Monday, September 9, 2013

စစ်တွေ ဦးဥတ္တမရုပ်ထုရှိရာသို့ ချီတက် လွမ်းသူပန်းခွေချသူ များပြား

http://www.narinjara.com/burmese/wp-content/uploads/2013/09/IMG_20130909_092302.jpg
 
ယနေ့သည် (၇၄) နှစ်မြောက် မြန်မာ့ လွတ်လပ်ရေး မီးရှု့တန်ဆောင် ဆရာတော် အရှင် ဦးဥတ္တမနေ့ ဖြစ်သဖြင့် နံနက်ကတည်းက စစ်တွေမြို့ ဦးဥတ္တမ ပန်းခြံရှိ ဆရာတော် ဦးဥတ္တမ ရုပ်ထုရှေ့တွင် လာရောက် ဂါရ၀ပြု ပန်းခွေချသူများဖြင့် အထူးစည်ကားနေပြီ ဖြစ်ကြောင်း သတင်း ရရှိသည်။

ရဟန်းတော် အဖွဲ့အစည်းများ၊ လူမူ အဖွဲ့အစည်းများ၊ အမျိုးသမီး အဖွဲ့များ၊ ကျောင်းသား အဖွဲ့အစည်းများမှ တစ်ဖွဲ့ပြီး တစ်ဖွဲ့ ဆိုင်းဘုတ်များ၊ ပိုစတာများ၊ လွှမ်းသူ့ ပန်းခွေများ ကိုင်ဆောင်ကာ ဆရာတော် ဦးဥတ္တမ ရုပ်ထု ရှေ့သို့ ချီတက်လာကြပြီး ဂါရ၀ပြု ပန်းခွေများချနေကြကြောင်း စစ်တွေရှိ နိရဉ္စရာ သတင်းထောက် မှ သတင်းပေးပို့သည်။
IMG_20130909_093807


အာဏာပိုင်များက တစ်စုံတစ်ရာ နှောင့်ယှက်ဟန့်တားမူ မရှိကြောင်း၊ ပြည်သူလူထု တစ်ရပ်လုံးက ကိုယ့်အသိစိတ်ဖြင့် ကိုယ် စုရုံး လာရောက်ပြီး ဆရာတော်အား လေးစားကြည်ညိုသည့်အားဖြင့် ပန်းခွေချ ဂါရ၀ပြုနေကြခြင်း ဖြစ်ကြောင်း၊ မြင်ရသည့် မြင်ကွင်းမှာ အထူး စိတ်လူုပ်ရှားဖွယ်ကောင်းကြောင်း နိရဉ္စရာ သတင်းထောက်က ဆိုသည်။

ယခုအချိန်ထိ တစ်ဖွဲ့ပြီး တစ်ဖွဲ့ ဆရာတော် ရုပ်ထု ရှိရာသို့ ချီတက်လာနေကြကြောင်း ယနေ့ ညနေပိုင်းထိ ဂါရ၀ပြုသူများဖြင့် စည်ကားနေမည် ဖြစ်ကြောင်း သိရသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

No comments: