Friday, October 11, 2013

ရခိုင်အမျိုးသား ချန်ပီယံလိဂ်ပြိုင်ပွဲ အောက်တိုဘာ ၂ဝတွင် စတင်ကျင်းပမည်

ရခိုင် အမျိုးသားကွန်ရက်အဖွဲ့အစည်း မှ ပထမဆုံးအကြိမ်အဖြစ် ရခိုင် အမျိုးသား ချန်ပီယံလိဂ်ဘော လုံးပြိုင်ပွဲများကို အောက်တို ဘာ ၂ဝရက်တွင်စတင် ကျင်းပ သွားမည်ဖြစ်ကြောင်းသိရသည်။ယင်းပြိုင်ပွဲများကိုအောင် ဆန်းအားကစားကွင်းနှင့် ပဒုမ္မာ အားကစားကွင်းများတွင် ကျင်း ပသွားမည်ဖြစ်ပြီး ရန်ကုန်တွင် ရောက်ရှိနေသော ရခိုင်လူမှုအ ဖွဲ့အစည်းမှ အသင်း ၁ဝသင်းဝင် ရောက်ယှဉ်ပြိုင်ကစားမည်ဖြစ် သည်။

အဖွင့်ပွဲစဉ်အဖြစ် အောင် ဆန်းအားကစားကွင်းတွင် နိုင်ငံရေး အကျဉ်းသားဟောင်းများနှင့် ရုပ် ရှင်အစည်းအရုံးတို့မှ သရုပ်ပြ ယှဉ်ပြိုင်သွားမည်ဖြစ်သည်။
ရခိုင်အမျိုးသားကွန်ရက် ဥက္ကဋ္ဌဦးတင့်ထူးအောင်က ''ပြိုင် ပွဲကျင်းပရခြင်းရဲ့ရည်ရွယ်ချက်ကရခိုင်အမျိုးသားဘောလုံးအား ကစားဖွံ့ဖြိုးတိုးတက်ရန်အတွက် ပါ။ ရန်ကုန်ရောက်ရှိနေတဲ့ရခိုင် လူမျိုးတွေယှဉ်ပြိုင်ကစားမှာပါ။ အသင်း ၁ဝသင်းနဲ့ ဖွဲ့စည်းထား တယ်။ နိုင်ငံရေးအကျဉ်းသား ဟောင်းများနဲ့ ရုပ်ရှင်အစည်းအရုံး က ဖွင့်ပွဲမှာပါဝင်ကူညီပေးထား ပါတယ်''ဟုပြောသည်။

ယင်းပြိုင်ပွဲတွင် ပထမဆုကျပ် ၁ဝသိန်း၊ ဒုတိယဆု ကျပ်၅သိန်း နှင့်အခြားဆုများအပြင် ပွဲစဉ်အ လိုက် အကောင်းဆုံးဆုများနှင့် အသန့်ရှင်းဆုံးဆုများလည်းချီး မြှင့်ပေးသွားမည်ဖြစ်သည်။
Yangon Media Group
(ဤသတင်းအား Share Arakan News Facebook မှ ကူးယူဖော်ပြပါသည်)

No comments: