပါးရ ရယ်နေလောက်တယ်။ 


အခု အီဂျစ်မှာ ဖြစ်နေတာတွေကို ကြည့်လိုက်ပါ။ ဒီမိုကရေစီ အသွင်ကူးပြောင်းစမှာ သေလိုက်ကြတဲ့ လူတွေ။ Muslims Brotherhood က တစ်ဘက်၊ ဒီမိုကရေစီ လိုလားသူတွေနဲ့ လူနည်းစုတွေက တစ်ဘက်၊ စစ်တပ်က တစ်ဘက်။ သူတို့ရဲ့ သဘောမတူညီမှုတွေကို ငြိမ်းငြိမ်းချမ်းချမ်း မရှင်းပဲ တခါလာလည်း လူအုပ်ကြီးနဲ့ အင်အားပြ အကြမ်းဖက်တာတို့၊ သဘောမတူမှုတွေကို အေးအေးဆေးဆေးမရှင်းပဲ ဟိုမီးရှို့၊ သည်မီးရှို့၊ ဟိုဖျက်ဆီး၊ သည်ဖျက်ဆီးနဲ့ အဆုံးမှာ နိုင်ငံပဲ နာတယ်။ လူတွေမှာ အလုပ်အကိုင်မရှိ၊ စီးပွားရေးလုပ်ငန်းတွေမှာလည်း ဆိုင်တွေပိတ်နဲ့ အမျိုးသားအကျိုးစီးပွားပဲ နာတယ်။ 


ဆီးရီးယားကျတော့ ပိုတောင်ဆိုးသေး။ တစ်ဘက်နဲ့ တစ်ဘက် တိုက်နေသတ်နေလိုက်ကြတာ။ ဘယ်ဘက်က အဆိုး၊ ဘယ်ဘက်က အကောင်း ဆိုတာတောင် ပြောလို့မရတော့ဘူး။ နှစ်ဘက်စလုံးကို ဆိုးလွန်းလို့။ ဓာတုပစ္စည်းတွေနဲ့ တိုက်တာတောင် ပါလိုက်သေး။ ဒီနေ့သတင်းမှာဆို ဖတ်လိုက်ရသေးတယ်။ ဂျော်ဒန်ကို ရောက်နေကြတဲ့ ဆီးရီးယားဒုက္ခသည်တွေမှာ တစ်ပူပေါ် နှစ်ပူဆင့်နေကြရတယ်တဲ့။ ဒုက္ခသည်တွေထဲက အရွယ်မရောက်သေးတဲ့ မိန်းကလေးတွေကို အတင်းအဓမ္မ မုဒိန်းကျင့်တာတွေ များနေတယ်တဲ့။ (ဘင်္ဂလီဒုက္ခသည် စခန်းမှာတောင် ဒါမျိုးတခါ ကြားလိုက်သေး။) ၁၃ နှစ်အရွယ်မိန်းကလေးတွေဟာ အလိုမတူပဲ အတင်းလက်ထပ်ခြင်းခံနေကြရတယ်တဲ့။ ကျားကြောက်လို့ ရှင်ကြီးကိုး၊ ရှင်ကြီးကျားထက်ဆိုး ဖြစ်ကုန်ပြီ။ တချို့ကတော့ ‘ကုလားတွေ သေတာ သေပလေ့စေ’ ဆိုပြီး ပြောလိမ့်မယ်။ ဒါပေမယ့် ယူတတ်ရင်တော့ သင်ခန်းစာပါ။ ကိုယ့်အချင်းချင်း တစ်ဘက်နဲ့တစ်ဘက် အပြန်အလှန် တိုက်ခိုက်ပြီး နိုင်ငံနာအောင် မလုပ်မိဖို့တော့ အပြန်အလှန် ဂရုပြုသင့်တယ်။ 


မြန်မာနိုင်ငံဟာ နိုင်ငံတကာ အသိုင်းအ၀ိုင်းထဲကို ပြန်ပြီး ၀င်ရောက်လာနေပါပြီ။ နိုင်ငံပေါင်းစုံနဲ့ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ ဆက်ဆံနေရအုံးမှာပဲ။ အဓိကက ကိုယ့်အမျိုးသားအကျိုးစီးပွားအတွက်ဆိုရင် တရုတ်ရော၊ အမေရိကန်ရော၊ အိန္ဒိယရော၊ ဘင်္ဂလားဒေ့ရှ်ရော အကုန်လုံးနဲ့ ဆက်ဆံရမှာပဲ။ မွတ်စလင်နိုင်ငံတွေနဲ့လည်း အထိုက်အလျောက် ဆက်ဆံကြရမှာပဲ။ ကလေးကစားသလို ဒီတစ်ယောက်ကို စိတ်ကောက်လို့ လုံးဝမဆက်ဆံတော့ဘူး၊ အမေရိကန်ဆိုရင် အကုန်လုံး လူကောင်း၊ တရုတ်ဆို အကုန်လုံး လူဆိုး စတဲ့ ဘောင်ခတ်သိမ်းကျုံးအမြင်တွေနဲ့ သွားလို့တော့ မရပြန်ဘူး။ သူများလှည့်ကွက်မှာ ခံရနိုင်တယ်။ နိုင်ငံတိုင်း၊ လူမျိုးတိုင်း၊ ဘာသာတိုင်းမှာ လူကောင်း လူဆိုးဆိုတာ ရှိကြတာပဲ။ အဓိက က ကိုယ့်အမျိုးသားအကျိုးစီးပွားအတွက် အကျိုးရှိမယ်ဆိုရင် ရှဥ့်လည်းဆွဲသာ ပျားလည်း လျှောက်သာ ဒီလိုပဲ သွားနေကြရတာပဲ။ 


စစ်အေးတိုက်ပွဲကာလမှာ အမေရိကန်နဲ့ ရုရှား ဟာ အားပြိုင်ခဲ့ကြတယ်။ အမေရိကန်က ကွန်မြူနစ်မဟုတ်ရင် ပြီးရော ဘယ်သူနဲ့ မဆို ဆက်ဆံခဲ့တယ်။ မြန်မာပြည်က အာဏာရူး ဗိုလ်နေ၀င်းကိုတောင် ဖက်လှဲတကင်း ဆက်ဆံခဲ့သေးတယ်။ တောင်အမေရိကနိုင်ငံတချို့က ဒီမိုကရေစီကျကျ ရွေးချယ်တင်မြှောက်ထားတဲ့ ခေါင်းဆောင်တွေကိုတောင် ဖြုတ်ချခဲ့ပြီး ကွန်မြူနစ်ဆန့်ကျင်တဲ့ အာဏာရှင်တွေနဲ့ အစားထိုးခဲ့တယ်။ သူ့ခေတ်သူ့အခါကတော့ ဟုတ်နေတာပဲ။ အခုမှ လုပ်နည်းလုပ်ဟန်တွေ ပြောင်းကုန်ပြီး အမေရိကန်ကလည်း ဒီမိုကရေစီတရားကို ကောင်းကောင်း လွှင့်နိုင်တာ။ 


အမေရိကန်ဟာ တရုတ်ကို ထိန်းနိုင်ဖို့ အာရှဘက်ကို ခြေဦးလှည့်နေတယ်။ ဒါပေမယ့် အရင်စစ်အေးတိုက်ပွဲကာလတုန်းကလို ကွန်မြူနစ်မှန်သမျှ ချေမှုန်းကြ ဆိုတဲ့ ဆောင်ပုဒ်နဲ့ မသွားတော့ဘူး။ ခေတ်တွေက ပြောင်းကုန်ပြီ။ တရုတ်မှန်သမျှ ချေမှုန်းလို့ မဖြစ်တော့ဘူး။ Global economy ခေတ်မှာ အမေရိကန် ကုမ္ပဏီတွေ တရုတ်နိုင်ငံမှာ အများကြီး။ နှစ်နိုင်ငံကုန်သွယ်မှုတွေ၊ ကူးလူးဆက်ဆံမှုတွေက များနေတော့ သတိထားကြရတယ်။ ညင်ညင်သာသာ ကိုင်တွယ်ကြရတယ်။ တရုတ်ကလည်း ငါ အင်အားကြီးလာပြီ ဆိုပြီး ပစိဖိတ်သမုဒ္ဒရာမှာ ဖြစ်နေတဲ့ ကျွန်းနယ်မြေ အငြင်းပွားမှုတွေကို ကြမ်းကြမ်းတမ်းတမ်း မကိုင်တွယ်ဘူး။ ညင်ညင်သာသာ ကိုင်တွယ်နေကြတယ်။ ကြမ်းသင့်တဲ့နေရာမှာ ကြမ်းပြီး ထိန်းသင့်တဲ့နေရာမှာ ထိန်းကြတယ်။


ဒီနေ့သတင်းတစ်ပုဒ်အရ အိန္ဒိယတပ်မတော်က ဗိုလ်ချုပ်ကြီး ရှန်ကာ ပရာဆက် (Shankar Prasad) က ဂျမူးနဲ့ကတ်ရှ်မီးယားဒေသတွေမှာ အကြမ်းဖက်မှုတွေဟာ တဖြည်းဖြည်းတိုးပွားလာနေပြီး အမေရိကန်တွေ အာဖကန်နစ္စတန်က ဆုတ်သွားပြီးတာနဲ့ အကြမ်းဖက်မှုတွေ ပိုဆိုးလာမယ်လို့ ယုံကြည်ကြောင်း ပြောကြားသွားပါတယ်။ စက်တာဘာ ၁၁ တိုက်ခိုက်ခံရမှု နောက်ပိုင်းမှာ အမေရိကန်တွေက အာဖကန်နစ္စတန်ကို ၀င်သိမ်းတော့ အိန္ဒိယရဲ့ နယ်မှာ လှုပ်ရှားနေတဲ့ အကြမ်းဖက်သမားတွေဟာ အာဖကန်ကို ရောက်သွားကြပြီး အိန္ဒိယနယ်ထဲမှာ အကြမ်းဖက်မှုတွေဟာ ကျဆင်းသွားခဲ့တာပါ။ အခု အာဖကန်မှာ တိုက်ပွဲတွေ နည်းလာတော့ အိန္ဒိယဘက်မှာ အကြမ်းဖက်မှုတွေက ပြန်နလံထောင်လာခဲ့ပြန်ပါပြီ။ 


အဲဒီအကြမ်းဖက်မှုတွေကရော မြန်မာနိုင်ငံအပေါ်မှာ မသက်ရောက်နိုင်ဘူးလို့ ပြောနိုင်မလား။ ပါကစ္စတန်က ဘာသာရေးအစွန်းရောက် ခေါင်းဆောင်တွေဟာ မြန်မာနိုင်ငံကို တရားဝင် ဂျီဟတ်ကြွေးကြော်ထားသူတွေပါ။ တဖက်မှာလည်း မြန်မာပြည်ထဲက မူဂျာဟစ်တွေဟာ အာဖကန်ကို ဆိုဗီယက် ၀င်သိမ်းတုန်းကလည်း သွားရောက်တိုက်ခိုက်ဖူးတယ်ဆိုတဲ့ သတင်းအထောက်အထားတွေကလည်း ရှိနေပါတယ်။ အင်ဒိုအစွန်းရောက်တွေကလည်း ၀င်ဖို့ ကြွေးကြော်ထားကြတယ်။ အမေရိကန်တွေ အာဖကန်က ထွက်တာနဲ့ အစွန်းရောက်တွေဟာ မြန်မာဘက်ကို အာရုံပိုမစိုက်လာဘူးလို့ ဘယ်သူက တထစ်ချ ပြောနိုင်မလဲ။ အစိုးရအနေနဲ့ ဘယ်လောက်ထိ လေးလေးနက်နက်ပြင်ဆင်မှုတွေ လုပ်ထားသလဲ။ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲမှာ တစ်နေ့ထက်တစ်နေ့ အင်အားတောင့်တင်းလာနေတဲ့ ရိုဟင်ဂျာအမည်ခံ ဘင်္ဂလီလက်နက်ကိုင်တွေကို ရော ဘယ်လိုကိုင်တွယ်သွားမှာလဲ။  


မြန်မာပြည်ဟာ ဓါးတောင်တွေနဲ့ မီးပင်လယ်ကြီး ကာရံခံထားရတယ်။ စိန်ခေါ်မှုတွေအများကြီးနဲ့ ရင်ဆိုင်နေကြရတယ်။ ဒီလိုအချိန်မျိုးမှာ သူငယ်တန်းအဆင့် နိုင်ငံရေးကစားကွက်တွေနဲ့ သွားကြရင် တိုင်းပြည်ငါးပါးမှောက်မယ်။ တရုတ်ကိုလည်း စိုးရိမ်ရသလို၊ ဘင်္ဂလီတွေ၊ အစွန်းရောက်တွေကိုလည်း စိုးရိမ်နေရတယ်။ အမျိုးသားအကျိုးစီးပွားအလုပ် လုပ်ကိုင်ကြရာဝယ် အချင်းချင်းဖဲ့နေရုံနဲ့ တိုင်းပြည်တိုးတက်လာမှာ မဟုတ်သလို ‘၀ုန်းဒိုင်းချဟ’ ဆိုတဲ့ လုပ်ထုံးလုပ်နည်းနဲ့ သွားနေလို့လည်း မဖြစ်ပြန်ဘူး။ အမျိုးသားလုံခြုံရေးအတွက် လုပ်သင့်တာကို ကျွမ်းကျင်သူတွေနဲ့ ပေါင်းပြီး လုပ်သင့်သလို  မတူကွဲပြားမှုတွေကိုလည်း ညင်ညင်သာသာ ကိုင်တွယ်သွားနိုင်ကြမယ်ဆိုရင် "ကမ္ဘာမကြေ မြန်မာပြည်" ဆိုသံတွေ လေအလွှင့်မှာ မြည်ဟိန်းကုန်မှာ ဧကန်မလွဲပါပဲ။   ။
တချို့က ပြောကြတယ်။ ကုလား ကို အာရုံစိုက်နေတုန်း တရုတ်က ခြံနောက်ပေါက်ကနေ ခိုးသွားပြီတဲ့။ တချို့ကလည်း မြေမျိုလို့ လူမျိုးမတုန်း၊ လူမျိုမှ လူမျိုးတုန်း တယ်ပေါ့။ တရားမ၀င်လာရောက်နေထိုင်မှုတွေနဲ့ အစွန်းရောက်မွတ်စလင်တွေဟာ မြန်မာပြည်အတွက် လက်ရှိအနေအထားမှာ အမျိုးသားအကျိုးစီးပွားကို အခြိမ်းခြောက်ဆုံး တဲ့။ တချို့ကလည်း အမျိုးသားရေးလုပ်ငန်းစဉ်တွေမှာ နည်းမမှန်တဲ့ လူတချို့ကို မကျေနပ်တာနဲ့ပဲ အမျိုးသားရေးဝါဒီတွေ အားလုံးကို ပိတ်ပြီး သရော်တာတွေကို တွေ့နေရတယ်။ တချို့ကလည်း မျိုးစောင့်ဥပဒေကို ထောက်ခံသလို တချို့ကလည်း ‘တောင်ပေါ်မှာ ဘုရား၊ တောင်အောက်မှာ ကုလား’ ဆိုပြီး လုပ်နေရင်လည်း အလကားပဲလို့ ပြောကြတယ်။ သဘောထားကွဲ၊ အမြင်ကွဲတာတွေကို လက်ခံနိုင်ပေမယ့် တစ်ဦးနဲ့ တစ်ဦး အသေရေဖျက် စော်ကားတာတို့ အကောင့်အတုတွေနဲ့ ပက်ပက်စက်စက် ဖဲ့နေတာတွေကိုတွေ့ရတော့ စိတ်မကောင်းဖြစ်ရတယ်။ ဘင်္ဂလီတွေကတော့ လက်ခုပ်တီးပြီး အားရပါးရ ရယ်နေလောက်တယ်။
အခု အီဂျစ်မှာ ဖြစ်နေတာတွေကို ကြည့်လိုက်ပါ။ ဒီမိုကရေစီ အသွင်ကူးပြောင်းစမှာ သေလိုက်ကြတဲ့ လူတွေ။ Muslims Brotherhood က တစ်ဘက်၊ ဒီမိုကရေစီ လိုလားသူတွေနဲ့ လူနည်းစုတွေက တစ်ဘက်၊ စစ်တပ်က တစ်ဘက်။ သူတို့ရဲ့ သဘောမတူညီမှုတွေကို ငြိမ်းငြိမ်းချမ်းချမ်း မရှင်းပဲ တခါလာလည်း လူအုပ်ကြီးနဲ့ အင်အားပြ အကြမ်းဖက်တာတို့၊ သဘောမတူမှုတွေကို အေးအေးဆေးဆေးမရှင်းပဲ ဟိုမီးရှို့၊ သည်မီးရှို့၊ ဟိုဖျက်ဆီး၊ သည်ဖျက်ဆီးနဲ့ အဆုံးမှာ နိုင်ငံပဲ နာတယ်။ လူတွေမှာ အလုပ်အကိုင်မရှိ၊ စီးပွားရေးလုပ်ငန်းတွေမှာလည်း ဆိုင်တွေပိတ်နဲ့ အမျိုးသားအကျိုးစီးပွားပဲ နာတယ်။


ဆီးရီးယားကျတော့ ပိုတောင်ဆိုးသေး။ တစ်ဘက်နဲ့ တစ်ဘက် တိုက်နေသတ်နေလိုက်ကြတာ။ ဘယ်ဘက်က အဆိုး၊ ဘယ်ဘက်က အကောင်း ဆိုတာတောင် ပြောလို့မရတော့ဘူး။ နှစ်ဘက်စလုံးကို ဆိုးလွန်းလို့။ ဓာတုပစ္စည်းတွေနဲ့ တိုက်တာတောင် ပါလိုက်သေး။ ဒီနေ့သတင်းမှာဆို ဖတ်လိုက်ရသေးတယ်။ ဂျော်ဒန်ကို ရောက်နေကြတဲ့ ဆီးရီးယားဒုက္ခသည်တွေမှာ တစ်ပူပေါ် နှစ်ပူဆင့်နေကြရတယ်တဲ့။ ဒုက္ခသည်တွေထဲက အရွယ်မရောက်သေးတဲ့ မိန်းကလေးတွေကို အတင်းအဓမ္မ မုဒိန်းကျင့်တာတွေ များနေတယ်တဲ့။ (ဘင်္ဂလီဒုက္ခသည် စခန်းမှာတောင် ဒါမျိုးတခါ ကြားလိုက်သေး။) ၁၃ နှစ်အရွယ်မိန်းကလေးတွေဟာ အလိုမတူပဲ အတင်းလက်ထပ်ခြင်းခံနေကြရတယ်တဲ့။ ကျားကြောက်လို့ ရှင်ကြီးကိုး၊ ရှင်ကြီးကျားထက်ဆိုး ဖြစ်ကုန်ပြီ။ တချို့ကတော့ ‘ကုလားတွေ သေတာ သေပလေ့စေ’ ဆိုပြီး ပြောလိမ့်မယ်။ ဒါပေမယ့် ယူတတ်ရင်တော့ သင်ခန်းစာပါ။ ကိုယ့်အချင်းချင်း တစ်ဘက်နဲ့တစ်ဘက် အပြန်အလှန် တိုက်ခိုက်ပြီး နိုင်ငံနာအောင် မလုပ်မိဖို့တော့ အပြန်အလှန် ဂရုပြုသင့်တယ်။
မြန်မာနိုင်ငံဟာ နိုင်ငံတကာ အသိုင်းအ၀ိုင်းထဲကို ပြန်ပြီး ၀င်ရောက်လာနေပါပြီ။ နိုင်ငံပေါင်းစုံနဲ့ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ ဆက်ဆံနေရအုံးမှာပဲ။ အဓိကက ကိုယ့်အမျိုးသားအကျိုးစီးပွားအတွက်ဆိုရင် တရုတ်ရော၊ အမေရိကန်ရော၊ အိန္ဒိယရော၊ ဘင်္ဂလားဒေ့ရှ်ရော အကုန်လုံးနဲ့ ဆက်ဆံရမှာပဲ။ မွတ်စလင်နိုင်ငံတွေနဲ့လည်း အထိုက်အလျောက် ဆက်ဆံကြရမှာပဲ။ ကလေးကစားသလို ဒီတစ်ယောက်ကို စိတ်ကောက်လို့ လုံးဝမဆက်ဆံတော့ဘူး၊ အမေရိကန်ဆိုရင် အကုန်လုံး လူကောင်း၊ တရုတ်ဆို အကုန်လုံး လူဆိုး စတဲ့ ဘောင်ခတ်သိမ်းကျုံးအမြင်တွေနဲ့ သွားလို့တော့ မရပြန်ဘူး။ သူများလှည့်ကွက်မှာ ခံရနိုင်တယ်။ နိုင်ငံတိုင်း၊ လူမျိုးတိုင်း၊ ဘာသာတိုင်းမှာ လူကောင်း လူဆိုးဆိုတာ ရှိကြတာပဲ။ အဓိက က ကိုယ့်အမျိုးသားအကျိုးစီးပွားအတွက် အကျိုးရှိမယ်ဆိုရင် ရှဥ့်လည်းဆွဲသာ ပျားလည်း လျှောက်သာ ဒီလိုပဲ သွားနေကြရတာပဲ။ စစ်အေးတိုက်ပွဲကာလမှာ အမေရိကန်နဲ့ ရုရှား ဟာ အားပြိုင်ခဲ့ကြတယ်။ အမေရိကန်က ကွန်မြူနစ်မဟုတ်ရင် ပြီးရော ဘယ်သူနဲ့ မဆို ဆက်ဆံခဲ့တယ်။ မြန်မာပြည်က အာဏာရူး ဗိုလ်နေ၀င်းကိုတောင် ဖက်လှဲတကင်း ဆက်ဆံခဲ့သေးတယ်။ တောင်အမေရိကနိုင်ငံတချို့က ဒီမိုကရေစီကျကျ ရွေးချယ်တင်မြှောက်ထားတဲ့ ခေါင်းဆောင်တွေကိုတောင် ဖြုတ်ချခဲ့ပြီး ကွန်မြူနစ်ဆန့်ကျင်တဲ့ အာဏာရှင်တွေနဲ့ အစားထိုးခဲ့တယ်။ သူ့ခေတ်သူ့အခါကတော့ ဟုတ်နေတာပဲ။ အခုမှ လုပ်နည်းလုပ်ဟန်တွေ ပြောင်းကုန်ပြီး အမေရိကန်ကလည်း ဒီမိုကရေစီတရားကို ကောင်းကောင်း လွှင့်နိုင်တာ။
အမေရိကန်ဟာ တရုတ်ကို ထိန်းနိုင်ဖို့ အာရှဘက်ကို ခြေဦးလှည့်နေတယ်။ ဒါပေမယ့် အရင်စစ်အေးတိုက်ပွဲကာလတုန်းကလို ကွန်မြူနစ်မှန်သမျှ ချေမှုန်းကြ ဆိုတဲ့ ဆောင်ပုဒ်နဲ့ မသွားတော့ဘူး။ ခေတ်တွေက ပြောင်းကုန်ပြီ။ တရုတ်မှန်သမျှ ချေမှုန်းလို့ မဖြစ်တော့ဘူး။ Global economy ခေတ်မှာ အမေရိကန် ကုမ္ပဏီတွေ တရုတ်နိုင်ငံမှာ အများကြီး။ နှစ်နိုင်ငံကုန်သွယ်မှုတွေ၊ ကူးလူးဆက်ဆံမှုတွေက များနေတော့ သတိထားကြရတယ်။ ညင်ညင်သာသာ ကိုင်တွယ်ကြရတယ်။ တရုတ်ကလည်း ငါ အင်အားကြီးလာပြီ ဆိုပြီး ပစိဖိတ်သမုဒ္ဒရာမှာ ဖြစ်နေတဲ့ ကျွန်းနယ်မြေ အငြင်းပွားမှုတွေကို ကြမ်းကြမ်းတမ်းတမ်း မကိုင်တွယ်ဘူး။ ညင်ညင်သာသာ ကိုင်တွယ်နေကြတယ်။ ကြမ်းသင့်တဲ့နေရာမှာ ကြမ်းပြီး ထိန်းသင့်တဲ့နေရာမှာ ထိန်းကြတယ်။
ဒီနေ့သတင်းတစ်ပုဒ်အရ အိန္ဒိယတပ်မတော်က ဗိုလ်ချုပ်ကြီး ရှန်ကာ ပရာဆက် (Shankar Prasad) က ဂျမူးနဲ့ကတ်ရှ်မီးယားဒေသတွေမှာ အကြမ်းဖက်မှုတွေဟာ တဖြည်းဖြည်းတိုးပွားလာနေပြီး အမေရိကန်တွေ အာဖကန်နစ္စတန်က ဆုတ်သွားပြီးတာနဲ့ အကြမ်းဖက်မှုတွေ ပိုဆိုးလာမယ်လို့ ယုံကြည်ကြောင်း ပြောကြားသွားပါတယ်။ စက်တာဘာ ၁၁ တိုက်ခိုက်ခံရမှု နောက်ပိုင်းမှာ အမေရိကန်တွေက အာဖကန်နစ္စတန်ကို ၀င်သိမ်းတော့ အိန္ဒိယရဲ့ နယ်မှာ လှုပ်ရှားနေတဲ့ အကြမ်းဖက်သမားတွေဟာ အာဖကန်ကို ရောက်သွားကြပြီး အိန္ဒိယနယ်ထဲမှာ အကြမ်းဖက်မှုတွေဟာ ကျဆင်းသွားခဲ့တာပါ။ အခု အာဖကန်မှာ တိုက်ပွဲတွေ နည်းလာတော့ အိန္ဒိယဘက်မှာ အကြမ်းဖက်မှုတွေက ပြန်နလံထောင်လာခဲ့ပြန်ပါပြီ။
အဲဒီအကြမ်းဖက်မှုတွေကရော မြန်မာနိုင်ငံအပေါ်မှာ မသက်ရောက်နိုင်ဘူးလို့ ပြောနိုင်မလား။ ပါကစ္စတန်က ဘာသာရေးအစွန်းရောက် ခေါင်းဆောင်တွေဟာ မြန်မာနိုင်ငံကို တရားဝင် ဂျီဟတ်ကြွေးကြော်ထားသူတွေပါ။ တဖက်မှာလည်း မြန်မာပြည်ထဲက မူဂျာဟစ်တွေဟာ အာဖကန်ကို ဆိုဗီယက် ၀င်သိမ်းတုန်းကလည်း သွားရောက်တိုက်ခိုက်ဖူးတယ်ဆိုတဲ့ သတင်းအထောက်အထားတွေကလည်း ရှိနေပါတယ်။ အင်ဒိုအစွန်းရောက်တွေကလည်း ၀င်ဖို့ ကြွေးကြော်ထားကြတယ်။ အမေရိကန်တွေ အာဖကန်က ထွက်တာနဲ့ အစွန်းရောက်တွေဟာ မြန်မာဘက်ကို အာရုံပိုမစိုက်လာဘူးလို့ ဘယ်သူက တထစ်ချ ပြောနိုင်မလဲ။ အစိုးရအနေနဲ့ ဘယ်လောက်ထိ လေးလေးနက်နက်ပြင်ဆင်မှုတွေ လုပ်ထားသလဲ။ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲမှာ တစ်နေ့ထက်တစ်နေ့ အင်အားတောင့်တင်းလာနေတဲ့ ရိုဟင်ဂျာအမည်ခံ ဘင်္ဂလီလက်နက်ကိုင်တွေကို ရော ဘယ်လိုကိုင်တွယ်သွားမှာလဲ။
မြန်မာပြည်ဟာ ဓါးတောင်တွေနဲ့ မီးပင်လယ်ကြီး ကာရံခံထားရတယ်။ စိန်ခေါ်မှုတွေအများကြီးနဲ့ ရင်ဆိုင်နေကြရတယ်။ ဒီလိုအချိန်မျိုးမှာ သူငယ်တန်းအဆင့် နိုင်ငံရေးကစားကွက်တွေနဲ့ သွားကြရင် တိုင်းပြည်ငါးပါးမှောက်မယ်။ တရုတ်ကိုလည်း စိုးရိမ်ရသလို၊ ဘင်္ဂလီတွေ၊ အစွန်းရောက်တွေကိုလည်း စိုးရိမ်နေရတယ်။ အမျိုးသားအကျိုးစီးပွားအလုပ် လုပ်ကိုင်ကြရာဝယ် အချင်းချင်းဖဲ့နေရုံနဲ့ တိုင်းပြည်တိုးတက်လာမှာ မဟုတ်သလို ‘၀ုန်းဒိုင်းချဟ’ ဆိုတဲ့ လုပ်ထုံးလုပ်နည်းနဲ့ သွားနေလို့လည်း မဖြစ်ပြန်ဘူး။ အမျိုးသားလုံခြုံရေးအတွက် လုပ်သင့်တာကို ကျွမ်းကျင်သူတွေနဲ့ ပေါင်းပြီး လုပ်သင့်သလို မတူကွဲပြားမှုတွေကိုလည်း ညင်ညင်သာသာ ကိုင်တွယ်သွားနိုင်ကြမယ်ဆိုရင် "ကမ္ဘာမကြေ မြန်မာပြည်" ဆိုသံတွေ လေအလွှင့်မှာ မြည်ဟိန်းကုန်မှာ ဧကန်မလွဲပါပဲ။ ။
(သတင်းအရင်းအမြစ်- https://www.facebook.com/kyawhtooaung)

No comments: