Sunday, August 18, 2013

လောကာနန္ဒဘုရားအနီးရှိ ရေမြောင်းအတွင်းရေကစားရာမှ ကိုးတန်းကျောင်းသားတစ်ဦးသေဆုံး

လောကာနန္ဒာ ဘုရားအနီးရှိ ရေမြောင်းအတွင်း ရေဆင်းကားစားရာမှာ ကိုးတန်းကျောင်းသားတစ်ဦးသေ ဆုံးမှု ယနေ့ နံနက် ၁၁ နာရီခန့်ကဖြစ်ပွားခဲ့ကြောင်းသိရသည်။
အဆိုပါ ကလေးနှင့်အတူ အခြားကလေးများလည်းပါဝင်ပြီး အမှတ်မထင်ရေမြုပ်သေဆုံးခြင်းဖြစ်သည်ဟု လည်း အတူရှိနေသော ကလေးတစ်ဦးက ပြောပါသည်။
ယခုသေဆုံးနေသော နေရာတွင် ယခင်ကလည်းထိုသို့သေဆုံးမှုများရှိခဲ့ကြောင်းသိရသည်။ ယင်းအတွက်ထိုနေရာတွင် ရေကစားခြင်းအား ပိတ်ပင်တားဆီးသင့်ကြောင်းလည်း ဒေသခံများက ပြောပါသည်။ လောကာနန္ဒာဘုရားအနီးရှိကန်မှ ဆင်းလာသော ရေမြောင်းသည် မိုးရွာချိန်တွင်ရေစီးသန်လေ့ရှိကြောင်းနှင့် ကလေးများဆင်းမကစားသင့်ကြောင်းလည်း သိရှိရပါသည်။
(ဤသတင်းအား RSV မှ ကူးယူဖော်ပြပါသည်)

No comments: