Tuesday, October 15, 2013

ရခိုင်လူထုနဲ့ အစိုးရကြားသွေးထို့ လုံဆော်မူသက်သက်ဖြစ်သည်

Photo: ရခိုင်လူထုနဲ့ အစိုးရကြားသွေးထို့ လုံဆော်မူသက်သက်ဖြစ်သည်

ရန်ကုန်မြို့ တွင်းဖြစ်ပေါ်နေသည့် ဗုံးပေါက်ကွဲမူဖြစ်စဉ်များသည်
ရခိုင့်တပ်မတော်ALP နှင့် သက်ဆိုင်သည်ဆိုသည့် သတင်းများမှန်ကန်မူမရှိဟု ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးဦးဇော်အေးမောင်ပြောဆို

ရန်ကုန်မြိုတွင်းဖြစ်ပွားခဲ့သည့် ဗုံးပေါက်ကွဲမူဖြစ်စဉ်များသည် ပါတီဝင်များအား
လွတ်ပေးခြင်းမရှိသောကြောင့် ဦးအေးမောင် ကျောထောက်နောက်ခံပြု ထားသည့် ရက္ခိုင့်တပ်မတော် ALP မှ လက်နက်ကိုင်များက ရာဇသံပေးထားသည့် 
အတိုင်း ရန်ကုန်မြို့ တွင် လက်တုန့် ပြန် ဗုံးခွဲမှုများဆက်တိုက်ပြုလုပ်ရခြင်းဖြစ်ကြောင်း အင်တာနက်စာ မျက်နှာများတွင် ပြန်နှံလျှက်ရှိသည့် သတင်းများမှန်ကန်မူ မရှိကြောင်း
ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်က အောက်တိုဘာ ၁၄ရက်နေ့  ရခိုင်ဓမာရုံတွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင်ပြောကြားခဲ့သည်။

ဒီကိစ္စတွေလုံးဝ မှန်ကန်မူမရှိပါဘူး။ ရခိုင့်တပ်မတော်ဆိုတာ အစိုးရနဲ့ ငြိမ်းချမ်းရေ့း ဆောင်ရွက်နေတဲ့အဖွဲ့ အစည်းတစ်ခုဖြစ်တယ်။ ဒီလိုသတင်းမျိုးတွေဟာ ရခိုင်လူထုနဲ့ အစိုးရကြားမှာသွေးထို့း လုံဆော်မူသက်သက်ဖြစ်တယ်။ ပြီးခဲ့တဲ့ရက်ပိုင်းကလဲ ရန်ကုန်မှာ ရခိုင်လူမျိုးတွေဆန္ဒပြမယ်ဆိုပြီး သတင်းတွေထွက်ခဲ့သေးတယ်။ ဒါတွေလုံးဝမဟုတ်ပါဘူးဟု ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်ကဆိုသည်။

ထို့ ပြင်ရခိုင်ပြည်နယ်သံတွဲမြိုနယ် ပဋိပက္ခအတွင်းဖမ်းဆီးခံထားရသည့် အရပ်ဖက်အဖွဲ့ စည်းမှ ရခိုင်လူမျိုးများနှင့် ပတ်သတ်၍ သက်ဆိုက်ရာလွတ်တော်ကိုယ်စားလှယ်၊ပြည်ထောင်စုလွတ်တော်နှင့် နိုင်ငံတော်သမ္မတို့ ထံတင်ပြသွားမည်ဖြစ်ကြောင်း သိရသည်။

ပန်မိုးဝါ(ရိုးရာလေး)
ရန်ကုန်မြို့ တွင်းဖြစ်ပေါ်နေသည့် ဗုံးပေါက်ကွဲမူဖြစ်စဉ်များသည်
ရခိုင့်တပ်မတော်ALP နှင့်သက်ဆိုင်သည်ဆိုသည့်သတင်းများမှန်ကန်မူမရှိဟုရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးဦးဇော်အေးမောင်ပြောဆို

No comments: