Monday, September 9, 2013

သျှင်ဥတ္တမနေ့တွင် ရုံးများ၊ကျောင်းများပိတ်သင့်ကြောင့် ရွှေစေတီဆရာတော် မိန့်ကြား

ဆရာတော်သျှင်ဥတ္တမနေ့တွင် ရုံးများ၊ကျောင်းများပိတ်သင့်ကြောင့်ရွှေစေတီဆရာတော် မိန့်ကြားလိုက်သည်။
ယင်းနှင့်ပတ်သက်ပြီးဆရာတော်က "ရုံးတွေ၊ စာသင်ကျောင်းတွေ ပိတ် သင့် တယ်။ ဒီလိုနေ့မျိုးမှာ လုပ်သင့်တဲ့အလုပ်ပါ။ အခုက ဘာကြောင့် မလုပ် တာလဲဆိုတာ မသိဘူး။ မသိလို့မလုပ်တာလား။ သိလျက်နဲ့မလုပ် တာလား။ ကိုယ်တော်ကတော့ ခွဲခြားဆက်ဆံနေတယ်လို့မြင်တယ်။ တခြား နေ့တွေမှာ စာသင်ကျောင်းတွေပိတ်တယ်။ ဆရာတော်နေ့ကျတော့ မပိတ်ဘူး။ ပိတ်ဖို့လိုအပ်တယ်လို့ ယူဆပါတယ်"ဟုမီဒီယာများသို့ မိန့်ကြား ခဲ့ပါသည်။
ယနေ့ကျရောက်သော သျှင်ဥတ္တမနေ့တွင် ရုံးများ၊ကျောင်းများပိတ် ထားခြင်းမရှိသည့်အတွက် ကျောင်းသား တစ်ချို့လည်း မကျေမနပ်ဖြစ်နေကြကြောင်း၊ တောင်းဆို ဆန္ဒဖော်ထုတ်သင့်ကြောင်း လည်း တက္ကသိုလ်ကျောင်းသားများက ပြောသည်။
သို့သော်လည်း အစိုးရအဖွဲ့မှ အတင်လွဲမှားနေမည်ကို စိုးရိမ်သဖြင့် မပြု လုပ်တော့ကြောင်းလည်းဆိုသည်။ ယခုကဲ့သို့ ထင်ရှားကျော်ကြားသော ဆရာတော်တစ်ပါး၏နေ့တွင် ကျောင်းများပိတ်ထားခြင်းဖြင့် ကလေးငယ် များ ဆရာတော်၏ ကျေးဇူးကို အထူးသိတတ်လာမည်ဖြစ်ကြောင်းနှင့် ဆရာ တော်အကြောင်းကို ပိုမိုစိတ်ဝင်စားလာမည်ဖြစ်ကြောင်း လည်း ပြောဆိုကြပါသည်။
(ဤသတင်းကို RSV မှ ကူးယူဖော်ပြပါသည်)

No comments: