Wednesday, August 14, 2013

ကင်တာနာ ဘူးသီးတောင် ခရီးစဉ်

 8.1.1
မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအစီရင်ခံစာတင်သွင်းသူ မစ္စတာသောမတ် ကင်တာနာသည်၊ (၁၂-၈-၂၀၁၃)နေ့ နံနက်က မြန်မာ့လေကြောင်းခရီးစဉ်ဖြင့်၊ စစ်တွေမြို့ သို့ရောက်ရှိခဲ့ပါသည်။

နယ်/လုံဝန်ကြီးဗိုလ်မှုးကြီးထိန်လင်းနှင့်ပြည်နယ်ဥပဒေချုပ်ဦးလှသိန်းတို့ကကြိုဆိုခဲ့ကြသည်။ စစ်တွေလေဆိပ်မှ အထွက်တွင် ကင်တာနာအားဆန္ဒပြသူများရှိပြီး၊ စစ်တွေဘုတ်ဆိပ်တွင်လည်း၊ ဆန္ဒပြသူများရှိပါသည်။

ဘုတ်ဆိပ်တွင် ဒေါ်မညိုအေး(ဆန္ဒပြအဖွဲ့)နှင့် တွေ့ဆုံစကားပြောပါသည်။
ပဲချိတ်အမြန်(၂)စီးဖြင့် နံနက်(၉:၄၅)တွင် ဘူးသီးတောင်သို့ ထွက်ခွါခဲ့ရာ(၁:၃၀)နာရီး ဘူးသီးတောင်ဆိပ်ကမ်းသို့ရောက်ရှိသည်။

ဆိပ်ကမ်းတွင် ဆန္ဒပြသူများတွေ့ရပါသည်။

ဘူးသီးထောင် အကျည်ထောင်တွင်၊ တိုင်းရင်းသားနေအိမ်များကို မီးရှို့မှုဖြင့် စစ်ဆေးနေသော ဘင်္ဂလီတရားခံများထဲမှ (၄)ဦးကိုတွေ့ရှိပါသည်။

ယင်းနောက်ထောင်ကျတရားခံ ရခိုင်အမျိုးသားတစ်ဦး၊ ဘင်္ဂလီ(၁)ဦး၊ ရခိုင်အမျိုးသမီး(၁) ဦးတို့ကိုသီးသန့်တွေ့ဆုံခဲ့ပါသည်။

ညနေ(၄)နာရီ အကျည်းထောင်မှထွက်ခွါခဲ့ရာ၊ အကျည်းထောင်လမ်းထိပ်၌ ဆန္ဒပြသူများ တွေ့ရပါသည်။ ဆန္ဒပြသူများက ကင်တားနားအလိုမရှိ၊ ထွက်သွားဟု ပေါ်စတာများကိုင်ထားကြသည်ကို တွေ့ရပါသည်။

ကင်တားနားသည် ရခိုင်ပြည်နယ်သို့လာတိုင်း၊ ရခိုင်လူထု၏သဘောထားကို သိရှိလိုစိတ်မရှိဘဲ တစ်ဖက်သတ်တွေ့လိုကသူများကိုသာ တွေ့သဖြင့် ၎င်း၏အစီရင်ခံစာကောက်ချက်များ မှန်ကန်မှု မရှိနိုင်ကြောင်း၊ စိုးရိမ်ကြောင်းပြောဆိုကြပါသည်။

ရင်းမြစ် - အစိုးရအဖွဲ့နှင့် နီးစပ်သည့် သာစွဌာနေ ရခိုင်ပြေ Facebook
(ဤသတင်းအား Rakhine Citizen Journalist ၏ Facebook စာမျက်နှာမှ ကူးယူဖော်ပြပါသည်)

No comments: